Connect with us

Europe

ခရီးသွားဧည့်သည်များ အလွန်အကြူးလာရောက်လည်ပတ်မှုကို “လျှော့ချရန်” အီတလီနိုင်ငံရှိ Pompeii ရှေးဟောင်းမြို့တွင် ခရီးသွားအရေအတွက်ကို ကန့်သတ်ရေး စီစဉ်

အီတလီနိုင်ငံ Pompeii ရှေးဟောင်းမြို့ သို့ လာရောက်ကြည့်ရှုနေကြသော ခရီးသွားဧည့်သည်များကို ၂၀၂၁ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အဆိုပါ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာဖြစ်သည့် အီတလီနိုင်ငံ Pompeii ရှေးဟောင်းမြို့ဥယျာဉ်ကို ကာကွယ်ထိန်းသိန်းရေးအတွက် နေ့စဉ်လာရောက်လည်ပတ်သည့် ခရီးသွားဦးရေကို အများဆုံး ၂၀,၀၀၀ အဖြစ် ကန့်သတ်ရန် စီစဉ်ထားကြောင်း ယင်းရှေးဟောင်းမြို့ဥယျာဉ်က နိုဝင်ဘာ ၈ ရက်က ပြောကြားခဲ့သည်။
စည်းကမ်းချက်သစ်များကို နိုဝင်ဘာ ၁၅ ရက်မှ စတင်လုပ်ဆောင်မည်ဖြစ်ရာ ယင်းအချိန်တွင် ဥယျာဉ်သည် တစ်ရက်လျှင် အများဆုံး လက်မှတ် ၂၀,၀၀၀ အထိ ရောင်းချရမည်ဖြစ်ပြီး လက်မှတ်ဝယ်ယူသည့်အခါ ခရီးသွားဧည့်သည်များ၏ အမည်အပြည့်အစုံကို ဖော်ပြရန် လိုအပ်မည်ဖြစ်ကြောင်း Pompeii ရှေးဟောင်းမြို့ဥယျာဉ်၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
Pompeii ရှေးဟောင်းမြို့ဥယျာဉ်သည် ယခုနှစ်နွေရာသီတွင် လာရောက်လည်ပတ်သူ ၄ သန်း စံချိန်တင်ရှိခဲ့ကြောင်း မီဒီယာအများအပြား၏ ဖော်ပြချက်အရ သိရသည်။ စည်းကမ်းချက်အသစ်များသည် “ဖြည်းဖြည်းနှင့် ရေရှည်တည်တံ့သော ပျော်ရွှင်ဖွယ်” ခရီးသွားအတွေ့အကြုံကို ပေးဆောင်သည့် တစ်ချိန်တည်းမှာပင် ဒေသခံပြည်သူများအပေါ် သက်ရောက်မှုကို လျှော့ချရန်နှင့် ဤထူးခြားပြီး ထိလွယ်ရှလွယ်သော ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ရန် ရည်ရွယ်ထားကြောင်း အဆိုပါဥယျာဉ် တာဝန်ခံ Gabriel Zuchtriegel က ပြောကြားခဲ့သည်။
ယင်းမတိုင်မီ အီတလီနိုင်ငံ၏ ရေမြို့တော်ဖြစ်သော ဗင်းနစ်တွင် ယခုနှစ်ဧပြီ ၂၅ ရက်မှ ဇူလိုင် ၁၄ ရက်အထိ အထူးသတ်မှတ်ထားသော ခရီးသွားအထွတ်အထိပ်ကာလ ၂၉ ရက်အတွင်း နေ့ချင်းပြန် ခရီးသွားဧည့်သည်များအား မြို့ဝင်ကြေး ၅ ယူရို ကောက်ခံရန် စီမံချက်များချမှတ်ခဲ့သည်။
အေဒီ ၇၉ တွင် Vesuvius မီးတောင် ပေါက်ကွဲပြီးနောက် တောင်ခြေရင်းရှိ ရှေးရောမမြို့ဖြစ်သော Pompeii သည် မီးတောင်ပြာများအောက်တွင် နစ်မြုပ်သွားခဲ့သည်။ ဤရှေးဟောင်းမြို့သည် လက်ရှိ အီတလီနိုင်ငံတွင် ထိန်းသိမ်းထားမှု အပြည့်စုံဆုံး ရှေးရောမမြို့ဟောင်းဖြစ်ရာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းထားပေသည်။ (Xinhua)
……………………………………
(Chinese Version)
为旅游过热“降温” 意大利庞贝古城拟对游客人数设限
新华社北京11月10日电 意大利庞贝古城公园8日说,计划将每日最大游客数量限制在两万人,以保护这处世界文化遗产。
庞贝古城公园在一份声明中说,新规将于11月15日起实施,届时公园每日将最多销售两万张门票,游客购票时需提供全名。
据多家媒体报道,庞贝古城公园今夏接待游客数量达到创纪录的400万人次。园方负责人加布里尔·楚赫特里格尔说,新规意在提供“慢节奏、可持续和愉悦的”旅游体验,同时减少对当地居民的影响,并保护这处独特而脆弱的世界文化遗产。
此前,意大利水城威尼斯曾采取举措,从今年4月25日至7月14日,在29个旅游高峰日的特定时段对一日游游客收取5欧元入城费。
维苏威火山于公元79年爆发后,位于山脚下的古罗马城市庞贝被掩埋在火山灰下。这座古城是意大利目前保存最为完整的古罗马城市遗址,已被列入世界文化遗产名录。(胡浩东)
图说:2021年4月27日,游客在意大利庞贝古城参观。新华社发