Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထွန်ထန်ရှင်နာဝပ်ထရာ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လီမာမြို့၌ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်စဉ်ကာလ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထွန်ထန်ရှင်နာဝပ်ထရာနှင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

လီမာ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လီမာမြို့၌ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်စဉ်ကာလ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထွန်ထန်ရှင်နာဝပ်ထရာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာ ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ရင်းနှီးဖော်ရွေသော အိမ်နီးချင်းများဖြစ်ရာ “တရုတ်-ထိုင်း မိသားစုသဖွယ် ချစ်ကြည်ရင်းနှီးမှု” သည် အချိန်နှင့်အမျှ ပိုမိုသစ်လွင်ခိုင်မာလာကြောင်း ထောက်ပြခဲ့သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် မိမိထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်စဉ်က ထိုင်းနိုင်ငံ ခေါင်းဆောင်နှင့်အတူ တရုတ်-ထိုင်း အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အရေးကြီးသော ဘုံသဘောတူညီချက်များ ရရှိခဲ့ပြီး ထိုခရီးစဉ်၏ ရလဒ်များ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့မြင်ရသည့်အတွက် လွန်စွာ ဝမ်းမြောက်မိပါကြောင်း၊ နှစ်နိုင်ငံ ကဏ္ဍအသီးသီးတွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိခဲ့ပြီး နှစ်နိုင်ငံပြည်သူများအတွက် မြင်သာထင်သာသော အကျိုးစီးပွားများ သယ်ဆောင်လာခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
လာမည့်နှစ်တွင် တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် နှစ်ပတ်လည်နှင့် “တရုတ်-ထိုင်း ချစ်ကြည်ရေး ရွှေရောင် နှစ် ၅၀ ပြည့်” အခါသမယ ကျရောက်မည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။ တရုတ်နိုင်ငံသည် တရုတ်-ထိုင်း အစဉ်အလာ ချစ်ကြည်ရင်းနှီးမှု ရှေ့ဆက်တိုးတက်အောင် ဆောင်ရွက်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာများ ချိတ်ဆက်မှု ခိုင်မာအားကောင်းစေရန်၊ နိုင်ငံ့ရေးရာ စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံများကို နက်နက်ရှိုင်းရှိုင်းဖလှယ်ရန်၊ ကဏ္ဍအသီးသီးတွင် အပြန်အလှန် အကျိုးပြုသည့် ပူးပေါင်းဆောင်ရွက်မှုများ စုစည်း မြှင့်တင်ရန်၊ မိမိနိုင်ငံ ကိုယ်စီ ခေတ်မီအသွင်ပြောင်းတည်ဆောက်ရေးကို ကူညီအားပေးရန်၊ တရုတ်-ထိုင်း အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်ရာတွင် ပိုမိုကြီးမားသော တိုးတက်မှု ရရှိရေးကို မြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံနှင့်အတူ ဆောင်ရွက်လိုကြောင်း ၎င်းက ထောက်ပြခဲ့သည်။တရုတ်-ထိုင်း ချစ်ကြည်ရေးကို ပြည်သူများ၏ နှလုံးသားထဲတွင် ပိုမို နက်ရှိုင်းစွာ အမြစ်တွယ်ပြီး မျိုးဆက် အဆင့်ဆင့် လက်ဆင့်ကမ်းသွားနိုင်စေရန် နှစ်ဖက်စလုံးအနေဖြင့် တရုတ်-ထိုင်း ရထားလမ်း ဆောက်လုပ်ရေးကို အရှိန်မြှင့်ရန်၊ စွမ်းအင်သစ်၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တု (AI) စသည့် ထွန်းသစ်စ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန်၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူငယ်စသည့် လူမှုယဉ်ကျေးမှု ကဏ္ဍများတွင် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန်၊ ထိုင်းနိုင်ငံသို့သွားရောက်၍ ဗုဒ္ဓစွယ်တော် ဌာပနာခြင်းစသည့် အခမ်းအနားများကို ကောင်းစွာကျင်းပရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် အတူ လန်ချန်း-မဲခေါင်၊ အာဆီယံ၊ BRICS နှင့် APEC စသည့် နိုင်ငံပေါင်းစုံ ယန္တရားများတွင် ညှိနှိုင်းဆွေးနွေးမှုကို အားဖြည့်ဆောင်ရွက်ပြီး အာဆီယံနှင့် ဒေသတွင်း နိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းကာကွယ်ကာ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေးအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်သွားလိုကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထွန်ထန်က လက်ရှိ ကမ္ဘာကြီးနှင့် ဒေသများတွင် ဝရုန်းသုန်းကားအခြေအနေများ ဖြစ်ပွားလျက်ရှိသည်ဟု ဆိုခဲ့သည်။ တရုတ်နိုင်ငံမှ အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်များသည် မဟာဗျူဟာမြောက် အမြော်အမြင်ရှိပြီး နိုင်ငံတကာ အသိုက်အဝန်းအား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် တွန်းအားပေးရာတွင် အထောက်အကူပြုကြောင်း၊ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းဖြစ်ပြီး ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစသည့် ကဏ္ဍများတွင် ရရှိသည့် ကြီးမားသော အောင်မြင်မှုများကို လေးစားအသိအမှတ်ပြုပါကြောင်း၊ လာမည့်နှစ်တွင် ထိုင်း-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် နှစ်ပတ်လည် “တရုတ်-ထိုင်း ချစ်ကြည်ရေး ရွှေရောင် နှစ် ၅၀ ပြည့်” အထိမ်းအမှတ် ဂုဏ်ပြုခြင်းကို အခွင့်အရေးအဖြစ် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့် ကူးလူးဖလှယ်မှုများကို အားဖြည့်ဆောင်ရွက်ကာ ထိုင်း-တရုတ် ဆက်ဆံရေး ပိုမိုကောင်းမွန်သော နောက်ထပ် နှစ် ၅၀ကို ပူးတွဲဖန်တီးရန် မျှော်လင့်ကြောင်း၊ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ အောင်မြင်သော ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများကို လေ့လာသင်ယူကာ ထိုင်း-တရုတ် ရထားလမ်းစသည့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက် တွန်းအားပေးဆောင်ရွက်ရန်၊ လူမှုယဉ်ကျေးမှု နီးကပ်စွာ ဖလှယ်ကြကာ အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို ပိုမိုနက်ရှိုင်းစေရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ APEC စသည့် နိုင်ငံပေါင်းစုံ မူဘောင်များအတွင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အားကောင်းခိုင်မာစေရန်၊ လွတ်လပ်သော ကုန်သွယ်မှုစနစ်ကို အတူတကွ ထိန်းသိမ်းကာကွယ်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ချိုက်ချီ၊ ဝမ်ရိ စသည်တို့ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လီမာမြို့၌ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်စဉ်ကာလ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထွန်ထန်ရှင်နာဝပ်ထရာနှင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

…………………………………..
(Chinese Version)
习近平会见泰国总理佩通坦
新华社利马11月15日电(记者杨依军 王钟毅)当地时间11月15日上午,国家主席习近平在利马出席亚太经合组织领导人非正式会议期间会见泰国总理佩通坦。
习近平指出,中国和泰国是亲密友好邻邦,“中泰一家亲”历久弥新。2022年11月我访问泰国时,同泰国领导人就构建中泰命运共同体达成重要共识,很高兴看到访问成果得到有效落实,双方各领域合作取得积极进展,给两国人民带来了实实在在的利益。
习近平指出,明年两国将迎来中泰建交50周年暨“中泰友谊金色50年”。中方愿同泰方弘扬中泰传统友好,加强发展战略对接,深化治国理政经验交流,统筹推进各领域互利合作,助力各自国家现代化建设,推动中泰命运共同体建设取得更大进展。双方要加快中泰铁路建设,拓展新能源、数字经济、人工智能等新兴领域合作,加强文化、教育、青年等人文领域交流合作,办好佛牙舍利赴泰供奉等活动,让中泰友好更加深入人心、世代相传。中方愿同泰方加强在澜湄、东盟、金砖、亚太经合组织等多边机制的协调沟通,维护东盟和地区国家团结合作,为地区和平、稳定、发展、繁荣作出积极贡献。
佩通坦表示,当前世界和地区乱象纷呈。中方提出的系列全球倡议极具战略前瞻性,有利于推动国际社会加强团结与合作。中国是泰国的好朋友、好伙伴,泰方钦佩中国在脱贫等领域取得的巨大成就,期待以庆祝明年泰中建交50周年暨“泰中友谊金色50年”为契机,同中方加强高层往来,共同绘就泰中关系更加美好的下一个50年。泰方希望学习借鉴中方成功发展经验,持续推进泰中铁路等共建“一带一路”合作,密切人文交流,深化传统友谊。愿同中方在亚太经合组织等多边框架内加强协作,共同维护自由贸易体系。
蔡奇、王毅等参加会见。(完)
图说:当地时间11月15日上午,国家主席习近平在利马出席亚太经合组织领导人非正式会议期间会见泰国总理佩通坦。新华社记者 姚大伟 摄