Connect with us

China

တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ ဘုံဖွံ့ဖြိုးတိုးတက်မှုရှိသည့် တရားမျှတသော ကမ္ဘာကြီး တည်ဆောက်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြား

ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းအား ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားရန် အစဉ်အမြဲ ကြိုးပမ်းတွန်းအားပေးဆောင်ရွက်လျက်ရှိရာ ဘက်ပေါင်းစုံနှင့်အတူ ဘုံဖွံ့ဖြိုးတိုးတက်မှုရှိသည့် တရားမျှတသော ကမ္ဘာကြီးတည်ဆောက်ရန်၊ ဆင်းရဲနွမ်းပါးမှုကို အတိတ်တွင်သာ ကျန်ရစ်စေရန်၊ သာယာလှပသော စိတ်ကူးများ အမှန်တကယ်ဖြစ်လာစေရန် ပူးပေါင်းဆောင်ရွက်လိုကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ၁၉ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပခဲ့ကြောင်း၊ အဆိုပါထိပ်သီးအစည်းအဝေး၏ အဓိကအကြောင်းအရာသည် “တရားမျှတသော ကမ္ဘာကြီးနှင့် ရေရှည်တည်တံ့သော ဂြိုဟ်တစ်ခု တည်ဆောက်ခြင်း” ဖြစ်ပြီး ပထမအဆင့် ဆွေးနွေးသည့် အကြောင်းအရာမှာ “ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး” ဖြစ်ရာ “ဖွံ့ဖြိုးတိုးတက်မှု”သည် ယခုအကြိမ်ထိပ်သီးအစည်းအဝေး၏ အဓိက အာရုံစိုက်ကြသော အချက်ဖြစ်သည်ကို မိမိအနေဖြင့် သတိထားမိကြောင်း၊ ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပြဿနာများကို ဖြေရှင်းရန် မည်သည့် အတွေးအခေါ်သစ်များနှင့် အဆိုပြုချက်အသစ်များကို ဆောင်ကြဉ်းပေးမည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မျှော်လင့်နေကြကြောင်း၊ ပြောရေးဆိုခွင့်ရှိသူ အနေဖြင့် ယင်းနှင့် ပတ်သက်သည့် အခြေအနေများကို ပို၍ မိတ်ဆက်ပေးနိုင်မည်လော ဟုမေးမြန်းခဲ့ခြင်းဖြစ်သည်။

လျင်ကျန့်က “ဖွံ့ဖြိုးတိုးတက်မှုက ပြည်သူများ ချမ်းမြေ့ပျော်ရွှင်မှုအတွက် သော့ချက်ပါ၊ ဘယ်နိုင်ငံအတွက်မဆို မပြောင်းလဲတဲ့ အမှန်တရားပါ”၊ တရုတ်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းအား ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားရန် အစဉ်အမြဲ ကြိုးပမ်းတွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ပေးရန် လမ်းညွှန်ပေးခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးကို G20 ပူးပေါင်းဆောင်ရွက်မှု၏ အဓိကနေရာတွင် ထားရန်၊ ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ငန်းအဖြစ် အကောင်အထည်ဖော်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရန်၊ ပိုမိုပါဝင်မှုရှိသော၊ ပိုမို အများအကျိုးဖြစ်ထွန်းမှုရှိသော၊ ပိုမိုခံနိုင်ရည်ရှိသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးကို တွန်းအားပေးဖော်ဆောင်ရန် အဆိုပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယခုအကြိမ် ရီယိုဒီဂျနေးရိုးမြို့၌ ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်က ပထမအဆင့် “ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး” ဆွေးနွေးသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အရေးကြီးသော မိန့်ခွန်းများပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အခိုင်အမာ တိုက်ဖျက်ရေး အတွေ့အကြုံများကို ကမ္ဘာကြီးနှင့် မျှဝေခဲ့ပြီး ဘုံဖွံ့ဖြိုးတိုးတက်မှုရှိသည့် တရားမျှတသော ကမ္ဘာကြီးတစ်ခု တည်ဆောက်ရေးကို ထောက်ခံအဆိုပြုခဲ့ကြောင်း ၎င်းက ဆိုသည်။

သမ္မတ ရှီကျင့်ဖိန်က “တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ဘုံဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိက အစိတ်အပိုင်းဖြစ်တယ်။ တရုတ်နိုင်ငံက ဆင်းရဲနွမ်းပါးသူဦးရေသန်း ၈၀၀ ကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ခဲ့ပြီး ကုလသမဂ္ဂရဲ့ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီစဉ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရည်မှန်းချက်ကို အချိန်မတိုင်ခင် ပြည့်မီ အောင်မြင်ခဲ့တယ်။ အဆက်မပြတ်ကျတဲ့ ရေစက်လေးများနဲ့ပဲ ကျောက်တုံးကျောက်ခဲကို ဖောက်ထွင်းနိုင်မယ်၊ စီမံချက်တွေကို အဆုံးထိရေးဆွဲမယ့် ဇွဲနဘဲ၊ မယိမ်းယိုင်ကြံ့ကြံ့ခိုင်တဲ့ ကြိုးစားအားထုတ်မှုစိတ်ဓာတ်နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆင်းရဲနွမ်းပါးမှုပြဿနာတွေကို အမှန်တကယ် ဖြေရှင်းနိုင်တယ်၊ ‘အားနည်းတဲ့ငှက်ငယ်’ပဲဆိုစေဦးတော့ ဦးစွာပျံသန်းပြီး မြင့်မြင့် ပျံသန်းနိုင်တယ်ဆိုတာ ကို တရုတ်နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ခရီးစဉ်က ပြသနေတယ်။ တရုတ်နိုင်ငံက ဒီလိုအောင်မြင်အောင်လုပ်နိုင်ရင် တခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေလည်း ဒီလိုအောင်မြင်နိုင်တယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု အခိုင်အမာ တိုက်ဖျက်ရေး အောင်မြင်မှုရဲ့ ကမ္ဘာ့အနက်အဓိပ္ပာယ်ပါပဲ” ဟု ထောက်ပြခဲ့ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ” ၏ အဖွဲ့ဝင်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ယုံကြည်စိတ်ချရသော ရေရှည်ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်နိုင်ငံဖြစ်သလို ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ထောက်ခံသော တက်ကြွလှုပ်ရှားသူနှင့် အမှန်တကယ်လုပ်ဆောင်သူဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန် အလေးအနက် ပြောကြားခဲ့ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
လျင်ကျန့်က ဤထိပ်သီးအစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးမည့် လုပ်ဆောင်ချက် ၈ ချက်ကို ကြေညာခဲ့ကြောင်း၊ ယင်းတွင် အရည်အသွေးမြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) အကောင်အထည်ဖော်ရေး၊ အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို ပံ့ပိုးကူညီရေး၊ တရုတ်နိုင်ငံသည် ဘရာဇီး၊ တောင်အာဖရိကနှင့် အာဖရိကသမဂ္ဂတို့နှင့်အတူ “တံခါးဖွင့် သိပ္ပံပညာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်” ကို ဖော်ဆောင်ရေး၊ G20 မှ “ကမ္ဘာ့တောင်ဘက်ခြမ်း” ကို အကျိုးပြုသည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ စတင်လုပ်ဆောင်ခြင်းကို ပံ့ပိုးကူညီရေး၊ G20 “အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုစီမံချက်” ကို အကောင်အထည်ဖော်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများအပေါ် တစ်ဖက်တည်း တံခါးဖွင့်ခြင်းကို တိုးချဲ့ရေး စသည်တို့ပါဝင်ကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအနေနဲ့ ဘက်ပေါင်းစုံနဲ့အတူ ဘုံဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ တရားမျှတတဲ့ ကမ္ဘာကြီးတည်ဆောက်ဖို့၊ ဆင်းရဲနွမ်းပါးမှုကို အတိတ်မှာ ကျန်ရစ်စေဖို့၊ သာယာလှပတဲ့ စိတ်ကူးတွေ အမှန်တကယ်ဖြစ်လာစေဖို့ ပူးပေါင်းဆောင်ရွက်လိုပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
……………………………………
(Chinese Version)
外交部:中方愿同各方一道建设共同发展的公正世界
新华社北京11月19日电(记者曹嘉玥)外交部发言人林剑19日表示,中方始终致力于推动国际社会重视发展问题,愿同各方一道行动起来,建设一个共同发展的公正世界,让贫困成为过去,让美好愿景成为现实。
当日例行记者会上,有记者问:二十国集团领导人第十九次峰会正在巴西里约热内卢举行。我们注意到,本次峰会主题是“构建公正的世界和可持续的星球”,第一阶段议题是“抗击饥饿与贫困”,可以看出“发展”依然是本次峰会关注的重点。国际社会也普遍期待中国作为最大的发展中国家能够为解决全球发展问题带来哪些新思路、新主张。发言人能否介绍更多情况?
“发展是实现人民幸福的关键,对任何国家都是硬道理。”林剑指出,中方始终致力于推动国际社会重视发展问题,习近平主席提出全球发展倡议,为推进全球发展事业和国际发展合作指明方向。中方主张把发展置于二十国集团合作核心位置,把实现联合国2030年可持续发展议程作为优先工作,构建全球可持续发展伙伴关系,推动实现更加包容、更加普惠、更有韧性的全球发展。这次里约热内卢峰会上,习近平主席围绕第一阶段“抗击饥饿与贫困”议题发表重要讲话,同世界分享中国脱贫攻坚的经验,倡导建设一个共同发展的公正世界。
林剑说,习近平主席指出,“中国发展是全球共同发展的重要组成部分。中国已经实现8亿贫困人口全部脱贫,提前完成联合国2030年可持续发展议程的减贫目标。”“中国脱贫历程表明,本着滴水穿石、一张蓝图绘到底的韧性、恒心和奋斗精神,发展中国家的贫困问题是可以解决的,弱鸟是可以先飞、高飞的。中国可以成功,其他发展中国家同样可以成功。这是中国成功打赢脱贫攻坚战的世界意义。”
林剑说,习近平主席强调,中国始终是“全球南方”的一员,是发展中国家可靠的长期合作伙伴,也是支持全球发展事业的行动派和实干家。
林剑介绍,此次峰会上,习近平主席宣布了支持全球发展的八项行动,包括携手高质量共建“一带一路”,落实全球发展倡议,支持非洲发展,支持减贫和粮食安全国际合作,中国同巴西、南非、非盟共同发起“开放科学国际合作倡议”,支持二十国集团开展造福“全球南方”的务实合作,落实二十国集团“反腐败行动计划”,扩大对最不发达国家单边开放等。
“中方愿同各方一道行动起来,建设一个共同发展的公正世界,让贫困成为过去,让美好愿景成为现实。”林剑说。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.