Africa & Middle East
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ အကူအညီပေးရေး ယာဉ်တန်း ဆူဒန်နိုင်ငံ အနောက်ပိုင်း ဇမ်ဇမ် ဒုက္ခသည် စခန်းသို့ ရောက်ရှိ
ကိုင်ရို၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ထောက်ပံ့ပစ္စည်း ပို့ဆောင်ရေးယာဉ်တန်းသည် ဆူဒန်နိုင်ငံ အနောက်ပိုင်း မြောက်ဒါဖာမြို့ ဇမ်ဇမ် ဒုက္ခသည် စခန်းသို့ နိုဝင်ဘာ ၂၂ ရက်က ရောက်ရှိလာခဲ့ကြောင်း၊ ယင်းသည် ယခုနှစ်သြဂုတ်လမှစ၍ ဤဒုက္ခသည် စခန်းသို့ရောက်ရှိခဲ့သော ပထမဆုံး အကူအညီပေးရေး ယာဉ်တန်းဖြစ်ကြောင်း WFP က အဆိုပါနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်တွင် မြို့တော် ခါတွမ်၌ ဆူဒန်စစ်တပ် (SAF) နှင့် ဆူဒန် Rapid Support Forces (RSF) တို့ကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့ရာ နောက်ပိုင်းတွင် စစ်မက်မီးလျှံသည် အခြားဒေသများသို့ ပျံ့နှံ့သွားခဲ့သည်။ တစ်နှစ်ကျော်ကြာ ကြာမြင့်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကြောင့် လူပေါင်း ၂၇,၁၀၀ ခန့် သေဆုံးခဲ့ပြီး ၁၁.၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကာ ၂၈.၉ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသည်။ ဆူဒန်နိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံလူဦးရေ၏ ၉၇ ရာခိုင်နှုန်းသည် “ပြင်းထန်သော ငတ်မွတ်ခေါင်းပါးမှု” နှင့် ရင်ဆိုင်နေကြရကြောင်း ကုလသမဂ္ဂ ပညာရှင်များက ယခုနှစ် အောက်တိုဘာလတွင် သတိပေးခဲ့သည်။ (Xinhua)
……………………………..
(Chinese Version)
世粮署援助车队抵达苏丹西部扎姆扎姆难民营
新华社开罗11月22日电(记者张猛)喀土穆消息:联合国世界粮食计划署(世粮署)22日发表声明说,世粮署一支援助物资运输车队当天抵达苏丹西部北达尔富尔州扎姆扎姆难民营,这是自今年8月以来首支抵达该难民营的援助车队。
2023年4月15日,苏丹武装部队与苏丹快速支援部队在首都喀土穆爆发武装冲突,战火随后蔓延至其他地区。持续一年多的武装冲突已造成约2.71万人丧生,超过1180万人流离失所,2890万人需要人道援助。联合国专家今年10月警告说,苏丹武装冲突导致国内97%的人口面临“严重饥饿”。(完)
图说:11月6日,在苏丹东部城市苏丹港,两名男子经过等待出发的人道主义援助车队。 新华社发(法耶兹·扎基摄)