Connect with us

Politics, Law & Military

ရေတပ် စစ်သင်္ဘောအဖွဲ့ ဟောင်ကောင်ခရီးစဉ် လှုပ်ရှားမှု အောင်မြင်စွာ ပြီးမြောက်ပြီး ပြန်လည်ထွက်ခွာ

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ Stonecutters ကျွန်း စစ်ဘက်ဆိုင်ရာ ဆိပ်ကမ်းမှ ထွက်ခွာသွားသော ချန်ရှားစစ်သင်္ဘောကြီးအား နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန် စစ်သင်္ဘောနှင့် ချန်ရှား စစ်သင်္ဘောတို့ ဖွဲ့စည်းထားသော ရေတပ်သင်္ဘောအဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်တွင် ဟောင်ကောင် ခရီးစဉ်ပြီးဆုံး၍ ကွမ်တုန်းပြည်နယ် ကျန့်ကျန်းမြို့သို့ ပြန်လည်ထွက်ခွာခဲ့သည်။၅ ရက်ကြာ ခရီးစဉ်အတွင်း ၎င်းအဖွဲ့သည် ကုန်းပတ်၌ ဧည့်ခံခြင်း၊ စစ်သင်္ဘော ဖွင့်လှစ်၍ ကြည့်ရှုလေ့လာစေခြင်း၊ အမျိုးသားကာကွယ်ရေး အသိပညာဟောပြောပွဲ ကျင်းပခြင်း၊ ယဉ်ကျေးမှုနှင့် အားကစားဖလှယ်ခြင်း စသည့် လှုပ်ရှားမှုများစွာကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

ယင်းသည် ဟိုင်နန်စစ်သင်္ဘောနှင့် ချန်ရှားစစ်သင်္ဘော၏ ပထမဆုံး ဟောင်ကောင်ခရီးစဉ်ဖြစ်ပြီး ဟိုင်နန်စစ်သင်္ဘောအား ပထမဆုံးအကြိမ် အများပြည်သူကို ဖွင့်လှစ်ပေးခြင်းလည်း ဖြစ်သည်။ စစ်သင်္ဘောဖွင့်လှစ်သည့် ၃ ရက်တာ ကြည့်ရှုလေ့လာရေး လှုပ်ရှားမှုအတွင်း သင်္ဘောပေါ်သို့ လာရောက်ကြည့်ရှုသူ အကြိမ်ရေ ၁၅,၀၀၀ ခန့် ရှိပေသည်။ (Xinhua)
………………………………
(Chinese Version)
海军舰艇编队圆满完成访问香港活动返航
新华社香港11月25日电(陈典宏、杨晓敏)由海南舰和长沙舰组成的海军舰艇编队25日结束访问香港,起航返回广东湛江。
为期5天的访问中,编队圆满完成了甲板招待会、舰艇开放参观、国防知识讲座、文体交流等一系列活动。
这是海南舰、长沙舰第一次访问香港,也是海南舰第一次面向公众开放。为期3天的舰艇开放参观活动中,约1.5万人次登舰参观。
图说:11月25日,长沙舰驶离昂船洲军港码头。新华社发(易定 摄)