Connect with us

Africa & Middle East

ဂါဇာပြည်သူလူထု၏ ဒုက္ခများကို ဖြေရှင်းရန် “အကောင်းဆုံးဆေးဝါးမှာ ငြိမ်းချမ်းရေး” ဖြစ်ကြောင်း WHO က ဆို

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်းယွန်နစ်မြို့ Al-Mawasi တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသော ယာယီမိုးကာတဲများကို စစ်ဆေးကြည့်ရှုနေသူများအား နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသသည် ကြီးမားသော ဆေးကုသမှု၊ ကျန်းမာရေးဝန်ဆောင်မှု လိုအပ်ချက်များနှင့် ရင်ဆိုင်နေရပြီး ဒေသခံပြည်သူလူထု၏ ဒုက္ခများကို ဖြေရှင်းရန် “အကောင်းဆုံးဆေးဝါးမှာ ငြိမ်းချမ်းရေး” ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က နိုဝင်ဘာ ၂၈ ရက်က ပြောကြားခဲ့သည်။
လက်ရှိ ဂါဇာကမ်းမြောင်ဒေသရှိ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒုက္ခသည် ၉၀ ရာခိုင်နှုန်းသည် မိုးကာတဲများတွင် နေထိုင်ကြပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် အခြားရောဂါများ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရကြောင်း၊ တစ်ချိန်တည်းတွင်ပင် ချမ်းအေးသော ရာသီဥတုနှင့် မိုးရွာသွန်းမှုတို့ကြောင့် စားနပ်ရိက္ခာ ရှားပါးမှုနှင့် အာဟာရချို့တဲ့မှု ပြဿနာများကို ပိုမိုဆိုးရွားစေနိုင်သည်ဟု တက်ဒရော့စ်က အဆိုပါနေ့ WHO သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့အပြင် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းကို ဆက်လက်ပိတ်ဆို့ထားပြီး အစားအစာ၊ လောင်စာဆီနှင့် ချမ်းအေးသောရာသီဥတုကို ကာကွယ်ရန် အသုံးအဆောင်ပစ္စည်းများ စသည့် အခြေခံ အထောက်အပံ့ပစ္စည်းများ သယ်ဆောင်ခြင်းကိုလည်း ကန့်သတ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂါဇာပြည်သူလူထု၏ ဒုက္ခများကို ဖြေရှင်းရန် နောက်ဆုံး နည်းလမ်းမှာ ထောက်ပံ့ကူညီခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးသာ ဖြစ်ကြောင်း၊ “အကောင်းဆုံးဆေးဝါးကတော့ ငြိမ်းချမ်းရေးပဲ” ဟု တက်ဒရော့စ်က အလေးထားပြောကြားခဲ့သည်။
WHO အနေဖြင့် နိုဝင်ဘာ ၂၇ ရက်တွင် အသက်ဝင်ခဲ့သည့် အစ္စရေး-လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ကြိုဆိုကြောင်း၊ အဆိုပါ သဘောတူညီချက်အား လိုက်နာကြပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်း တက်ဒရော့စ်က ထပ်မံပြောကြားခဲ့သည်။ (Xinhua)
…………………………………
(Chinese Version)
世卫组织:解决加沙民众苦难的“最好药物就是和平”
新华社日内瓦11月28日电(记者王其冰)世界卫生组织总干事谭德塞28日表示,加沙地带面临巨大的医疗卫生服务需求,解决当地民众苦难的“最好药物就是和平”。
谭德塞当天在世卫组织新闻发布会上说,目前在加沙地带,90%的流离失所者居住在帐篷里,面临呼吸道疾病和其他疾病的威胁,同时寒冷天气和降雨可能加剧粮食匮乏和营养不良问题。与此同时,对加沙地带北部的持续封锁限制了食物、燃料和防寒用品等基本援助物资的进入。
谭德塞强调,解决苦难的最终办法不是援助而是和平,“最好的药物就是和平”。
谭德塞还说,世卫组织对27日生效的以色列与黎巴嫩真主党的停火协议表示欢迎,希望该协议得到遵守并实现持久和平。(完)
图说:11月25日,在加沙地带南部汗尤尼斯的马瓦西地区,人们查看被大雨毁坏的临时帐篷。新华社发(里泽克·阿卜杜勒贾瓦德摄)