Europe
ပထမဆုံးကြိမ် ထုတ်ဝေသော《Harry Potter》ဝတ္ထုစာအုပ်ကို စတာလင်ပေါင် ၃၆,၀၀၀ ဖြင့် လေလံတင်ရောင်းချ
ပေကျင်း၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ပထမဆုံးကြိမ် ထုတ်ဝေသော《Harry Potter》ဝတ္ထုစာအုပ်တစ်အုပ်ကို မကြာသေးမီက ဗြိတိန်တွင် စတာလင်ပေါင် ၃၆,၀၀၀ (တရုတ်ယွမ် ၃၃၁,၀၀၀ ခန့်) ဖြင့် လေလံတင်ရောင်းချခဲ့သည်။ စာအုပ်ရောင်းသူသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ထိုစာအုပ်ကို စတာလင်ပေါင် ၁၀ ခန့်ဖြင့် ဝယ်ယူခဲ့ပြီး နှစ် ၃၀ နီးပါးကြာပြီးနောက် စာအုပ်တန်ဖိုးမှာ ဆနှင့်ချီတိုးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အဆိုပါ ပထမဆုံးကြိမ် ထုတ်ဝေသော《Harry Potter》ဝတ္ထုစာအုပ်ကို Staffordshire စီရင်စု Lichfield မြို့တွင် နိုဝင်ဘာ ၂၇ ရက်က ကျင်းပသော အဖိုးတန်စာအုပ်လေလံပွဲတွင် အောင်မြင်စွာ လေလံတင်ရောင်းချခဲ့ကြောင်း ဘီဘီစီ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။ အခကြေးငွေ အမျိုးမျိုး ထည့်တွက်ပြီးနောက် ဝယ်ယူသူသည် စုစုပေါင်း ၄၅,၀၀၀ စတာလင်ပေါင် (တရုတ်ယွမ် ၄၁၄,၀၀၀) ပေးဆောင်ရမည်ဖြစ်သည်။
ဤစာအုပ်သည် ၁၉၉၇ ခုနှစ်က ဗြိတိန်တွင်ထုတ်ဝေသော《Harry Potter and the Philosopher’s Stone》ကတ်ထူဖုံးအထူးစာအုပ် ၅၀၀ အုပ်အနက်မှ တစ်အုပ်ဖြစ်ကြောင်း လေလံပွဲရုံ၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။ ထိုပထမဆုံးတစ်သုတ်မှ စာအုပ်အများစုသည် အများပြည်သူစာကြည့်တိုက်များတွင် သိမ်းဆည်းထားပြီး မကြာသေးမီနှစ်များတွင် လေလံတင်ရောင်းချမှု အနည်းငယ်မျှသာ ရှိခဲ့သည်။
၁၉၉၇ ခုနှစ်တွင် မိခင် Christina McCulloch က သားဖြစ်သူ Adam McCullough အတွက် ယင်းအချိန်တုန်းက စတာလင်ပေါင် ၁၀ ခန့်ဖြင့် ဤစာအုပ်ကို ဝယ်ခဲ့သည်။ သားဖြစ်သူမှာ ဤဝတ္ထုစာအုပ်ကို အလွန်နှစ်သက်၍ နောက်ပိုင်းတွင် ၎င်းတို့ အိမ်လှေကားအောက် ဗီရိုထဲတွင် အမြဲသိမ်းဆည်းထားခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရောက်မှသာလျှင် ဤစာအုပ်မှာ အလွန်ပင် တန်ဖိုးရှိလာကြောင်း သတိထားမိလာခဲ့သည်။
Adam က ယခုမှာ “စာအုပ်ကို အခြား စာအုပ်ချစ်သူတွေထံ လက်ဆင့်ကမ်းဖို့ အချိန်တန်ပြီ” ၊ ဤပျော်ရွှင်မှုကို လက်ဆင့်ကမ်းသွားမည်ဟု ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များတွင် ပထမဆုံးကြိမ် ထုတ်ဝေသော《Harry Potter》ဝတ္ထုစာအုပ်သည် ဗြိတိန်၊ အမေရိကန် စသည့်နိုင်ငံများတွင် ကြိမ်ဖန်များစွာ တန်ဖိုးမြင့် လေလံတင်ရောင်းချခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် 《Harry Potter and the Philosopher’s Stone》စာအုပ်သည် အမေရိကန်နိုင်ငံ၌ ကန်ဒေါ်လာ ၄၇၁,၀၀၀ (တရုတ်ယွမ် ၃.၄၁ သန်းခန့်) လေလံဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
首版《哈利·波特》以3.6万英镑拍卖
新华社北京11月29日电 一本首版《哈利·波特》小说近日在英国以3.6万英镑(约合33.1万元人民币)拍卖。卖家上世纪90年代以10英镑左右购入此书,没想到将近30年后书“身价倍增”。
英国广播公司报道,在斯塔福德郡利奇菲尔德27日一场珍贵图书拍卖会上,这本首版《哈利·波特》小说成功拍卖。加上各类费用,买家总共需支付4.5万英镑(41.4万元人民币)。
拍卖行介绍,这本书是1997年英国出版的500本精装《哈利·波特与魔法石》之一。这批首版书大部分收藏于公共图书馆,只有少量几本近年在拍卖会上亮相。
1997年,母亲克里斯蒂娜·麦卡洛克为儿子亚当·麦卡洛克购得此书,当时花了大约10英镑。儿子很喜欢这本小说,后来这本书一直存放在他家楼梯下的橱柜里。直到2020年,这家人才意识到这本书已经相当值钱。
亚当说,现在“是时候把书传递给其他爱书人”,把这份快乐传递下去。
近年来,首版《哈利·波特》小说在英美等国多次以高价拍卖。2021年12月9日,一本《哈利·波特与魔法石》在美国以47.1万美元(约合341万元人民币)的拍价成交。(杨舒怡)
图说1:2021年9月20日,在北京环球影城主题公园,游客在哈利·波特的魔法世界主题景区游览。新华社记者任超摄
图说2:2016年4月23日,在英国苏格兰首府爱丁堡的一家书店,一处展位推介当年夏天在伦敦上演的舞台剧《哈利·波特与受诅咒的孩子》。新华社记者郭春菊摄