Connect with us

China

ရှင်းကျန်းဒေသ၏ ဝါဂွမ်းက ကမ္ဘာ့အကောင်းဆုံးဝါဂွမ်းများအနက် တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား

ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဝါဂွမ်းများသည် ကမ္ဘာ့အကောင်းဆုံးဝါဂွမ်းများအနက် တစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားနှင့် ကိုက်ညီသော စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို လွတ်လပ်စွာ ကိုယ်တိုင် ချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ယင်းနေ့ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ကမ္ဘာလုံးဆိုင်ရာ ဖက်ရှင်လက်လီဆိုင်ခွဲ Uniqlo ၏ ဥက္ကဋ္ဌဖြစ်သူက Uniqlo သည် ရှင်းကျန်းမှ ထွက်သောဝါဂွမ်းများကို မသုံးကြောင်း ဆိုခဲ့သည်ဟု BBC က ဖော်ပြခဲ့ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ယင်းနှင့် ပတ်သက်၍ မည်သို့မှတ်ချက်ပေးလိုပါသနည်း ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
မော်နင်က “ရှင်းကျန်းဒေသရဲ့ ဝါဂွမ်းက ကမ္ဘာ့အကောင်းဆုံးဝါဂွမ်းတွေထဲက တစ်ခုဖြစ်တယ်” သက်ဆိုင်ရာကုမ္ပဏီလုပ်ငန်းများအနေဖြင့် နိုင်ငံရေး ဖိအားများနှင့် မကောင်းသော အတားအဆီး အနှောင့်အယှက်များမှ ရှောင်ရှားနိုင်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ကိုက်ညီသော စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို လွတ်လပ်စွာ ကိုယ်တိုင် ချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………..
(Chinese Version)
中国外交部:新疆地区的棉花是世界上最好的棉花之一
新华社北京11月29日电(记者邵艺博)中国外交部发言人毛宁29日表示,新疆地区的棉花是世界上最好的棉花之一,希望有关企业独立自主作出符合自身利益的商业决策。
当日例行记者会上,有记者问:据英国广播公司报道,全球时尚连锁店优衣库董事长称,优衣库没有使用来自新疆的棉花。外交部对此有何评论?
“新疆地区的棉花是世界上最好的棉花之一。”毛宁说,希望有关企业排除政治压力和不良干扰,独立自主作出符合自身利益的商业决策。(完)