Europe
ကမ္ဘာ့အသက်အရှည်ဆုံး တောရိုင်းငှက် အသက် ၇၄ နှစ်တွင် “မိခင်” ထပ်ဖြစ်လာရန် မျှော်လင့်ချက်ရှိ
ပေကျင်း၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
ကမ္ဘာ့အသက်အရှည်ဆုံး တောရိုင်းငှက်ဖြစ်သည့် အသက် ၇၄ နှစ်အရွယ် နောက်ကျောအနက်ရောင် ပင်လယ်စင်ရော်ငှက်မကြီး “Wisdom” သည် မကြာသေးမီက ထပ်မံ၍ ဥဥခဲ့ကြောင်း အမေရိကန် ဇီဝဗေဒပညာရှင်များက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ ငါးနှင့် တောရိုင်းတိရစ္ဆာန်စီမံခန့်ခွဲရေးဌာန (USFWS) မှ ဝန်ထမ်းက ပစိဖိတ်သမုဒ္ဒရာရှိ Midway Atoll လက်စွပ်သဏ္ဌာန် ရေငန်အိုင် သန္တာကျောက်ကျွန်း အမျိုးသား တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးဇုန်တွင် “Wisdom”ငှက်မကြီးသည် ငှက်ထီးတစ်ကောင်နှင့် ငှက်ဥတစ်လုံးကို ကြည့်ရှုစောင့်ရှောက်နေသော မြင်ကွင်းကို မကြာသေးမီက ဓာတ်ပုံရိုက်ခဲ့ကြောင်း ဘီဘီစီက ဒီဇင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ နောက်ကျောအနက်ရောင် ပင်လယ်စင်ရော်ငှက်၏ သက်တမ်းမှာ ပုံမှန်အားဖြင့် အသက် ၁၂ နှစ်မှ ၄၀ နှစ်အထိ ရှိရာ လက်တွဲဖော်နှင့် တစ်သက်တာပေါင်းသင်းသော စနစ်ရှိပြီး လက်တွဲဖော်သေဆုံးပြီးနောက်မှသာ လက်တွဲဖော်အသစ်ကို ရှာဖွေခြင်းဖြစ်သည်။ “Wisdom” ငှက်မကြီးအနေဖြင့် လက်တွဲဖော် အနည်းဆုံး ၃ ကြိမ်ခန့် ပြောင်းလဲခဲ့ပြီး ယခုနှစ်တွင် ၎င်းနှင့် လိုက်ပါလာသောငှက်မှာ လက်တွဲဖော်အသစ်ဖြစ်သည်ဟု သိပ္ပံသုတေသီများက ယူဆကြသည်။
“Wisdom” ငှက်မကြီး ကို ၁၉၅၆ ခုနှစ်တွင် သိပ္ပံပညာရှင်များက ပထမဆုံး အမှတ်အသားပေးခဲ့ရာထိုစဉ်က ၎င်းမှာ အသက် ၅ နှစ်ခန့် ဖြစ်သည်။ ၎င်းသည် Midway Atoll လက်စွပ်သဏ္ဌာန် ရေငန်အိုင် သန္တာကျောက်ကျွန်းထိန်းသိမ်းကာကွယ်ရေးဇုန်သို့ နှစ်တိုင်းနီးပါး ပြန်လည်ရောက်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ “Wisdom” ငှက်မကြီး ၂၀၂၁ ခုနှစ်တွင် နောက်ဆုံးဥများ ပေါက်ခဲ့ပြီး ယခုအချိန်အထိ နောက်မျိုးဆက် အကောင်ရေ ၃၀ ထက်မနည်းကို ကျွေးမွေးခဲ့သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။
ပင်လယ်စင်ရော်ငှက် မိသားစုတွင် အထီးရော၊ အမပါ ဥဝပ်ခြင်းနှင့် သားပေါက်များအား အစာကျွေးမွေးခြင်းလုပ်ငန်းတာဝန်များကို အတူတကွ ထမ်းဆောင်ကြကြောင်း သိရသည်။ (Xinhua)
……………………………….
(Chinese Version)
已知世界最长寿野鸟74岁有望再“当妈”
新华社北京12月5日电 美国生物学家说,世界上已知的最长寿野鸟个体、74岁高龄的雌性黑背信天翁“智慧”最近再度产蛋。
据英国广播公司4日报道,美国鱼类和野生动物管理局人员近日在太平洋上的中途岛环礁国家野生动物保护区拍摄到“智慧”和雄鸟看护一枚鸟蛋的画面。黑背信天翁的寿命通常为12年到40年,且基本奉行配偶终身制,一方死后才会寻找新伴侣。科研人员认为,“智慧”已经换了至少三任伴侣,今年陪伴在它身边的是新伴侣。
“智慧”1956年首次被科学家戴上识别标志,当时约5岁。据记录,自那以后,它几乎每年都返回中途岛环礁保护区。“智慧”最近一次产蛋是在2021年,科学家估计,它迄今哺育了至少30只后代。
信天翁的家庭中,父母共同承担孵化鸟蛋和喂食雏鸟的任务。(荆晶)