Connect with us

Asia

ယွန်းဆက်ယိုအား သမ္မတ တာဝန်ထမ်းဆောင်ခြင်းမှ အမြန်ဆုံးရပ်တန့်ရန် လိုအပ်ကြောင်း တောင်ကိုရီးယား အာဏာရပါတီခေါင်းဆောင် ပြောကြား

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပသော လူထုစုဝေးပွဲ၌ သမ္မတ ယွန်းဆက်ယို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုကြသူများအား ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားအာဏာရပါတီခေါင်းဆောင် Han Dong-hoon က ယွန်းဆက်ယိုအား သမ္မတ တာဝန်ထမ်းဆောင်ခြင်းမှ အမြန်ဆုံးရပ်တန့်ရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၆ ရက်၌ ပြောကြားခဲ့သည်။
အာဏာရပါတီဖြစ်သော ပြည်သူ့အင်အားပါတီက အဆိုပါနေ့တွင် အမျိုးသားလွှတ်တော်၌ အရေးပေါ် အဆင့်မြင့်ဆုံး ကော်မတီအစည်းအဝေး ခေါ်ယူကျင်းပခဲ့ပြီး အစည်းအဝေး၌ Han Dong-hoon က အထက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့သည်။
အကယ်၍ ယွန်းဆက်ယိုသည် ၎င်း၏သမ္မတတာဝန်ကို ဆက်လက်ထမ်းဆောင်ပါက ယခုအကြိမ် အရေးပေါ်စစ်အုပ်ချုပ်ရေးစသည့် လုပ်ဆောင်ချက်များ နောက်ထပ်ဖြစ်ပွားနိုင်ပြီး နိုင်ငံနှင့် ပြည်သူများကို ကြီးမားသော အန္တာရယ်အတွင်းသို့ ကျရောက်စေနိုင်သည်ဟု Han Dong-hoon က ပြောကြားခဲ့သည်။
ယွန်းဆက်ယိုသည် စစ်အုပ်ချုပ်ရေးကြေညာသည့်နေ့တွင် နိုင်ငံတော် ဆန့်ကျင်ရေး အင်အားစုများကို အကြောင်းပြု၍ စစ်တန်ပြန်ထောက်လှမ်းရေးတပ်မှူး Yeo In-hyung ကို အဓိက နိုင်ငံရေးသမားများအား ဖမ်းဆီးရန် ညွှန်ကြားခဲ့သည်ဟု Han Dong-hoon က ပြောကြားသည်။ သမ္မတက နိုင်ငံရေးသမားများအား ဖမ်းဆီးရန် ထောက်လှမ်းရေးအေဂျင်စီများကို စည်းရုံးခဲ့ကြောင်း ခိုင်လုံသော အထောက်အထားများ အတည်ပြုပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
အာဏာရပါတီဖြစ်သော ပြည်သူ့အင်အားပါတီက ဒီဇင်ဘာ ၅ ရက်တွင် ပါတီဝင်အားလုံး မျက်နှာစုံညီ အစည်းအဝေး ခေါ်ယူကျင်းပပြီး ယွန်းဆက်ယိုအား စွဲချက်တင်မှုကို ဆန့်ကျင်ရန် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။ Han Dong-hoon ၏ ဤမိန့်ခွန်းပြောကြားချက်များသည် သမ္မတအား စွဲချက်တင်မှုအဆိုအပေါ် အာဏာရပါတီ၏ ရပ်တည်ချက်ကို အပြောင်းအလဲဖြစ်စေနိုင်သည်ဟု လူထု၏ ထင်မြင်သုံးသပ်ချက်များက ယူဆကြသည်။ (Xinhua)
……………………………..
(Chinese Version)
韩国执政党党首:有必要尽快让尹锡悦停止执行总统职务
新华社首尔12月6日电(记者陆睿 孙一然)韩国执政党党首韩东勋6日表示,有必要尽快让尹锡悦停止执行总统职务。
执政党国民力量党当天在国会召开紧急最高委员会会议,会上韩东勋作出上述发言。
韩东勋表示,如果尹锡悦继续履行总统职务,像此次紧急戒严等行动有可能再次上演,很有可能使国家和国民陷入巨大危险。
韩东勋说,尹锡悦宣布戒严当天,以反国家势力为由,指示军方反间谍司令官吕寅兄逮捕主要政治人士。已有可信证据确认,总统为逮捕政治人士动员了情报机关。
韩国执政党国民力量党5日召开该党议员全体会议,通过反对弹劾尹锡悦的决定。舆论分析认为,韩东勋此番发言表明执政党对待总统弹劾动议案的立场可能出现反转。
图说:12月4日,人们在韩国首尔举行集会,要求总统尹锡悦下台。新华社发(全休相摄)