Connect with us

Asia

အရေးပေါ် စစ်အုပ်ချုပ်ရေး ဂယက်ရိုက်ခတ်မှုအတွက် ပြည်သူများအား တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယို တောင်းပန်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ရထားဘူတာရုံတွင် သမ္မတ ယွန်းဆက်ယို မိန့်ခွန်းပြောကြားနေသော ရုပ်မြင်သံကြား မြင်ကွင်းကို ကြည့်ရှုနေသော ပြည်သူလူထုအား ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယိုက ဒီဇင်ဘာ ၇ ရက်တွင် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် ပြည်သူအား မိန့်ခွန်းပြောခဲ့ပြီး ယာယီ အရေးပေါ် စစ်အုပ်ချုပ်ရေး ဂယက်ရိုက်ခတ်မှုနှင့် ပတ်သက်၍ ပြည်သူများအား တောင်းပန်ခဲ့သည်။
ယခုအကြိမ် အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာရခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး၏ နောက်ဆုံးတာဝန်ရှိသူ သမ္မတ အနေဖြင့် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သော်လည်း ထိုလုပ်ငန်းစဉ်အတွင်း ပြည်သူလူထုအား စိုးရိမ်ပူပန်မှုနှင့် အဆင်မပြေမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ထိတ်လန့်ခဲ့ရသော ပြည်သူလူထုအပေါင်းအား အရိုးသားဆုံး တောင်းပန်ကြောင်း၊ “ယခုအကြိမ် စစ်အုပ်ချုပ်မှုနဲ့ပတ်သက်တဲ့ ဥပဒေနဲ့ နိုင်ငံရေးအရ တာဝန်ယူမှု ကိစ္စတွေကို ကျွန်တော် ရှောင်ရှားမှာ မဟုတ်ပါဘူး” ဟု ယွန်းဆက်ယိုက ပြောကြားခဲ့သည်။

ဒုတိယအကြိမ် စစ်အုပ်ချုပ်ရေးအမိန့် ရှိတော့မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ နောက်ပိုင်း သမ္မတ သက်တမ်းနှင့် နိုင်ငံရေး တည်ငြိမ်ရေး အစီအစဥ် အတွက် ပြည်သူ့အင်အားပါတီအား အာဏာ အပြည့်အဝ အပ်နှင်းမည်ဖြစ်ပြီး ရှေ့လျှောက် နိုင်ငံရေးရာ လုပ်ငန်းများကို လက်ရှိ အာဏာရပါတီနှင့် အစိုးရတို့ ပူးပေါင်း တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သမ္မတ ယွန်းဆက်ယို ရာထူးမှအမြန်ဆုံးနုတ်ထွက်ရန်မှာ မလွဲမသွေဖြစ်ကြောင်း ထိုနေ့နံနက်ပိုင်းတွင် တောင်ကိုရီးယားအာဏာရပါတီခေါင်းဆောင် Han Dong-hoon က မီဒီယာများသို့ ပြောကြားခဲ့သည်။ (Xinhua)


……………………….
(Chinese Version)
韩国总统尹锡悦就紧急戒严风波向国民道歉
新华社首尔12月7日电(记者陆睿 孙一然)韩国总统尹锡悦7日通过电视直播发表对国民谈话,就短暂紧急戒严风波向国民道歉。
尹锡悦说,此次宣布紧急戒严源于作为国政最终负责人总统的迫切感,但此过程中给国民带来不安与不便,向受到惊吓的各位国民表示诚挚歉意,“我不会回避关于此次戒严的法律和政治责任问题”。
他表示,将不会有第二次戒严。对于今后的总统任期和政局稳定方案,将全权委托给国民力量党,今后的国政运营将由执政党和政府共同负责。
当日上午,韩国执政党党首韩东勋对媒体表示,总统尹锡悦尽早下台不可避免。(完)
图说:12月7日,在韩国首尔火车站,民众观看总统尹锡悦发表讲话的电视画面。新华社记者 姚琪琳 摄