Connect with us

North America

အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အမေရိကန် အစိုးရက ဆီးရီးယား အဖွဲ့အသီးသီးနှင့် ထိတွေ့ဆက်သွယ်သွားမည်ဟု ဘိုင်ဒန် ပြောကြား

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် မိန့်ခွန်းပြောကြားနေသော အမေရိကန် သမ္မတ ဘိုင်ဒန်ကို နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အစိုးရက ဆီးရီးယား အဖွဲ့ခွဲ အသီးသီးနှင့် ထိတွေ့ဆက်သွယ်ကာ ကုလသမဂ္ဂ ဦးဆောင်သော ဆီးရီးယား အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သွားမည်ဟု အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ အစိုးရက ဆီးရီးယား အစိုးရ အသွင်ကူးပြောင်းရေး အဆင့်တွင် ဂျော်ဒန်၊ လက်ဘနွန်၊ အီရတ်နှင့် အစ္စရေးစသည့် ဆီးရီးယား၏ အိမ်နီးချင်း နိုင်ငံများကို ဖြစ်နိုင်ခြေရှိသော လုံခြုံရေးခြိမ်းခြောက်မှုများမှ ကာကွယ်ပေးရန် ကူညီသွားမည်ဖြစ်ပြီး အစွန်းရောက်အဖွဲ့ “ISIS” ပြန်လည်ရှင်သန်လာမှုကို တားဆီးနိုင်ရန် ဆက်လက်နှိမ်နင်းသွားမည် ဖြစ်ကြောင်း ထိုနေ့ အိမ်ဖြူတော် Roosevelt ခန်းမတွင် ဆီးရီးယားမူဝါဒများနှင့် ပတ်သက်၍ ဘိုင်ဒန်က မိန့်ခွန်းပြောကြားခဲ့သည်။ ဒီဇင်ဘာ ၈ ရက်တွင် အမေရိကန်စစ်တပ်က ဆီးရီးယားနယ်မြေအတွင်းရှိ “ISIS” ပစ်မှတ်များအား ဆယ်ကြိမ်ထက်မနည်းသည့် “ပစ်မှတ်တိကျသော တိုက်ခိုက်မှုများ” ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ အစိုးရက ဆီးရီးယား အဖွဲ့ခွဲအသီးသီးနှင့် ထိတွေ့ဆက်သွယ်ပြီး ဆီးရီးယားနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပြည့်စုံမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ချမှတ်ပြီး အစိုးရသစ် ဖွဲ့စည်းရေးကို သေချာစေရန်အတွက် ကုလသမဂ္ဂ ဦးဆောင်သော အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဘိုင်ဒန်က ထပ်မံပြောကြားခဲ့သည်။ လာမည့်ရက်အနည်းငယ်အတွင်း ၎င်းသည် အဆိုပါဒေသအတွင်းရှိ သက်ဆိုင်ရာနိုင်ငံ့ ခေါင်းဆောင်များနှင့် ဆီးရီးယားနိုင်ငံအခြေအနေ ဆွေးနွေးရန် တယ်လီဖုန်းဆက်သွယ်မည်ဖြစ်ပြီး ၎င်းဒေသတွင်းသို့ သွားရောက်ရန် အမေရိကန် အကြီးတန်း အစိုးရအရာရှိများကို စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၈ ရက်တွင် ဆီးရီးယား အတိုက်အခံ လက်နက်ကိုင်အဖွဲ့သည် မြို့တော် ဒမတ်စကပ်စ်သို့ ဝင်ရောက်လာပြီး နောက်ပိုင်းတွင် “ဒမတ်စကပ်စ် လွတ်မြောက်ပြီဖြစ်ပြီး အာဆတ်အစိုးရစနစ်ကို ဖြုတ်ချ” ခဲ့ကြောင်း ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ဆီးရီးယားနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် အင်အားစုအားလုံးနှင့် ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး ညွှန်ကြားပြီးနောက်တွင် ဘာရှာ အယ်လ်-အာဆတ်သည် ဆီးရီးယားနိုင်ငံ သမ္မတရာထူးမှ နုတ်ထွက်ပြီး ဆီးရီးယားမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)

ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်၌ ကျင်းပသော အာရေဗျ-အစ္စလာမ်မစ်နိုင်ငံများ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည့် ဆီးရီးယားနိုင်ငံ သမ္မတ ဘာရှာ အယ်လ်-အာဆတ်အား နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဓါတ်ပုံ – Saudi Press Agency)

……………………………
(Chinese Version)
拜登:美国政府将与叙利亚各派就过渡进程进行接触
新华社华盛顿12月8日电(记者邓仙来)美国总统拜登8日表示,美国政府将与叙利亚各派别接触,参与由联合国主导的叙利亚过渡进程。
拜登当天在白宫罗斯福厅就涉叙利亚政策发表讲话说,美国政府在叙政府过渡阶段支持约旦、黎巴嫩、伊拉克和以色列等叙邻国抵御潜在安全威胁,并将持续打击极端组织“伊斯兰国”,防止其复苏。他说,美军8日针对叙境内“伊斯兰国”目标发动了十余次“精确打击”。
拜登还说,美国政府将与叙利亚各派别接触,参与由联合国主导的过渡进程,以确保叙国家独立和主权完整、制定新宪法并组建新政府。未来几日,他将与该地区相关国家领导人通电话讨论叙局势,并将派美国政府高级官员访问该地区。
叙利亚反对派武装8日称进入首都大马士革,后在电视讲话中称已“解放大马士革并推翻阿萨德政权”。俄罗斯外交部同日发表声明说,经与叙利亚境内武装冲突各方谈判并指示和平移交权力后,巴沙尔·阿萨德决定辞去叙总统职务并离开叙利亚。(完)
图说1:11月26日,美国总统拜登在华盛顿白宫发表讲话。新华社记者 胡友松 摄
图说2:11月11日,在沙特阿拉伯首都利雅得,叙利亚总统巴沙尔·阿萨德出席阿拉伯-伊斯兰国家特别峰会。新华社发(沙特通讯社供图)