China
ယူနန်ပြည်နယ်တွင် လက်ခံကယ်တင်ခံခဲ့ရသည့် ဒဏ်ရာရနေသော တောရိုင်း အာရှဆင်တစ်ကောင် အခြေအနေပြန်လည်ကောင်းမွန်လာ
ရှစ်ဆောင်ပဏ္ဏား (ယူနန်)၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ အာရှဆင်များ ကယ်ဆယ်ရေးနှင့် မျိုးပွားမွေးမြူရေးစင်တာသည် ဒဏ်ရာရနေသည့် ဆင်ထီးလေးတစ်ကောင်ကို လက်ခံကယ်တင်ခဲ့ရာ သုံးလကျော်ကြာ ဒဏ်ရာအညစ်အကြေးသန့်စင်ပေးခြင်းကုထုံး၊ အာဟာရထောက်ပံ့မှုနှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် လက်ရှိတွင် ဒဏ်ရာအခြေအနေ ပြန်လည်ကောင်းမွန်လာပြီး ပုံမှန်အတိုင်း လမ်းလျှောက်နိုင်ကာ ကျန်းမာရေးအခြေအနေမှာ တဖြည်းဖြည်း ကောင်းမွန်တိုးတက်လာပြီဖြစ်သည်။
ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ အာရှဆင်များ ကယ်ဆယ်ရေးနှင့် မျိုးပွားမွေးမြူရေးစင်တာသည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံ ပထမအဆင့် အဓိက ထိန်းသိမ်းစောင့်ရှောက်သော တောရိုင်းတိရစ္ဆာန်ဖြစ်သည့် အာရှဆင်များအား လက်ခံရေး၊ ကယ်ဆယ်ရေးနှင့် မျိုးပွားမွေးမြူရေးဆိုင်ရာ သုတေသနကို အဓိကထားသည့် သိပ္ပံသုတေသနစခန်းဖြစ်သည်။ ၂၀၀၉ ခုနှစ် စတင်အသုံးပြုသည့်အချိန်မှ စ၍ ယခုအချိန်အထိ အာရှဆင် စုစုပေါင်း ၂၅ ကောင်ကို လက်ခံကယ်ဆယ်ခဲ့သည်။
“နေ့စဉ် ကျန်းမာရေး စောင့်ကြည့်၊ ကျွေးမွေးတာအပြင် ကျွန်တော်တို့ ဆင်ကလေးကို တောထဲမှာ နေ့တိုင်း လေ့ကျင့်ပေးတယ်၊ သူရဲ့ တောထဲမှာ ရှင်သန်နိုင်စွမ်းကို ဆက်ထိန်းထားနိုင်အောင် ဖြစ်ပါတယ်” ဟု “ဆင်ဖေဖေ” မော့စီးယွီက ပြောကြားခဲ့သည်။ လက်ရှိတွင် ဆင်ကလေးကို အမည်ပေးထားခြင်းမရှိသေးကြောင်း၊ ဆင်ကလေး၏နာမည်ကို အင်တာနက်အသုံးပြုသူများထံမှ စုဆောင်းရန် စင်တာက စီစဉ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………….
(Chinese Version)
云南:一头受伤野生亚洲象被收容救助后恢复良好
西双版纳(云南),2024年12月9日
云南西双版纳亚洲象救护与繁育中心收容救助的一头受伤小公象,经过3个多月的清创治疗、营养支持及运动康复训练,目前伤势恢复良好,已能正常行走,健康状况逐渐改善。
西双版纳亚洲象救护与繁育中心是我国目前唯一以国家一级重点保护野生动物亚洲象收容、救助和繁育研究为核心的科研基地,自2009年投入使用至今累计收容救助亚洲象25头。
“除了日常的健康监测、喂食之外,我们每天会带小象到野外开展训练,保持其野外生存能力。”“象爸爸”莫诗宇说,目前,小象尚未取名,中心计划向网友征集小象名字。
图说1:12月8日,在西双版纳亚洲象救护与繁育中心,“象爸爸”陈继铭(左)、莫诗宇给小象体检。 新华社记者 胡超 摄
图说2:12月8日,在西双版纳亚洲象救护与繁育中心,“象爸爸”莫诗宇给小象喂奶。新华社记者 胡超 摄