Connect with us

Latin America

ကလေးသူငယ်များအား မုဒိမ်းမှုကျူးလွန်သူများကို သေဒဏ်ပြန်လည်ချမှတ်ရန် ပီရူးနိုင်ငံ သမ္မတ တိုက်တွန်း

ပီရူးနိုင်ငံ မြို့တော် လီမာရှိ သမ္မတ အိမ်တော်တွင် ကျင်းပသော မီဒီယာဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားနေသည့် ပီရူးနိုင်ငံသမ္မတ Dina Boluarte ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ပီရူးနိုင်ငံ သမ္မတ Dina Boluarte က ကလေးသူငယ်များအား မုဒိမ်းမှုကျူးလွန်သူများကို သေဒဏ်ပြန်လည်
ချမှတ်ရန် ဒီဇင်ဘာ ၁၀ ရက်တွင် တိုက်တွန်းခဲ့သည်။ ထိုမတိုင်မီ မြို့တော်လီမာတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားပြီးနောက် အသတ်ခံခဲ့ရသည့် သံသယဖြစ်ဖွယ်ဖြစ်ရပ် ရှိခဲ့သည်။

ပီရူးနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတအနေဖြင့် Boluarte သည် ရာဇ၀တ်မှုများအား အပြင်းအထန် နှိမ်
နင်းခြင်းဖြင့် နာမည်ကျော်ကြားသည်။ ကလေးသူငယ်များအား “ထိပါးကျူးလွန်၍မရ”ကြောင်း၊ “ကျွန်မတို့ရဲ့ကလေးတွေကို ထိပါးကျူးလွန်ဝံ့သောသူတွေအပေါ် ဘယ်လိုမှ ခွင့်လွှတ်စိတ်ထားလို့မရဘူး”၊ “ကလေးသူငယ်တွေအပေါ် မုဒိမ်းမှုကျူးလွန်တဲ့ ရာဇဝတ်ကောင်တွေကို သေဒဏ်ပေးရေး ပြန်လည်လုပ်ဆောင်ဖို့ဆွေးနွေးရမယ့် အချိန်ရောက်လာပါပြီ” ဟု ၎င်းက အလေးပေးပြောကြားခဲ့သည်။

လက်ရှိ ပီရူးနိုင်ငံ ဥပဒေအရ အသက် ၁၄ နှစ်အောက် အရွယ်မရောက်သေးသူအား မုဒိမ်းမှု ကျူးလွန်ပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည်။ ၁၉၇၉ ခုနှစ်တွင် သေဒဏ်ကို ဖျက်သိမ်းပြီးကတည်းက သေဒဏ်ချမှတ်ခြင်းကို ပြန်လည် အသက်သွင်းမည်/မသွင်းမည်နှင့် ပတ်သက်၍ ပီရူးနိုင်ငံတွင် အဆက်မပြတ် အငြင်းပွားခဲ့ကြသည်။ သေဒဏ် ပြန်လည်ချမှတ်နိုင်ရေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်သည်။ ၁၉၉၅ ခုနှစ်ကတည်းက ပီရူး အမျိုးသားလွှတ်တော်သည် သေဒဏ် ပြန်လည်ချမှတ်ရေး ဥပဒေကြမ်း ၈ ခုထက်မနည်းကို ပယ်ချခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
秘鲁总统呼吁对强奸儿童的罪犯恢复死刑
新华社北京12月11日电 秘鲁总统迪娜·埃尔西利娅·博鲁阿尔特·塞加拉10日呼吁对强奸儿童的罪犯恢复死刑。此前,首都利马一名12岁女孩疑遭性侵后被杀害。
作为秘鲁首名女性总统,博鲁阿尔特以强硬打击犯罪著称。她强调,儿童“不可侵犯”,“绝不能对敢于侵犯我们孩子的人抱有任何宽容之心”,“现在是时候讨论恢复对强奸儿童的犯人执行死刑了”。
根据秘鲁现行法律,强奸14岁以下未成年人可判处终身监禁。自1979年废除死刑以来,是否恢复死刑在秘鲁一直争议不断。恢复死刑需通过修改宪法实现。1995年以来,秘鲁国会已否决至少八项恢复死刑的法案。(许咏政)
图说:2023年1月24日,秘鲁总统博鲁阿尔特在首都利马总统府举行的记者招待会上讲话。新华社发(玛利亚娜·巴索摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.