Connect with us

Africa & Middle East

ဆီးရီးယားပိုင်နက်ကို မည်သည့်ဘက်ကမျှ ကျူးကျော်ထိပါးခွင့်မပြုကြောင်း အီရတ်နိုင်ငံ ဝန်ကြီးချုပ် ဆို

ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဆီးရီးယားပိုင်နက်ကို မည်သည့်ဘက်ကမျှ ကျူးကျော်ထိပါးခွင့်မပြုကြောင်း အီရတ်နိုင်ငံ ဝန်ကြီးချုပ် Mohammed Shia’ Al Sudani က ဘဂ္ဂဒက်မြို့တွင် အလည်အပတ်ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဒီဇင်ဘာ ၁၃ ရက်က တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။
Sudani နှင့် ဘလင်ကန် တို့သည် အဆိုပါနေ့တွင် အီရတ်-အမေရိကန် ဆက်ဆံရေးနှင့် ဒေသတွင်း အခြေအနေများ၊ အထူးသဖြင့် ဆီးရီးယားအရေးနှင့် ပတ်သက်၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း အီရတ် ၀န်ကြီးချုပ်ရုံး၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။ အီရတ်သည် လတ်တလော အဓိကကျသော ကာလတွင် ဆီးရီးယားအား ပံ့ပိုးကူညီမှုများပေးလျက်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး မိတ်ဖက်နိုင်ငံများအနေဖြင့် ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်ရာတွင် ပံ့ပိုးကူညီကြရန်နှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီပေးကြရန် Sudani က တိုက်တွန်းခဲ့သည်။

“အလားတူ လုပ်ရပ်တွေက အရှေ့အလယ်ပိုင်းဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို တိုက်ရိုက်ခြိမ်းခြောက်လိမ့်မယ်” ဟု ဆီးရီးယားပိုင်နက်ကို မည်သည့်ဘက်ကမျှ ကျူးကျော်ထိပါးခွင့်မပြုရေးဆိုင်ရာ အရေးပါမှုကို Sudani က အလေးအနက် ပြောကြားခဲ့သည်။
ဆီးရီးယားပြည်သူများ၏ ရွေးချယ်မှုကို လေးစားသင့်ပြီး ဘက်စုံဖြစ်သော၊ ပြည်သူများ၏ဆန္ဒကို ကိုယ်စားပြုသည့် အားလုံးပါဝင်နိုင်သော အစိုးရတစ်ရပ် တည်ဆောက်သင့်သည်ဟု အမေရိကန်နှင့် အီရတ်တို့အနေဖြင့် တစ်သမတ်တည်းယူဆကြောင်း ဘလင်ကန်က ပြောကြားခဲ့သည်။
အီရတ်နိုင်ငံသည် ဘလင်ကန် အရှေ့အလယ်ပိုင်းခရီးစဉ်၏ နောက်ဆုံးနေရာတစ်ခုဖြစ်သည်။ ယင်းမတိုင်မီ ၎င်းသည် ဂျော်ဒန် နှင့် တူကီယဲနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့သည်။ (Xinhua)

…………………..
(Chinese Version)
伊拉克总理:不允许任何一方侵犯叙利亚领土
新华社巴格达12月13日电(记者段敏夫 李军)伊拉克总理苏达尼13日在巴格达会晤到访的美国国务卿布林肯时表示,不允许任何一方侵犯叙利亚领土。
据伊拉克总理新闻办公室发表的声明,苏达尼和布林肯当天就伊美关系和地区局势,尤其是叙利亚问题交换了意见。苏达尼重申伊拉克在当前关键阶段对叙利亚的支持,并呼吁友好国家支持叙利亚开展重建,帮助其应对可能影响国内和平的挑战。
苏达尼强调不允许任何一方侵犯叙利亚领土的重要性,表示“类似行为将直接威胁中东地区的安全与稳定”。
布林肯说,美国和伊拉克一致认为应尊重叙利亚人民的选择,构建一个全面的、代表人民意愿的多元化政府。
伊拉克是此次布林肯中东之行的最后一站。此前,他访问了约旦和土耳其。(完)