Connect with us

China

နိုင်ငံ၏ ယဉ်ကျေးမှုခေတ်ရေစီးကြောင်းနှင့် နှင်းလျှောစီးခြင်းတို့ ဆုံတွေ့ချိန်ဝယ်

နှင်းလျှောစီးလမ်းပေါ်တွင် နှင်းလျှောစီးလမ်နေသော ပေကျင်း အော်ပရာဝတ်စုံဝတ်ဆင်ထားသည့် ကလပ်အဖွဲ့ဝင် ထောင်ယဲကို ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချန်ချွမ်း၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ညဦးယံအချိန်တွင် ကျီလျင်ပြည်နယ်၊ ကျီလျင်မြို့ရှိ ဝမ့်ခေါ ဟုန်းဟွားအိုင် အပန်းဖြေစခန်း၏ နှင်းလျှောစီးလမ်းကြောင်းတွင် နှင်းလျှောစီးဝါသနာရှင်တစ်စုသည် ကေဘယ်ကားပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာခဲ့ကြသည်။ ၎င်းတို့သည် ခြေထောက်တွင် နှင်းလျှောစီးဘုတ်ပြားများ စီးနင်းထားပြီး ပေကျင်း အော်ပရာ ဝတ်စုံများဝတ်ဆင်ထားကာ ခဏတာ ဆွေးနွေးဖလှယ်ပြီးနောက် နှင်းလျှောစီးလမ်းကြောင်းပေါ်မှ အရှိန်အဟုန်ဖြင့် ဆင်းသွားကြသည်။ ပီကင်းအော်ပရာ သူရဲကောင်းဝတ်စုံအနောက်ရှိ တြိဂံအလံ၏ တဖျပ်ဖျပ်လွင့်နေမှု၊ လေပေါ်မှာပျံဝဲနေသော နှင်းပွင့်များ အတူယှဉ်တွဲနေမှု စသည့် ပေကျင်းအော်ပရာပုံပန်းသဏ္ဌာန်နှင့် နှင်းလျှောစီးခြင်းကို ပေါင်းစပ်ထားသော မြင်ကွင်းက တစ်မူထူးခြားသည့် “ခေတ်ရေစီးကြောင်း ယဉ်ကျေးမှု” ကို လှစ်ဟပြနေသည်။
ကလပ်ခေါင်းဆောင် သင်းနင်က ဤစိတ်ဝင်စားဖွယ် “ဝတ်စားဆင်ယင်မှု” နှင်းလျှောစီးကလပ်ကို ၂၀၂၀ ပြည့်နှစ်တွင်တည်ထောင်ခဲ့ပြီး အဲဒီနောက်ပိုင်း ဆီးနှင်းရာသီရောက်တိုင်း ၎င်းက အသင်းဝင်များကို နှင်းလျှောစီးစခန်းသို့ လာရောက်၍ “ဝတ်စုံလဲကာ ညနှင်းလျှောစီး” နေသော ဗီဒီယိုအတိုရိုက်ကူးခြင်းနှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်းအတွက် စုစည်းခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ၎င်းတို့ ရိုက်ကူးခဲ့သော ရှေးခေတ်ဝတ်စုံနှင့် နှင်းလျှောစီးခဲ့သော ဗီဒီယိုအတိုသည် ထုတ်လွှင့်ပြီးနောက်တွင် အင်တာနက်တွင် လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူသိများလာခဲ့သည်။ ထို့နောက် ၎င်းတို့သည် တရုတ်ယဉ်ကျေးမှုနှင့် နှင်းလျှောစီးခြင်းအားကစား ပေါင်းစပ်ထားသော ဗီဒီယိုအတိုများကို ထပ်မံရိုက်ကူးခဲ့သည်။ “ပေကျင်း အော်ပရာနဲ့ တရုတ်သိုင်း စတဲ့ ခေါင်းစဉ်တွေကို အခြေခံထားတဲ့ ဝတ်စုံတွေဟာ အင်တာနက်အသုံးပြုသူအများအပြားရဲ့ ကြိုက်နှစ်သက်မှု ရရှိခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ဒီနည်းလမ်းတွေကို အသုံးပြုပြီး ‘နိုင်ငံရဲ့ ခေတ်ရေစီးကြောင်း’ ယဉ်ကျေးမှု၊ ဆောင်းရာသီဆီးနှင်း၊ ရေခဲအားကစားတွေအပေါ် လူတွေပိုပြီး ကြိုက်နှစ်သက်လာစေလိုပါတယ်” ဟု သင်းနင်က ပြောကြားခဲ့သည်။ (Xinhua)

ကလပ်၏ ရိုက်ကူးရေးသမား ကျန်းချွမ်းရှောင် (ဝဲ၊ ဒုတိယ) က ကလပ်အဖွဲ့ဝင်အတွက် “ဝတ်စုံလဲ၍ ညနှင်းလျှောစီးခြင်း” ရိုက်ကူးနေသည်ကို ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


……………………….
(Chinese Version)
当“国潮”遇上滑雪
长春,2024年12月14日
夜幕降临,在吉林省吉林市万科松花湖度假区的雪道上,几位滑雪爱好者陆续走下缆车。他们脚踩单板,身着京剧服饰,经过简单交流后纵身一跃,从雪道上飞驰而下。身后的“靠旗”与扬起的雪花一同在空中飞舞,京剧身段与单板特技的有机融合,展现出滑雪运动别样的“国潮”之美。
俱乐部负责人丁宁介绍,这个有趣的“变装”滑雪俱乐部成立于2020年,之后的每个雪季他都会组织队员来到雪场进行“换装夜滑”的短视频拍摄和直播。2022年,他们拍摄的古装滑雪短视频在发布后迅速走红。此后,他们拍摄了更多将中华文化和滑雪运动相结合的短视频。丁宁说:“京剧、武侠等题材的服饰深受广大网友喜爱,我们想用这种方式,让更多人爱上‘国潮’文化,爱上冰雪运动。”
图说1:12月12日,身穿京剧服饰的俱乐部成员陶野在雪道上滑行。新华社记者 张楠 摄
图说2:12月12日,俱乐部摄影师张全尧(左二)拍摄成员“换装夜滑”。新华社记者 张楠 摄