Connect with us

Africa & Middle East

“အစ္စရေးက ဆီးရီးယားနဲ့ ပဋိပက္ခ ဖြစ်လိုတဲ့ ဆန္ဒမရှိဘူး” ဟု အစ္စရေးနိုင်ငံ ၀န်ကြီးချုပ် ဆို

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟု ကြေညာချက်ထုတ်ပြန်သော ရုပ်သံဗီဒီယို မြင်ကွင်းတစ်ခုကို နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အစ္စရေးနိုင်ငံ အစိုးရ ပြန်ကြားရေးရုံး)

ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
“အစ္စရေးက ဆီးရီးယားနဲ့ ပဋိပက္ခ ဖြစ်လိုတဲ့ ဆန္ဒမရှိဘူး”၊ အစ္စရေးအနေဖြင့် လက်တွေ့ အခြေအနေပေါ် အခြေခံပြီး ဆီးရီးယားနှင့်ပတ်သက်သောမူဝါဒများကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက ဒီဇင်ဘာ ၁၅ ရက် ရုပ်သံဗီဒီယိုတွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ဆယ်စုနှစ်များတစ်လျှောက် ဆီးရီးယားသည် အစ္စရေးနှင့် ရန်လိုသောနိုင်ငံတစ်နိုင်ငံအဖြစ် အစ္စရေးအပေါ် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အီရန်အား ဆီးရီးယားပိုင်နက်အတွင်းမှ လက်ဘနွန်ဟစ်ဇ်ဘိုလာများကို လက်နက်တပ်ဆင်ခွင့်ပေးခဲ့ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။ ဤကဲ့သို့အခြေအနေများ ထပ်မံဖြစ်ပွားမှုမရှိစေရေးသေချာစေရန်၊ ဆီးရီးယားမှ ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ခြိမ်းခြောက်မှုများကို ဟန့်တားရန်နှင့် “နယ်စပ်အနီး” “အကြမ်းဖက်သမားများ” ထိန်းချုပ်ခွင့် ရရှိသွားမည်ကို တားဆီးရန် အစ္စရေးသည် ယခုရက်ပိုင်းများတွင် လှုပ်ရှားမှုများ ခပ်စိပ်စိပ် လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အစ္စရေးစစ်တပ်သည် ဆီးရီးယား၏ ဆယ်စုနှစ်များအတွင်း တည်ဆောက်ခဲ့သော စွမ်းရည်များကို ဖျက်ဆီးခဲ့ပြီး ဆီးရီးယားမှတစ်ဆင့် ဟစ်ဇ်ဘိုလာအဖွဲ့တို့အား လက်နက်များပံ့ပိုးပေးသည့် ထောက်ပံ့ရေးလမ်းကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။ အစ္စရေးသည် ဟစ်ဇ်ဘိုလာအဖွဲ့များ ပြန်လည်ဖွဲ့စည်း လက်နက်တပ်ဆင်ခြင်းမှ တားဆီးရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အစ္စရေးအနေဖြင့် “အရှေ့အလယ်ပိုင်းကို ပြောင်းလဲလျက်” ရှိကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
အထူးသဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းသိမ်းခံထားရသူများအရေးကိစ္စ၊ အရှေ့အလယ်ပိုင်းဒေသ အခြေအနေနှင့် စပ်လျဉ်း၍ အဆိုပါနေ့အစောပိုင်းတွင် အမေရိကန်နိုင်ငံ ရွေးကောက်ခံသမ္မတ ထရမ့်နှင့် တယ်လီဖုန်းဆက်သွယ်ကာ “ဖော်ရွေ၊ လှိုက်လှဲပြီး အရေးကြီးသော ဆွေးနွေးမှုများ” ရှိခဲ့သည်ဟုလည်း နေတန်ယာဟုက ပြောကြားခဲ့သေးသည်။ အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ထိန်းသိမ်းထားခံရသူအားလုံး “သူတို့ အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ” ပြန်လွှတ်ပေးရေးအတွက် အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
###နေတန်ယာဟု #ဟစ်ဇ်ဘိုလာအဖွဲ့ #ဆီးရီးယား #ထိန်းသိမ်းထားခံရသူပြန်လွှတ်ပေးရေး #အရှေ့အလယ်ပိုင်းဒေသ #အစ္စရေးနိုင်ငံ
…………………………..
(Chinese Version)
以总理说“以色列无意与叙利亚发生冲突”
新华社耶路撒冷12月15日电(记者王卓伦 冯国芮)以色列总理内塔尼亚胡15日晚发表视频声明说,“以色列无意与叙利亚发生冲突”,以方将根据实际情况确定对叙利亚的政策。
内塔尼亚胡表示,几十年来叙利亚一直是以色列的敌对国家,对以色列发动袭击,并允许伊朗通过叙利亚领土武装黎巴嫩真主党。为确保这种情况永不再发生,以色列近日采取了一系列密集行动,以挫败来自叙利亚的潜在威胁,并防止“恐怖分子”在“边境附近”取得控制权。
内塔尼亚胡说,过去几天,以军摧毁了叙利亚数十年来建立的能力,打击了通过叙利亚向真主党提供武器的供应路线。以色列致力于防止真主党重建武装。他强调说,以色列正在“改变中东”。
内塔尼亚胡还说,他当天早些时候与美国当选总统特朗普通电话,就中东局势进行了“友好、热忱和重要的讨论”,特别是加沙地带被扣押人员问题。他表示,以方将继续不遗余力让所有加沙地带被扣押人员获释,“无论他们是活着还是死去”。(完)
图说:这是11月26日以色列总理内塔尼亚胡发表视频声明的视频截图。新华社发(以色列政府新闻办公室供图)