Connect with us

China

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် BWF World Tour Finals တွင် တရုတ်နိုင်ငံက ပြိုင်ပွဲ ၃ ခု၌ ချန်ပီယံဆုများ ရရှိ

ချန်ပီယံဆုရှင် စီယွီချီကို ဆုပေးပွဲအခမ်းအနား၌ ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် BWF World Tour Finals ၏ ဗိုလ်လုပွဲအသီးသီး ယှဉ်ပြိုင်ပြီးနောက် တရုတ်နိုင်ငံ ကြက်တောင်အသင်းက နောက်ဆုံးတွင် အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်းနှင့် အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ ၃ ခုတွင် ချန်ပီယံဆု အသီးသီး ရရှိခဲ့ကြသည်။
အမျိုးသား တစ်ဦးချင်း ဗိုလ်လုပွဲ၌ တရုတ်နိုင်ငံမှ စီယွီချီသည် ၂-၀ မှတ်ဖြင့် ဒိန်းမတ်နိုင်ငံမှ Anders Antonsen ကို အနိုင်ရရှိခဲ့ရာ ခြောက်နှစ်ကြာပြီးမှ ပထမဆုံးအကြိမ် Tour Finals တွင် ချန်ပီယံဆု ထပ်မံရရှိခဲ့သည်။ “ကစားသမားနှစ်ယောက်လုံးက အရမ်းအာရုံစိုက်ကစားခဲ့ကြတယ်၊ ကြက်တောင်ပေးတဲ့အခါမှာလဲ သတိထားတာကြောင့် အရမ်းခက်ခဲတဲ့ ကစားပွဲတစ်ခုပါ။ အထူးသဖြင့် ပိုက်ကွန်ရှေ့မှာ နှစ်ယောက်လုံးက တစ်ဖက်လူ ကြက်တောင် ဖမ်းမိမှာကို ကြောက်ကြတယ်” ဟုစီယွီချီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
အမျိုးသမီး တစ်ဦးချင်း ဗိုလ်လုပွဲတွင် ပထမအကြိမ် နှစ်စဉ် Finals ပွဲတွင် ပါဝင်ခဲ့သည့် ဝမ်ကျီရီက ပထမပွဲငယ်၌ ရှုံးနိမ့်ခဲ့ရာ ဒုတိယပွဲငယ်တွင်လည်း ၁၆-၁၉ မှတ်ဖြင့် နောက်ကျသည့် အခြေအနေတွင် နှစ်ပွဲဆက်တိုက် အနိုင်ရကာ ဟန်ယွဲ့ကို တန်ပြန် အနိုင်ယူပြီး ချန်ပီယံဆုရရှိခဲ့သည်။
“ဒုတိယပွဲငယ်မှာ တန်ပြန်နိုင်ခြင်းကို ကျွန်မရဲ့ ယုံကြည်မှုနဲ့ အရှိန်အဟုန်ကို အတိုင်းအတာတစ်ခုအထိ တိုးတက်စေခဲ့ပြီး ကျွန်မပြိုင်ဘက်ကလည်း ကိုယ်ခံစွမ်းရည်ပိုင်းမှာ ခက်ခဲတဲ့ အနေအထားမှာ ရှိနေနိုင်တာကြောင့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးလုပ်ဖို့ အခိုင်အမာ စိတ်ပိုင်းဖြတ်ခဲ့တယ်” ဟု ဝမ်ကျီရီက ပွဲအပြီး၌ ပြောကြားခဲ့သည်။ အုပ်စုအဆင့် ရှုံးပွဲကနေ ဗိုလ်လုပွဲအထိ မိမိမှာ တိုးတက်မှု အလွန်ကြီးမားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံတကာ ပွဲစဉ် “နောက်ဆုံးရိုက်ချက်” ဖြစ်သော “ရာ-စီး” အဖွဲ့သည် ၎င်းတို့အတွက် နောင်တရစရာ တစ်စုံတစ်ရာ မကျန်ခဲ့ဘဲ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ ဗိုလ်လုပွဲတွင် ၂-၁ မှတ်ဖြင့် မလေးရှားအဖွဲ့ကို အနိုင်ရကာ ချန်ပီယံဆုဖြင့် ၎င်းတို့၏ နိုင်ငံတကာ ပွဲစဉ်များကို ရွှေရောင်နိဂုံးချုပ်စေခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ကျိမ့်စီဝေ၏ ဦးဆောင်မှုအောက်မှာ ထောင်နှင့်ချီသော ကြည့်ရှုသူများသည် “‘ရာ-စီး’ ဘယ်တော့မှ မပြီးဆုံးဘူး” ဟု သံပြိုင်ဟစ် ကြွေးကြော်ခဲ့ကြရာ မြင်ကွင်းမှာ ကြည်နူးအားတက်ဖွယ်ဖြစ်ခဲ့သည်။
“‘ရာ-စီး’ အဖွဲ့က လူအများကို ပေးလိုတဲ့မက်ဆေ့စ်က အောင်မြင်မှု ဟုတ်ချင်မှဟုတ်မယ်။ ပြိုင်ပွဲမှာပဲဖြစ်ဖြစ်၊ ဘဝမှာပဲဖြစ်ဖြစ်၊ ပြိုင်ဘက်က ဘယ်သူပဲဖြစ်နေပါစေ၊ ကျွန်တော်တို့ ချောမွေ့တဲ့အခြေအနေမှာဖြစ်စေ၊ ခက်ခဲတဲ့အခြေအနေမှာဖြစ်စေ ဘယ်တော့မှ လက်မလျှော့တဲ့ သဘောထားကို ပေးစွမ်းဖို့ မျှော်လင့်ပါတယ်” ဟု ကျိမ့်စီဝေက ပြောကြားခဲ့သည်။
အမျိုးသား နှစ်ယောက်တွဲ နှင့် အမျိုးသမီး နှစ်ယောက်တွဲ ချန်ပီယံဆုကို ဒိန်းမတ်အဖွဲ့ Kim Astrup/ Rasmussen နှင့် တောင်ကိုရီးယားအဖွဲ့ Baek Ha Na/ Lee So Hee တို့မှ အသီးသီး ရရှိခဲ့ကြသည်။ (Xinhua)

ဆုပေးပွဲအခမ်းအနား၌ ဆုဖလားကို အနမ်းပေးနေသော ချန်ပီယံဆုရှင် ဝမ်ကျီရီကို ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အနိုင်ရ၍ ဂုဏ်ပြုနေသော ကျိမ့်စီဝေ (ဝဲ) နှင့် ဟွမ်ရာချုံ ကို ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(Chinese Version)
世界羽联世界巡回赛总决赛:国羽夺得三项冠军
新华社杭州12月15日电(记者夏亮、田光雨)15日,2024年世界羽联世界巡回赛总决赛结束各项决赛角逐,国羽最终夺得男单、女单、混双三项冠军。
男单决赛,石宇奇2:0战胜丹麦选手安东森,时隔六年再夺巡回赛总决赛冠军。“非常困难的一场比赛,因为两个人精力都非常集中,出球也都很谨慎,特别是网前都怕对手会抓球。”石宇奇赛后说。
女单决赛,首次参加年度总决赛的王祉怡在先丢一局、第二局一度以16:19落后的情况下连扳两局,逆转战胜韩悦夺得冠军。
“第二局逆转对于自己的信心包括气势有一定的提升,而且在体力上可能对手也是处于比较困难的状态,所以也是更加坚定地去做好自己。”赛后王祉怡表示,从小组赛输球到决赛,自己收获非常大。
国际赛场“最后一舞”的“雅思”组合没有给自己留下任何遗憾,他们在混双决赛中2:1击败马来西亚组合,用冠军为自己的国际赛事画上了金色的句号。
“‘雅思’,永不落幕!”赛后,在郑思维的带领下,现场数千名观众齐声高呼,场面令人动容。
“我希望‘雅思’组合给大家传递的,并不一定是什么成就,而是一种永不放弃的态度——无论对待比赛还是生活,无论对手是谁,无论我们处于顺境也好、困境也罢,都不要放弃。”郑思维说。
男双和女双冠军分别由丹麦组合阿斯特鲁普/拉斯姆森和韩国组合白荷娜/李绍希获得。
图说1:12月15日,冠军石宇奇在颁奖仪式上。
图说2:12月15日,冠军王祉怡在颁奖仪式上亲吻奖杯。
图说3:12月15日,郑思维(左)/黄雅琼庆祝获胜。