Connect with us

North America

ထရမ့်၏ စည်းကြပ်ခွန်များ ထပ်တိုးသတ်မှတ်ခြင်းက အမေရိကန် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) သိသိသာသာ ကျဆင်းစေမည်ဟု ဂျပန်အေဂျင်စီက ခန့်မှန်းတွက်ချက်

အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ Charlotte မြို့တွင် ကျင်းပသော အမေရိကန် ရီပက်ဘလစ်ကန် အမျိုးသားညီလာခံ၌ မိန့်ခွန်းပြောကြားနေသော ထိုစဉ်က အမေရိကန် သမ္မတ ထရမ့်ကို ဗီဒီယိုဖန်သားပြင်မှတစ်ဆင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ရွေးကောက်ခံသမ္မတ ထရမ့် အဆိုပြုထားသော နိုင်ငံများစွာအပေါ် စည်းကြပ်ခွန်များ ထပ်တိုးသတ်မှတ်ခြင်း အစီအစဉ်က အမေရိကန် ပြည်တွင်း ကုန်စျေးနှုန်းများ မြင့်တက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ကျဆင်းလာခြင်း၊ စီးပွားရေးတိုးတက်မှုကို ဟန့်တားခြင်း သို့မဟုတ် အမေရိကန်နိုင်ငံ၏ ၂၀၂၇ ခုနှစ် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ကို ၁.၁ ရာခိုင်နှုန်း ကျဆင်းသွားစေနိုင်သည်ဟု ဂျပန်《Nikkei》သတင်းဌာနက မကြာသေးမီက သုတေသနအေဂျင်စီတစ်ခုမှ အစီရင်ခံစာကို ကိုးကား၍ ဖော်ပြခဲ့သည်။

ထရမ့်သည် ၎င်းတာဝန်စတင်ထမ်းဆောင်သည့်နေ့မှ စတင်၍ မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့မှ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ ထပ်တိုးသတ်မှတ်မည်ဟု ယခင်က ကြေညာခဲ့သည်။ အဆိုပါ မူဝါဒ၏ သက်ရောက်မှုကို တွက်ချက်ရန် ဂျပန်《Nikkei》သတင်းဌာနက ဂျပန်နိုင်ငံခြားကုန်သွယ်ရေးအဖွဲ့ (JETRO) အာရှစီးပွားရေးသုတေသနဌာနကို အပ်နှံခဲ့သည်။ စည်းကြပ်ခွန်တိုးမြင့်မှုမရှိသည့် အခြေအနေနှင့် နှိုင်းယှဉ်ပါက အမေရိကန်နိုင်ငံ၏ ၂၀၂၇ ခုနှစ် GDP သည် ၁.၁ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းထားပြီး ၎င်းတို့အနက် သတ္တုတွင်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ၁.၅ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားမည်ဖြစ်ကြောင်း သုံးသပ်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်သည် စီးပွားရေးအရ နီးကပ် ဆက်သွယ်မှုရှိသော မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ တင်သွင်းသည့် ခရမ်းချဉ်သီးနှင့် ထောပတ်သီးများစသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို အခွန်တိုးမြှင့်ခြင်းကြောင့် အရောင်းဈေးနှုန်း မြှင့်တက်ကာ အမေရိကန် ပြည်တွင်းဝယ်ယူစာသုံးမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ လျော့ပါးနိုင်သည်ဟု ဂျပန်《Nikkei》သတင်းဌာနက ထောက်ပြခဲ့သည်။

“ထရမ့်ရဲ့ မြင့်မားတဲ့စည်းကြပ်ခွန်မူဝါဒက ‘မိမိကိုယ်ကို အကျိုးယုတ်စေတဲ့ အပြုအမူ’ ဖြစ်လာနိုင်ဖွယ်ရှိပြီး ကမ္ဘာ့စီးပွားရေး အလုံးစုံ တိုးတက်မှုရဲ့ အတားအဆီး အကြောင်းရင်းတစ်ခုလည်း ဖြစ်လာနိုင်တယ်” ဟု အာရှစီးပွားရေး သုတေသနဌာန သက်ဆိုင်ရာတာဝန်ခံ Shigeru က ထောက်ပြခဲ့သည်။ (Xinhua)
………………………
(Chinese Version)
日机构测算:特朗普加征关税将使美国GDP显著下降
新华社东京12月16日电(记者刘春燕 欧阳迪娜)《日本经济新闻》日前引用研究机构报告报道,美国当选总统特朗普提出对多国加征关税的计划,将使美国国内物价上涨、就业下降、抑制经济增长,或导致美国2027年国内生产总值(GDP)下降1.1%。
特朗普此前宣布,自他上任首日起,美国将对来自墨西哥、加拿大和中国的产品加征关税。日本经济新闻社委托日本贸易振兴机构亚洲经济研究所对该政策的影响进行了推算。结论显示,与不提高关税的情况相比,美国2027年GDP预计将减少1.1%,其中矿业和农业将分别下降1.5%。
《日本经济新闻》指出,美国从经济联系密切的墨西哥和加拿大进口西红柿和牛油果等蔬菜和水果,加税将导致销售价格上涨,可能会打击美国国内消费并减少就业机会。
亚洲经济研究所相关负责人矶野生茂指出,“特朗普提出的高关税政策很有可能成为‘自损行为’,也可能成为抑制世界经济整体增长的因素”。(完)
图说:2020年8月24日拍摄的视频画面显示,时任美国总统特朗普在北卡罗来纳州夏洛特市举行的美国共和党全国代表大会上讲话。新华社记者刘杰摄