Connect with us

China

ရှန်ကျိုး-၁၉အာကာသယာဉ်မှူးအဖွဲ့ ပထမအကြိမ် အာကာသယာဉ်ပြင်ပ လုပ်ငန်းဆောင်ရွက်မှု အောင်မြင်စွာ ပြီးမြောက်

ရှန်ကျိုး-၁၉ အာကာသယာဉ်မှူး စုန့်လင့်တုန်း အာကာသစခန်း ပူးတွဲခန်းအပြင်ဘက်တွင် အလုပ်လုပ်နေသည်ကို ပေကျင်းအာကာသပျံသန်းနည်းပညာထိန်းချုပ်ရေးစင်တာမှ ဒီဇင်ဘာ ၁၇ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးအဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက်က ပထမအကြိမ် အာကာသယာဉ်ပြင်ပ လုပ်ငန်းဆောင်ရွက်မှု အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) ၏ ပြောကြားချက်အရ သိရသည်။
ထိုနေ့ ဒေသစံတော်ချိန် ည ၉ နာရီ ၅၇ မိနစ်တွင် အချိန် ၉ နာရီကြာ အာကာသယာဉ်ပြင်ပ လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးအဖွဲ့မှ ချိုက်ရွှိကျယ်၊ စုန့်လင့်တုန်းနှင့် ဝမ်ဟောက်ကျယ် တို့သည် နီးကပ်စွာ အတူတကွ ဟန်ချက်ညီညီလုပ်ဆောင်ခဲ့ကြပြီး အာကာသစခန်းရှိ စက်ရုပ်လက်တံနှင့် မြေပြင်သိပ္ပံသုတေသီများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးမှုဖြင့် အာကာသစခန်း၏ အာကာသအပိုင်းအစများ ကာကွယ်ရေး ကိရိယာ တပ်ဆင်ခြင်း၊ အာကာသယာဉ်ပြင်ပရှိ စက်ကိရိယာများနှင့် အဆောက်အဦများကို လှည့်လည်စစ်ဆေးခြင်းနှင့် နေရာချထားခြင်းစသည့် လုပ်ငန်းတာဝန်များ ပြီးမြောက်ခဲ့သည်။
အာကာသယာဉ်ပြင်ပ ထွက်၍ လုပ်ငန်းဆောင်ရွက်ခဲ့သော အာကာသယာဉ်မှူး ချိုက်ရွှိကျယ်နှင့် စုန့်လင့်တုန်းသည် ဝန့်ထျန်းလက်တွေ့စမ်းသပ်ခန်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ပြီး အာကာသယာဉ်ပြင်ပ လုပ်ငန်းဆောင်ရွက်မှု အောင်မြင်စွာ ပြီးမြောက်ခဲ့ရာ တရုတ်အာကာသယာဉ်မှူးများ၏ အာကာသယာဉ်ပြင်ပထွက် လှုပ်ရှားမှုကြာချိန်သည် ထပ်မံ စံချိန်သစ်တင်ခဲ့သည်။ အာကာသယာဉ်မှူး ချိုက်ရွှိကျယ်အနေဖြင့် အချိန် ၂ နှစ် ကြာပြီးနောက် အာကာသထဲတွင် ထပ်မံ လမ်းလျှောက်ခြင်းဖြစ်ပြီး စုန့်လင့်တုန်းမှာမူ တရုတ်နိုင်ငံ ပထမဆုံး အာကာသယာဉ်ပြင်ပ ရောက်ရှိခဲ့သော “၁၉၉၀ ပြည့်လွန်ဖွား” အာကာသယာဉ်မှူး ဖြစ်လာသည်။
အစီအစဉ်အရ ရှန်ကျိုး-၁၉ လူတင်ပျံသန်းရေး မစ်ရှင်ကာလအတွင်း အာကာသယာဉ်မှူးများနှင့် အသုံးပြုဝန်များအား အာကာသယာဉ်ပြင်ပ လုပ်ငန်းဆောင်ရွက်မှု ပြုလုပ်မည်ဖြစ်ပြီး သိပ္ပံနည်းကျ စမ်းသပ်မှုများနှင့် နည်းပညာဆိုင်ရာ စမ်းသပ်မှု အများအပြားကိုလည်း လုပ်ဆောင်မည်ဖြစ်သည်။ (Xinhua)

ရှန်ကျိုး-၁၉ အာကာသယာဉ်မှူး ချိုက်ရွှိကျယ် အာကာသစခန်း ပူးတွဲခန်းအပြင်ဘက်တွင် အလုပ်လုပ်နေသည်ကို ပေကျင်းအာကာသပျံသန်းနည်းပညာထိန်းချုပ်ရေးစင်တာမှ ဒီဇင်ဘာ ၁၇ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
神舟十九号航天员乘组圆满完成第一次出舱活动 宋令东成为中国首名太空出舱“90后”航天员
新华社北京12月17日电(李国利、邓孟)记者从中国载人航天工程办公室了解到,神舟十九号航天员乘组12月17日圆满完成第一次出舱活动。
当日21时57分,经过9小时的出舱活动,神舟十九号乘组航天员蔡旭哲、宋令东、王浩泽密切协同,在空间站机械臂和地面科研人员配合支持下,完成了空间站空间碎片防护装置安装、舱外设备设施巡检及处置等任务。
出舱航天员蔡旭哲、宋令东已安全返回问天实验舱,出舱活动取得圆满成功,再次刷新中国航天员出舱活动时长纪录。航天员蔡旭哲时隔两年再度漫步太空,宋令东成为中国首名进行出舱活动的“90后”航天员。
按计划,神舟十九号载人飞行任务期间还将实施人员和应用载荷出舱活动,并开展大量科学实验与技术试验。(完)
图说1:12月17日在北京航天飞行控制中心拍摄的神舟十九号航天员宋令东在空间站组合体舱外工作的画面。新华社记者 李杰 摄
图说2:12月17日在北京航天飞行控制中心拍摄的神舟十九号航天员蔡旭哲在空间站组合体舱外工作的画面。新华社记者 李杰 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.