Connect with us

Asia

မလေးရှားက မလေးရှားလေကြောင်းလိုင်း MH370 ခရီးသည်တင်လေယာဉ်ကို ပြန်လည်ရှာဖွေရန် အခြေခံမူအားဖြင့် အဘယ်ကြောင့်သဘောတူခဲ့သနည်း

ဖိလစ်ပိုင်နိုင်ငံ မတ်ကာတီမြို့ရှိ ကျောင်းတစ်ကျောင်းတွင် သုံးဖက်မြင် ပန်းချီကို ကြည့်ရှု၍ ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်း MH370 အတွက် ဝမ်းနည်းကြောင်း ဖော်ပြနေသည့် ကျောင်းသူ/ကျောင်းသားများအား ၂၀၁၄ ခုနှစ် မတ်လ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်း MH370 ခရီးသည်တင်လေယာဉ်၏ အပျက်အစီးကို ဆက်လက်ရှာဖွေရန် အဆိုပြုထားသည့် ရေအောက်ရှာဖွေရေးကုမ္ပဏီ Ocean Infinity ၏ နည်းလမ်းအသစ်ကို မူအားဖြင့် သဘောတူခဲ့ကြောင်း မလေးရှားအစိုးရက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မလေးရှားလေကြောင်းလိုင်း MH370 ခရီးသည်တင်လေယာဉ်ပျောက်ဆုံးပြီး ဆယ်နှစ်အတွင်း လေယာဉ်အပျက်အစီးများကို ကမ္ဘာတဝန်းရှိ နေရာအများအပြားတွင် တွေ့ရှိခဲ့ပြီး ရှာဖွေရေးလုပ်ငန်းများသည် အကြိမ်ပေါင်းများစွာ စတင်ခဲ့ပြီး တဖန်ရပ်တန့်ခဲ့ရသည်။ ယခုတစ်ကြိမ် ရှာဖွေမှု ပြန်လည်စတင်ရန် မလေးရှားအစိုးရသည် အဘယ်ကြောင့် မူအားဖြင့် သဘောတူခဲ့သနည်း။ “Ocean Infinite” သည် မည်သည့်ကုမ္ပဏီဖြစ်ပါသနည်း။ မည်သို့ပြန်လည်စတင်မည်နည်း။
အဘယ်ကြောင့်ပြန်လည်ရှာဖွေရန်စတင်သနည်း။
၂၀၁၄ ခုနှစ် မတ်လ ၈ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပေကျင်းသို့ ပျံသန်းလာသော မလေးရှားလေကြောင်းလိုင်း MH370 ခရီးသည်တင်လေယာဉ်သည် အဆက်အသွယ်ပြတ်တောက်ခဲ့ရာ လေယာဉ်ပေါ်တွင် လူ ၂၃၉ ဦးပါရှိကြောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် အဆိုပါ လေယာဉ် မတော်တဆဖြစ်ပွားခဲ့ကြောင်း မလေးရှားမြို့ပြလေကြောင်းအာဏာပိုင်က ကြေညာခဲ့ပြီး လေယာဉ်ပေါ်ရှိ လူအားလုံး သေဆုံးခဲ့ကြောင်း သုံးသပ်ခဲ့သည်။ ယခုအကြိမ် ရှာဖွေမှုသည် ရေအောက်ရှာဖွေရေးကုမ္ပဏီ Ocean Infinity အဆိုပြုသော နောက်ဆုံး အချက်အလက်များနှင့် ကိန်းဂဏန်းအချက်အလက် ခွဲခြမ်းစိတ်ဖြာမှုများကိုအခြေခံကြောင်း မလေးရှားနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke က ဒီဇင်ဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ ထိုကိန်းဂဏန်းအချက်အလက်များကို အသေးစိတ်သုတေသန ပြုလုပ်ခဲ့ပြီး ကျွမ်းကျင်ပညာရှင်အများအပြား၏ သုတေသနအပေါ် အခြေခံထားသော ဤနည်းလမ်းအသစ်သည် “ယုံကြည်စိတ်ချ” ရပြီး “Ocean Infinity” ကုမ္ပဏီအနေဖြင့် “ယခုအကြိမ် အဆိုပြုထားသော ရှာဖွေမှုနယ်ပယ်သစ်အတွက် ယုံကြည်မှု” ရှိသည်ဟု ယူဆသည်။
“ဒါက မလေးရှားလေကြောင်းလိုင်း MH370 ခရီးသည်တင်လေယာဉ် ရှာဖွေဖို့ နောက်တစ်ခေါက် ကြိုးစားကြည့်ခြင်းဖြစ်သလို ခရီးသည်တွေရဲ့ ဆွေမျိုးသားချင်းအပေါ် ကတိကဝတ်ပြုခြင်းလည်းဖြစ်တယ်၊ မလေးရှားအစိုးရအနေနဲ့ ဆက်လက်ရှာဖွေသွားမယ်” ဟု Anthony Loke က ပြောကြားခဲ့သည်။ “ဒီအခေါက် ရှာဖွေရေးကနေ အပြုသဘောဆောင်တဲ့ ရလဒ်တွေရရှိပြီး လေယာဉ်အပျက်အစီးရှာတွေ့ကာ မိသားစုဝင်တွေကို အဖြေတစ်ခုပေးနိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
MH370 ခရီးသည်တင်လေယာဉ် အဆက်အသွယ်ပြတ်ပြီးနောက် မလေးရှား၊ ဩစတေးလျ၊ တရုတ် သုံးနိုင်ငံပူးပေါင်း၍ ရှာဖွေရေးလှုပ်ရှားမှုများ စတင်ခဲ့ပြီး အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း တစ်လျှောက် စတုရန်းကီလိုမီတာ ၁၂၀,၀၀၀ ရှိသော ပင်လယ်ရေပြင်၏ ရေအောက်ရှာဖွေမှုကို ပြီးစီးခဲ့သည်။ ရှာဖွေရေးတွင် ရလဒ်များမရှိသဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ရှာဖွေရေးလှုပ်ရှားမှုရပ်တန့်ကြောင်း သုံးနိုင်ငံက ကြေညာခဲ့သည်။
အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိကအနေဖြင့် MH370 ခရီးသည်တင်လေယာဉ် ရှာဖွေခြင်းကို ခွင့်ပြုခဲ့ပြီး လေယာဉ်အပျက်အစီး ရှာဖွေတွေ့ရှိသူအား ဆုချီးမြှင့်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ အစိုးရက ယခင်တွင် ပြောကြားခဲ့ဖူးသည်။
“Ocean Infinity” ကုမ္ပဏီက မည်သူနည်း
“Ocean Infinity” သည် အဏ္ဏဝါစက်ရုပ်နည်းပညာ ထူးခြားချက်ရှိသည့် ရေအောက်ရှာဖွေရေးကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းအဖွဲ့အစည်းများသည် အဓိကအားဖြင့် အမေရိကန်နှင့် ဗြိတိန်တို့တွင်တည်ရှိသည်။
အစောပိုင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက မလေးရှားနိုင်ငံ အစိုးရနှင့် “Ocean Infinity” ကုမ္ပဏီ သဘောတူညီမှုရရှိပြီး ရှာဖွေရေးပြန်လည်စတင်ခဲ့သော်လည်း စုစုပေါင်း စတုရန်းကီလိုမီတာ ၁၁၂,၀၀၀ ရှိသော ပင်လယ်ကြမ်းပြင် ရှာဖွေရေးနှင့် ဓါတ်ပုံစုစည်းမှုများပြီးနောက်တွင်လည်း ရလဒ်များ မရရှိသဖြင့် ထိုနှစ် မေလတွင် ရှာဖွေမှုလုပ်ငန်းကို ရပ်တန့်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် မတ်လ၌ MH370 ခရီးသည်တင်လေယာဉ် အဆက်အသွယ်ပြတ်ခဲ့သည့် ၁၀ နှစ်မြောက်အချိန်အခါတွင် “Ocean Infinity” ကုမ္ပဏီသည် MH370 ခရီးသည်တင်လေယာဉ် နောက်ဆုံး ရှိခဲ့သည့်နေရာအထောက်အထားများကို တွေ့ရှိခဲ့ကြောင်း ကြေညာခဲ့သည်။ ထို့နောက်တွင် “Ocean Infinity” ကုမ္ပဏီသည် ရှာဖွေရေးနည်းလမ်းအသစ်ကို မလေးရှားနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကို တင်ပြခဲ့သည်။
မည်သို့ ပြန်လည်စတင်မည်နည်း။
ယခုအကြိမ် ရှာဖွေရေးသည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း၏ စတုရန်းကီလိုမီတာ ၁၅,၀၀၀ ခန့်ရှိ ပင်လယ်ရေအောက် နယ်ပယ်အသစ်တွင် ရှာဖွေမည်ဖြစ်ပြီး မလေးရှားနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် “Ocean Infinity” ကုမ္ပဏီနှင့် သက်ဆိုင်ရာ သဘောတူညီမှုသတ်မှတ်ချက်များ ညှိနှိုင်းဆွေးနွေးလျက်ရှိရာ ၂၀၂၅ ခုနှစ်အစောပိုင်းတွင် အဆိုပါသဘောတူညီချက်ကို အတည်ပြုမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်ဟု Anthony Loke က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သဘောတူညီချက် ကာလမှာ ၁၈ လ ကြာမြင့်ပြီး မလေးရှားနိုင်ငံ၏ ရှေ့နေချုပ်ရုံးက ပြန်လည်စိစစ်ပြီး နှစ်ဖက် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။
“သဘောတူညီမှုရရှိပြီးနောက် ရှာဖွေရေးလုပ်ငန်းကို ချက်ချင်းစတင်မှာဖြစ်ပါတယ်” ဟု Anthony Loke က ပြောကြားခဲ့သည်။ ရှာဖွေရေးလုပ်ဆောင်ရန်အကောင်းဆုံးအချိန်မှာ ဇန်နဝါရီလ မှ ဧပြီလ ဖြစ်ပြီး “ ကျွန်တော်တို့ သဘောတူညီမှု အမြန်ဆုံးရရှိအောင်လုပ်ပြီး လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်” ဟု “Ocean Infinity” ကုမ္ပဏီက ပြောကြားခဲ့သည်။
ယခုအကြိမ် ရှာဖွေရေးသည် “ရှာမတွေ့လျှင် ဝန်ဆောင်ခပေးမည်မဟုတ်” ဟူသော မူအရ အကယ်၍ “Ocean Infinity” ကုမ္ပဏီက လက်တွေ့မည်မည်ရရအပျက်အစီးရှာဖွေတွေ့ရှိမှု ရှိပါက ဝန်ဆောင်ခအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၇၀ ရရှိမည်ဖြစ်ကြောင်း Anthony Loke က ပြောကြားခဲ့သည်။ သဘောတူညီမှု သတ်မှတ်ချက်များအရ မည်သည့်တွေ့ရှိမှုမဆို ယုံကြည်ဖွယ်ဖြစ်ရမည်၊ “အပျက်အစီး အပိုင်းအစအချို့ပဲမဖြစ်ရဘူး၊ သဘောတူညီချက်မှ စံနှုန်းကို အတိအကျ ဖော်ပြထားတယ်” ဟု ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
အဆက်အသွယ်ပြတ်နေသော ခရီးသည်တင် လေယာဉ်ကို ယခုအကြိမ် တွေ့ရှိနိုင်ခြေ အလားအလာကို ဖြေကြားရာတွင် Anthony Loke က လက်ရှိထိုအဆင့်တွင် တိကျသော အဖြေကို မည်သူမျှ မပေးနိုင်ကြောင်း၊ “၁၀ နှစ်ကျော် ကြာခဲ့ပြီ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………………………
(Chinese Version)
热点问答|马来西亚何以原则同意重启马航370航班客机搜寻
新华社吉隆坡12月20日电 新华社记者毛鹏飞
马来西亚政府20日表示,原则同意基于水下探测公司“海洋无限”提出的新方案继续搜寻失踪的马航370航班客机残骸。马航370航班客机失联十年间,客机残骸在世界多地被发现,搜寻工作多次启动又中断。此次马政府为何原则同意重启搜寻?“海洋无限”是什么公司?怎么样重启?
为何重启搜寻?
2014年3月8日,从马来西亚吉隆坡飞往中国北京的马航370航班客机失联,机上载有239人。2015年1月29日,马来西亚民航局宣布该航班客机失事,并推定机上所有人员遇难。马来西亚交通部长陆兆福在20日的新闻发布会上表示,此次搜寻基于水下探测公司“海洋无限”提供的最新信息和数据分析进行。
交通部已对这些数据进行了细致研究,认为这一基于许多专家研究的新方案是“可信的”,“海洋无限”公司“对这次提出的新搜索区域有信心”。
“这是寻找马航370航班客机的又一次努力尝试,也是我们对乘客亲属的承诺,马来西亚政府会继续搜寻。”陆兆福说:“我们希望这次搜寻能取得积极结果,找到客机残骸并给家属一个交代。”
马航370航班客机失联后,马来西亚、澳大利亚和中国三方联合开展搜索行动,完成了对南印度洋一块12万平方公里海域的水下搜索。在搜索未果后,三方于2017年1月宣布中止搜索行动。
马来西亚政府曾表示,允许组织或个人搜寻马航370航班客机,并对发现飞机残骸者予以奖励。
“海洋无限”是谁?
“海洋无限”是一家以海洋机器人技术为特色的水下探测公司,其团队主要位于美国和英国。
早在2018年1月,马来西亚政府与“海洋无限”公司曾达成协议重启搜寻,但经过对总计11.2万平方公里海床完成的搜索和图像搜集之后,依旧未有结果,当年5月底停止了搜寻工作。
2024年3月,在马航370航班客机失联十周年之际,“海洋无限”公司宣称找到了关于马航370航班客机最后出现位置的证据。随后,“海洋无限”公司将新的搜寻方案提交给马来西亚交通部。
怎么样重启?
陆兆福在新闻发布会上说,此次搜寻将在印度洋南部约1.5万平方公里的海底新区域展开,马交通部正在同“海洋无限”公司协商相关协议条款,预计于2025年早些时候敲定协议。协议为期18个月,交由马来西亚总检察署审查后由双方签署。
“一旦达成协议,将马上开始搜寻工作。”陆兆福说,“海洋无限”公司表示,最佳搜寻期为1月至4月,“我们将尽快达成并签署协议”。
陆兆福说,此次搜寻以“找不到不给钱”为原则,如果“海洋无限”公司搜寻到实质性残骸,将获得7000万美元报酬。他强调,根据协议条款,任何发现必须是可信的,“不能只是一些碎片,协议中列出了具体的标准”。
在回答此次找到失联客机的前景时,陆兆福表示,在目前这个阶段,没有人能给出确切的答案,“已经过去10多年了”。(完)
图说:Students watch a three-dimensional graffiti as a way of sympathizing to the missing Malaysian Airlines flight MH370 at a school in Makati City, the Philippines, March 17, 2014. (Xinhua/Rouelle Umali)