Connect with us

Africa & Middle East

ဧရာမဆုကြေးငွေ ဖျက်သိမ်း၊ ဆီးရီးယားအစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးမှုက “ထိရောက်မှုရှိသည်” ဟု အမေရိကန် ဆို

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)
အမေရိကန် သံတမန်အရာရှိများဖြင့် ဖွဲ့စည်းထားသော ကိုယ်စားလှယ်အဖွဲ့သည် ဆီးရီးယား အသွင်ကူးပြောင်းရေးအာဏာပိုင် ဖွဲ့စည်းထားသော “ဆီးရီးယား လွတ်မြောက်ရေးလက်နက်ကိုင် (Tahrir al-Sham)” တပ်ဖွဲ့ခေါင်းဆောင် Ahmad al-Chareh (ယခင်အခြားနာမည် Abu Mohammad al-Julani) နှင့် “ထိရောက်မှုရှိသော” တွေ့ဆုံဆွေးနွေးပွဲကို ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်၌ ဒီဇင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့ရာ ယင်းမတိုင်မီ al-Chareh အား ဖမ်းဆီးရန်အတွက် ကမ်းလှမ်းထားသော ဧရာမဆုကြေးငွေ ဖျက်သိမ်းရန် အမေရိကန်က ဆုံးဖြတ်လိုက်သည်ဟု အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့ဖျားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် Barbara A. Leaf က အဆိုပါနေ့တွင် ပြောကြားခဲ့သည်။ (Xinhua)
………………………………………
(Chinese Version)
取消巨额悬赏 美称与叙新当局会晤“富有成效”
新华社北京12月21日电 美国国务院分管近东事务的助理国务卿芭芭拉·利夫20日表示,由美国外交官组成的一个代表团当天在叙利亚首都大马士革与组建叙利亚过渡政府的“叙利亚沙姆解放武装”领导人艾哈迈德·沙拉(先前化名阿布·穆罕默德·朱拉尼)举行的会晤“富有成效”,美方决定取消此前为捉拿沙拉所开出的巨额赏金。
图说:这是12月18日拍摄的叙利亚大马士革国际机场。新华社发(蒙塞夫·梅马里摄)