Connect with us

Asia

ကာဇက်စတန် လေယာဉ်ပျက်ကျမှုကြောင့် လူ ၃၀ ကျော်သေဆုံး

ကာဇက်စတန်နိုင်ငံ Aktau မြို့အနီး လေယာဉ်ပျက်ကျသည့်နေရာအား ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အယ်လ်မတ်တီ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှ ရုရှားနိုင်ငံ Grozny မြို့သို့ ပျံသန်းသော ခရီးသည်တင်လေယာဉ်တစ်စင်းသည် ကာဇက်စတန်အနောက်ပိုင်းမြို့ Aktau မြို့အနီးဆင်ခြေဖုံးတွင် ဒီဇင်ဘာ ၂၅ ရက်က ပျက်ကျခဲ့ရာ လက်ရှိတွင် လူ ၃၀ ကျော်သေဆုံးခဲ့သည်ဟု အတည်ပြုခဲ့ကြောင်း ကာဇက်စတန် အရေးပေါ်အခြေအနေ ဝန်ကြီးဌာနက ယင်းနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကာဇက်စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Kanat Bozumbaev က အဆိုပါနေ့ Aktau မြို့တွင် အဇာဘိုင်ဂျန်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ဤဖြစ်ရပ်ကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့သည်ဟု အတည်ပြုကြောင်း ကာဇက်စတန်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါဖြစ်ရပ်၏ စုံစမ်းစစ်ဆေးမှုကို ကာဇက်စတန်အစိုးရရှေ့နေရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အမျိုးသားလေကြောင်းအုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုအောက်တွင် ဆောင်ရွက်သွားမည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါခရီးသည်တင်လေယာဉ်သည် အဇာဘိုင်ဂျန်လေကြောင်းမှဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည် ၆၂ ဦး၊ လေယာဉ်အမှုထမ်း ၅ ဦး ပါရှိကြောင်း သိရသည်။ လေယာဉ်အမှုထမ်းများက ဒီဇင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၅ မိနစ်တွင် အချက်ပြ အကူအညီတောင်းခဲ့ပြီး ထိန်းချုပ်မှုစနစ်တွင် ချို့ယွင်းမှုရှိကြောင်း သတင်းပို့ခဲ့ကြောင်း၊ ထို့နောက် ၈ နာရီ ၄၉ မိနစ်တွင် Aktau မြို့၌ အရေးပေါ်ဆင်းသက်ရန် တောင်းဆိုခဲ့ရာ ခရီးသည်တင်လေယာဉ်သည် ၉ နာရီ ၂၈ မိနစ်တွင် Aktau မြို့ အနီးတွင် ပျက်ကျခဲ့ကြောင်း ကာဇက်စတန်၏ အရေးပေါ်အခြေအနေရေးရာ ဝန်ကြီးဌာနက အဆိုပါနေ့ အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ အသက်ရှင်ကျန်ရစ်သော လူ ၃၂ ဦးကို တွေ့ရှိပြီးဖြစ်ကြောင်း ကာဇက်စတန်အစိုးရရှေ့နေရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။ (Xinhua)


…………………………..
(Chinese Version)
哈萨克斯坦坠机事件已造成30余人死亡
新华社阿拉木图12月25日电(记者郑钰)据哈萨克斯坦紧急情况部25日发布的消息,一架从阿塞拜疆巴库飞往俄罗斯格罗兹尼的客机当天在哈萨克斯坦西部城市阿克套近郊坠毁,目前已确认 有30余人死亡。
据哈萨克斯坦国家通讯社报道,哈副总理博祖姆巴耶夫当天在阿克套会见阿塞拜疆代表团代表时确认这起事件已造成 30余人死亡。他表示,该事件的调查正在哈萨克斯坦检察院、内务部和国家航空局的监督下进行。
这架客机属于阿塞拜疆航空公司,机上有62名乘客、5名机组人员。哈萨克斯坦紧急情况部当天早些时候发布消息说,机组人员于当地时间25日8时35分发出求救信号,并报告控制系统出现故障,随后于8时49分请求在阿克套紧急降落,客机于9时28分在阿克套附近坠毁。据阿塞拜疆总检察院发布的信息,已发现32名生还者。(完)
图说1:这是12月25日在哈萨克斯坦阿克套市附近拍摄的坠机现场(无人机照片)。新华社发(阿扎马特·萨尔先巴耶夫摄)