Latin America
ယခုနှစ် စပိန်သို့ မှောင်ခိုဝင်သည့်လမ်းကြောင်းတွင် လူတစ်သောင်းကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများ ဆို
ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ်တွင် ပင်လယ်ရေကြောင်းဖြင့် စပိန်နိုင်ငံသို့ မှောင်ခိုဝင်လာသည့်လမ်း၌ သေဆုံး သို့မဟုတ် ပျောက်ဆုံးသူ လူပေါင်း ၁၀,၀၀၀ ကျော် ရှိခဲ့ရာ ယခင်နှစ်ထက် ၆၀ ရာခိုင်နှုန်း နီးပါး တိုးလာခဲ့ကြောင်း လူဝင်မှုဆိုင်ရာကူညီရေး အဖွဲ့အစည်းတစ်ခုက ဒီဇင်ဘာ ၂၆ ရက်က ပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ပင်လယ်ရေကြောင်းဖြင့် စပိန်နိုင်ငံသို့ မှောင်ခိုဝင်လာသည့်လမ်း၌ သေဆုံး သို့မဟုတ် ပျောက်ဆုံးသူ အနည်းဆုံး လူပေါင်း ၁၀,၄၅၇ ဦးရှိပြီး လွန်ခဲ့သည့်နှစ်ထက် ၅၈ ရာခိုင်နှုန်းတိုးလာခဲ့ရာ ၂၀၀၇ ခုနှစ် ဤအချက်အလက် မှတ်တမ်းယူခဲ့သည့်အချိန်မှစ၍ အမြင့်ဆုံးဖြစ်ခဲ့ပြီး နေ့စဉ် ပျမ်းမျှ လူ ၃၀ ခန့် ရှိကြောင်း စပိန် “Walking Borders” အဖွဲ့အစည်းက ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ သေဆုံး သို့မဟုတ် ပျောက်ဆုံးသူများတွင် ကလေးငယ် ၁,၅၃၈ ဦးနှင့် အမျိုးသမီး ၄၂၁ ဦးပါဝင်ကြောင်း သိရသည်။
အာဖရိကမှ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်၍ စပိန်နိုင်ငံ Canary ကျွန်းသို့ မှောင်ခိုဝင်လာစဉ် လူပေါင်း ၉,၇၀၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ခဲ့ပြီး ထိုပမာဏမှာ စုစုပေါင်းလူဦးရေ၏ အများစုဖြစ်သည်။ Canary ကျွန်းသည် အာဖရိကအနောက်မြောက်ပိုင်း ပင်လယ်ရေပြင်တွင် တည်ရှိပြီး အာဖရိကတိုက်နှင့် ၁၀၀ ကီလိုမီတာသာကွာဝေးကြောင်း သိရသည်။
နွမ်းပါးရိုးရှင်းသောလှေငယ်များဖြင့် မှောင်ခိုရွှေ့ပြောင်းသူများစွာကိုတင်ဆောင်လာခြင်းက သမုဒ္ဒရာ၏လေနှင့်လှိုင်းဒဏ်ကို ခံနိုင်ရန် ခဲယဉ်းလှပေသည်။ ထို့အပြင် ကြားဖြတ်ဟန့်တားမှုများကို ရှောင်ရှားရန် “မှောင်ခိုဂိုဏ်းခေါင်းဆောင်” က ပိုမိုရှည်လျားသောလမ်းကြောင်းများကို ရွေးချယ်ရ၍ ဒုက္ခတွေ့ကြုံနိုင်သည့် အန္တရာယ်ကိုတိုးမြင့်စေသည်ဟု “Walking Borders” အဖွဲ့အစည်းက ပြောကြားခဲ့သည်။
မှောင်ခိုဝင်လာသူများအတွက် စပိန်၊ အီတလီနှင့် ဂရိတို့သည် အာရိက စသည့်နေရာများမှ မြေထဲပင်လယ် သို့မဟုတ် အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်၍ ဥရောပသို့ ဝင်ရောက်သည့် “ပေါင်းကူးတံတားနေရာများ” ဖြစ်သည်။ ၂၀၁၄ ခုနှစ်မှစ၍ လူပေါင်း ၁၆,၄၀၀ ကျော်သည် အာဖရိကမှ ဥရောပသို့ မှောင်ခိုဝင်ရာလမ်းကြောင်းတွင် သေဆုံးခဲ့ရာ ယင်းအနက် Canary ကျွန်းလမ်းကြောင်းလည်း ပါဝင်ကြောင်း ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းက ခန့်မှန်းတွက်ချက်ခဲ့သည်။
ယခုနှစ်တွင် စပိန်သို့ ရောက်ရှိလာသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်မှာ ယခုလ ၁၅ ရက်အထိ ၆၀,၀၀၀ ကျော်ရှိရာ ကာလတူထက် ၁၄.၅ ရာခိုင်နှုန်းတိုးလာကြောင်း၊ ယင်းအနက် ၇၀ ရာခိုင်နှုန်းခန့်သည် Canary ကျွန်းတွင် ဆင်းသက်ခဲ့ကြောင်း စပိန်အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များအား ကိုးကား၍ AFP သတင်းဌာနက ဖော်ပြခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
援助组织:今年逾万人在偷渡西班牙途中死亡或失踪
新华社北京12月27日电 一个移民援助组织26日说,2024年,有1万多人在经海路偷渡前往西班牙的途中死亡或失踪,比去年增加近六成。
西班牙“步行边界”组织发布的数据显示,今年1月1日至12月5日,至少10457人在经海路偷渡前往西班牙途中死亡或失踪,比去年增加58%,为2007年开始这项统计以来最高,相当于日均约30人。死亡或失踪的人包括1538名儿童和421名妇女。
超过9700人在从非洲经大西洋向西班牙加那利群岛偷渡途中死亡或失踪,占总人数的绝大多数。加那利群岛位于非洲西北部海域,与非洲大陆最近距离仅100公里。
“步行边界”组织说,简陋的小船搭载大量偷渡客,难以抵挡大洋上的风浪。而且,“蛇头”为了躲避拦截,选择距离更长的路线,增加了遇险的风险。
西班牙、意大利和希腊是偷渡者从非洲等地取道地中海或大西洋进入欧洲的“桥头堡”。联合国国际移民组织估算,2014年以来,超过1.64万人在从非洲向欧洲偷渡途中死亡,其中包括加那利群岛路线。
法新社援引西班牙政府数据报道,截至本月15日,今年有超过6万名非法移民抵达西班牙,比去年同期增加14.5%,其中大约70%在加那利群岛登陆。(惠晓霜)
图说:2021年5月18日,移民从摩洛哥翻越边界围栏试图进入西班牙飞地休达。近年来,大量非法移民选择从摩洛哥经休达前往欧洲。新华社发