Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ မူအန်လေဆိပ် လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ ၁၂၀ ဦး ရှိပြီဟု အတည်ပြု

တောင်ကိုရီးယားနိုင်ငံ မူအန်လေဆိပ် လေယာဉ်ပျက်ကျမှု အချင်းဖြစ်နေရာတွင် ကူညီကယ်ဆယ်နေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/ Newsis)

ဆိုးလ်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ မူအန်လေဆိပ်၌ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဖြစ်ပွားသော ခရီးသည်တင်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ ၁၂၀ ဦး ရှိပြီဖြစ်သည်ဟု အတည်ပြုခဲ့ပြီး ကျန်ခရီးသည်များ၏အခြေအနေကို ထပ်ဆင့်အတည်ပြုနေဆဲဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ မီးသတ်တပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျသည့် အချင်းဖြစ် ခရီးသည်တင်လေယာဉ်သည် မြေပြင်ပေါ်သို့ ဆင်းသက်ရန် ဒုတိယအကြိမ် ကြိုးပမ်းစဉ်တွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ယွန်ဟတ် သတင်းအေဂျင်စီ၏ ဖော်ပြချက်များအရ သိရသည်။ အချင်းဖြစ်လေယာဉ်မှာ ဘန်ကောက်စံတော်ချိန် ဒီဇင်ဘာ ၂၉ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မှ ပျံသန်းခဲ့ခြင်းဖြစ်ရာ မူလအစီအစဉ်အရ ဆိုးလ်စံတော်ချိန် ဒီဇင်ဘာ ၂၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မူအန်လေဆိပ်သို့ ရောက်ရှိမည် ဖြစ်ကြောင်း၊ ယင်းလေယာဉ်သည် ဖူအန်လေဆိပ် ပြေးလမ်း ၁ တွင် ဆင်းသက်စဉ် ပုံမှန်ဆင်းသက်၍မရခြင်းကြောင့် ထပ်မံပျံသန်းခဲ့ရာ ဒုတိယအကြိမ် “လေယာဉ်ဝမ်းပိုက်ဖြင့် မြေပြင်သို့ ဆင်းသက်ရန်” ကြိုးပမ်းစဉ် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

တောင်ကိုရီးယားနိုင်ငံ မူအန်လေဆိပ် လေယာဉ်ပျက်ကျမှု အချင်းဖြစ်နေရာတွင် ကူညီကယ်ဆယ်နေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/ Newsis)

တောင်ကိုရီးယားနိုင်ငံ မူအန်လေဆိပ် လေယာဉ်ပျက်ကျမှု အချင်းဖြစ်နေရာတွင် ကူညီကယ်ဆယ်နေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/ Newsis)

………………………………..
(Chinese Version)
韩国务安机场坠机事故已确认120人遇难
新华社首尔12月29日电 韩国消防部门29日说,当天上午韩国务安机场发生的客机坠落事故中,已确认120人遇难,其他乘客情况还在进一步确认中。
据韩联社报道,坠机事故客机是在第二次尝试着陆时坠毁的。报道说,事故客机于曼谷时间29日凌晨1时30分从泰国曼谷起飞,原计划于首尔时间29日上午8时30分抵达务安机场。该客机准备在务安机场1号跑道降落时发现无法正常着陆而复飞,并在第二次尝试“机腹着陆”时坠毁。
记者:陈怡 杨畅
1. 这是12月29日在韩国务安机场拍摄的事故救援现场。新华社/纽西斯通讯社