Connect with us

Asia

တောင်ကိုရီးယား ပျက်ကျပျက်စီးခဲ့သော လေယာဉ်၏ Black Box များအားရှာဖွေတွေ့ရှိ၊ သေဆုံးသူ ၁၇၄ ရှိကြောင်း အတည်ပြု

တောင်ကိုရီးယားနိုင်ငံ မူအန်လေဆိပ်၌ ဝမ်းနည်းကြေကွဲနေသော သေဆုံးသူ၏ မိသားစုဝင်များကို ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ/ Newsis)

ဆိုးလ်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ဒီဇင်ဘာ ၂၉ ရက်က မူအန်လေဆိပ်တွင် ပျက်ကျခဲ့သည့် ခရီးသည်လေယာဉ်၏ Black Box ၂ ခု ရှာဖွေတွေ့ရှိကြောင်း တောင်ကိုရီးယားနိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက အဆိုပါနေ့တွင် ပြောကြားခဲ့သည်။ တောင်ကိုရီးယား ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၁ မိနစ်အထိ အချင်းဖြစ်ရပ်ကြောင့် သေဆုံးသူ ၁၇၄ ဦးကို တွေ့ရှိထားပြီးဖြစ်ကြောင်း တောင်ကိုရီးယားမီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းများကို ဖော်ထုတ်ရန် အချိန်ကာလ ကြာရှည်သော စုံစမ်းစစ်ဆေးမှုတစ်ခု လိုအပ်မည်ဖြစ်ကြောင်း၊ စီးပွားဖြစ် ခရီးသည်တင်လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးရေးသည် အနည်းဆုံး ခြောက်လမှ နှစ်အနည်းငယ်အထိ ကြာရှည်နိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် လေယာဉ်အမှုထမ်းနှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားမီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။ မူအန်လေဆိပ် ပြေးလမ်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီအထိ ပိတ်ထားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက အဆိုပါနေ့ အစောပိုင်းတွင် ကြေညာခဲ့သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မှ ပျံသန်းခဲ့သော Jeju လေကြောင်း နံပါတ် 7C2216 လေကြောင်းလိုင်းသည် ဒီဇင်ဘာ ၂၉ ရက် တောင်ကိုရီးယား ဒေသစံတော်ချိန် နံနက် ၉ နာရီ ၇ မိနစ်ခန့်တွင် ဂျော်လာတောင်တိုင်းရှိ မူအန်လေဆိပ်၌ ဆင်းသက်စဉ် ပျက်ကျခဲ့ကြောင်း သိရသည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၁၇၅ ဦးနှင့် လေယာဉ်အမှူထမ်း ၆ ဦး အပါအဝင် စုစုပေါင်း ၁၈၁ ဦး ပါရှိကြောင်း သိရသည်။ (Xinhua)

တောင်ကိုရီးယားနိုင်ငံ မူအန်လေဆိပ် လေယာဉ်ပျက်ကျမှု အချင်းဖြစ်ပွားရာနေရာ၌ ကူညီကယ်ဆယ်နေသည်ကို ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ/ Newsis)

……………………..
(Chinese Version)
韩国坠毁客机黑匣子都已找到 174人确认遇难
新华社首尔12月29日电(记者陆爱华 姬新龙)韩国国土交通部29日说,当天在务安机场坠毁客机的两个黑匣子都已找到。韩国消防厅当天说,截至当地时间17时11分,已发现174人在事故中遇难。
韩国国土交通部在记者会上表示,为查明坠机的复杂原因,需展开长时间调查。商用客机坠机调查最短需6个月,甚至可长达数年。
韩国消防厅说,目前,有两名乘务人员获救。韩国国土交通部当天早些时候宣布,将封锁务安机场跑道至当地时间2025年1月1日凌晨5时。
由泰国曼谷起飞的济州航空7C2216号航班于韩国当地时间29日上午9时7分许,在位于全罗南道的务安机场降落时坠毁。机上共有181人,包括175名乘客和6名机组人员。(完)
图说1:这是12月29日在韩国务安机场拍摄的事故救援现场。新华社/纽西斯通讯社
图说2:12月29日,遇难者家属在韩国务安机场悲痛难抑。新华社/纽西斯通讯社