Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသအများအပြားတွင် အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၃၀ သေဆုံး

အစ္စရေးစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့ ရှိ နေအိမ်များကို မတ် ၁၂ ရက်တွင် လူများက ကြည့်ရှုစစ်ဆေးနေကြစဉ် (ဆင်ဟွာ)

ဂါဇာ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသအများအပြားကို မတ် ၁၁ ရက် ညပိုင်းကတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း မတ် ၁၂ ရက် ရုပ်မြင်သံကြားသတင်းအရ သိရသည်။
ဂါဇာမြို့တောင်ပိုင်း Zaytoun ဧရိယာရှိ လူနေအိမ်အများအပြားကို အစ္စရေးစစ်တပ်မှ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း မတ် ၁၁ ရက် ညပိုင်းက သတင်းများအရ သိရသည်။ ဂါဇာမြို့တောင်ပိုင်းရှိ ကယ်ဆယ်ရေး ပစ္စည်းများ စုဆောင်းရာ နေရာတစ်ခုကို အစ္စရေးစစ်တပ်က မတ် ၁၂ ရက် နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ခန်ယွန်းနစ်နှင့် ရာဖာမြို့များရှိ နေရာအများအပြားကိုလည်း အစ္စရေးစစ်တပ်သည် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အစ္စရေးစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့ ရှိ နေအိမ်များကို မတ် ၁၂ ရက်တွင် လူများက ကြည့်ရှုစစ်ဆေးနေကြစဉ် (ဆင်ဟွာ)

အစ္စရေးစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့ ရှိ နေအိမ်များကို မတ် ၁၂ ရက်တွင် လူများက ကြည့်ရှုစစ်ဆေးနေကြစဉ် (ဆင်ဟွာ)

ကယ်ဆယ်ရေး အထောက်အပံ့ ပစ္စည်းများကို ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းသို့ ဝင်ရောက်ခွင့်အား အစ္စရေးက ပိတ်ပင်ထားသောကြောင့် အဆိုပါ ငတ်မွတ်ခေါင်းပါးမှု ပေါ်လစီသည် ဒေသခံ ပြည်သူများအား အငတ်ဘေး ကြုံရစေသည်ဟု ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ မီဒီယာရုံးက ထုတ်ပြန်လျက် ဂါဇာ မြောက်ပိုင်းတွင် အကူအညီ စောင့်ဆိုင်းနေသူများကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ခြင်းအပေါ်ကိုလည်း ရှုတ်ချခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် စုစုပေါင်းလူ ၇၂ ဦး သေဆုံးကာ ၁၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာနမှ ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သော အချက်အလက်အရ သိရသည်။ လွန်ခဲ့သောနှစ် အောက်တိုဘာလက ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ဖန်ဖြစ်ပွားချိန် မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏စစ်ဆင်ရေးကြောင့် လူပေါင်း ၃၁,၁၀၀ ကျော် သေဆုံးပြီး ၇၂,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
(Chinese Version)
以军袭击加沙多地致至少30人死亡
新华社加沙3月12日电(记者柳伟建)据巴勒斯坦电视台12日报道,以色列军队11日晚起袭击加沙地带多个地区,造成至少30人死亡。
报道说,以军11日夜间空袭加沙城南部扎伊通区多处住宅,造成至少10人死亡。加沙城南部一个救援物资领取点12日凌晨遭以军袭击,导致至少9人死亡、20人受伤。此外,以军12日轰炸加沙地带南部城市汗尤尼斯和拉法多个地区,造成至少11人死亡。
巴勒斯坦伊斯兰抵抗运动(哈马斯)媒体办公室12日发表声明说,由于以色列阻止救援物资进入加沙地带北部,这种“饥饿政策”正使当地民众面临饥荒。声明同时谴责以军袭击加沙北部等待援助的人群。
据巴勒斯坦加沙地带卫生部门12日发布的数据,以军过去24小时对加沙地带的袭击共造成72人死亡、129人受伤。去年10月新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成超过3.11万人死亡、逾7.2万人受伤。(完)
图说:3月12日,在加沙地带南部城市拉法,人们查看被以军空袭后的房屋