International Organizations
ကုလသမဂ္ဂ တရားဝင်အဖွဲ့ဝင် နိုင်ငံအဖြစ် ပါလက်စတိုင်း၏လျှောက်ထားချက် ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန် ပယ်ချ
![](https://xinhuamyanmar.com/wp-content/uploads/2024/04/19e1.jpg)
ကုလသမဂ္ဂ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ တရားဝင်အဖွဲ့ဝင် နိုင်ငံအဖြစ် ပါလက်စတိုင်း၏လျှောက်ထားချက် ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က ဧပြီ ၁၈ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပယ်ချခဲ့သည်။
![](https://xinhuamyanmar.com/wp-content/uploads/2024/04/19e2.jpg)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်နေသည်ကို ဧပြီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ယင်းနေ့ ညနေပိုင်းတွင် အဖွဲ့ဝင် ၁၅ နိုင်ငံဖြင့် ဖွဲ့စည်းထားသော လုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂ အထွေထွေညီလာခံက “ပါလက်စတိုင်းအား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေး” ခွင့်ပြုရေးအကြုံပြုခြင်းဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲ ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါမူကြမ်းသည် ထောက်ခံမဲ ၁၂ မဲ ၊ အမေရိကန်က ကန့်ကွက်မဲ ၁ မဲ နှင့် ကြားနေမဲ ၂ မဲ ရရှိခဲ့ကြောင်း သိရသည်။ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သော အမေရိကန်သည် ဗီတိုအာဏာဖြင့် ပယ်ချခဲ့ခြင်းကြောင့် ယင်းမူကြမ်းကို အတည်မပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)
————————————
新华简讯|美国否决关于巴勒斯坦申请成为联合国正式会员国的决议草案
新华社联合国4月18日电 美国18日在联合国安理会否决了一项关于巴勒斯坦申请成为联合国正式会员国的决议草案。
当天下午,由15个成员组成的安理会对一项建议联合国大会批准“巴勒斯坦国成为联合国会员国”的决议草案进行投票。草案获得12票赞成,美国投了反对票,另外2票弃权。由于常任理事国美国行使了否决权,草案未能通过。
1. 这是4月18日在位于纽约的联合国总部拍摄的安理会投票现场。