Connect with us

China

ဝမ်ရိ နှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Tae-yul တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Tae-yul တို့ မေ ၁၃ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မေ ၁၃ ရက်က ပေကျင်းမြို့၌ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Tae-yul နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ရင်းနှီးသော အိမ်နီးချင်းများဖြစ်ပြီး မကြာခဏ သွားလာဆက်ဆံရမည်ဖြစ်ကြောင်း၊ သံတမန် ဆက်ဆံရေး ထူထောင်ပြီး နှစ် ၃၀ ကျော်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှု အဆင်ပြေ ချောမွေ့ပြီး အောင်မြင်မှုရလဒ်များစွာ ဖြစ်ထွန်းခဲ့ကြောင်း၊ နှစ်ဖက်လုံးသည် ၂၀၀၈ ခုနှစ်တွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခဲ့ပြီး ၎င်းတို့၏ သက်ဆိုင်ရာ သံခင်းတမန်ခင်းတွင် အချင်းချင်းဆက်ဆံရေးကို အရေးပါသောနေရာတွက် ထားရှိကြောင်း၊ တရုတ်နှင့် တောင်ကိုရီးယားတို့သည် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် အပြန်အလှန်အောင်မြင်မှုများရရှိခဲ့ပြီး ဘုံဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ကာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ယင်းမှာလည်း ခေတ်နှင့်လိုက်လျောညီထွေရှိပြီး ပြည်သူတို့၏ ဆန္ဒကိုလည်း ထင်ဟပ်လျက်ရှိသော တရုတ်-တောင်ကိုရီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအား အပြည့်အဝ ဖော်ပြလျက်ရှိကြောင်း၊ မကြာသေးမီကာလက တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးသည် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ယင်းမှာ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားနှင့် မကိုက်ညီသလို တရုတ်နိုင်ငံက လိုလားသော အရာလည်း မဟုတ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်စဉ် မူလရည်ရွယ်ချက်ကို လိုက်နာရန်၊ အိမ်နီးချင်းကောင်း ချစ်ကြည်ရေးတွင် ကောင်းမွန်သောလမ်းညွှန်ချက်ကို လက်ကိုင်ထားရန်၊ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု ပန်းတိုင်ကို ခိုင်မြဲစေရန်၊ ဝင်ရောက်စွက်ဖက်မှုများ ဖယ်ရှားရန်၊ ရည်မှန်းချက်တူ ဆောင်ရွက်ပြီး တရုတ်-တောင်ကိုရီးယား ဆက်ဆံရေး တည်ငြိမ်အေးချမ်းရေးအတွက် အတူတကွ လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နှင့် တောင်ကိုရီးယားကြားတွင် အခြေခံ အကျိုးစီးပွား ပဋိပက္ခမရှိကြောင်းနှင့် ခွဲခြားမှုမရှိဘဲ သဟဇာတဖြစ်မှုနယ်ပယ်ကို လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ နှစ်ဖက်လုံးသည် အပြန်အလှန် နားလည်လေးစားရန်၊ ဆက်ဆံရေးနှင့် အပြန်အလှန် ဖလှယ်မှုများ အားကောင်းစေကာ နားလည်မှုလွဲမှားခြင်းများကို ဖယ်ရှား၍ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ တောင်ကိုရီးယားသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာပြီး ထိုင်ဝမ်နှင့် ဆက်နွှယ်သည့် ပြဿနာများကို ကောင်းစွာ ဂရုတစိုက် ကိုင်တွယ်ကာ နှစ်နိုင်ငံ ဆက်ဆံရေး၏ နိုင်ငံရေး အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် မျှော်လင့်ကြောင်း၊ နှစ်ဖက်လုံးသည် အပြုသဘောဆောင်သော သတင်းစကားများ ပိုမိုပေးပို့ပြီး အပြုသဘောဆောင်သော လမ်းညွှန်မှုများ တိုးမြှင့်ရန်၊ ပြည်သူအချင်းချင်းနှင့် ယဉ်ကျေးမှုဖလှယ်မှုများ နီးကပ်စွာ လုပ်ဆောင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် လူထုအမြင်သဘောထား အခြေခံအုတ်မြစ်ကို ခိုင်မာအောင်ပြုလုပ်သင့်ကြောင်း၊ တရုတ်-တောင်ကိုရီးယား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ပမာဏ ကြီးမား၍ လွန်စွာ လိုက်ဖက်ညီကာ ယခင်နှစ်တွင် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၁၀ ဘီလီယံကျော်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ထုတ်လုပ်မှုစွမ်းအားသစ်များ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်လုပ်ဆောင်လျက် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ကာ အဆင့်မြင့် တံခါးဖွင့်လှစ်ခြင်းကို တိုးချဲ့ဆောင်ရွက်နေကြောင်း၊ ယင်းမှာ တောင်ကိုရီးယားနိုင်ငံအတွက် အရေးကြီးသော အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း တိုးမြှင့်ဆောင်ရွက်ကြရန်၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချရပြီး ရေရှည်မိတ်ဖက်များ ဖြစ်စေရန်၊ ကိုယ်ကျိုးစီးပွား ကာကွယ်သော ကုန်သွယ်မှုဝါဒကို ပူးပေါင်းဆန့်ကျင်ရန်၊ နိုင်ငံတကာ လွတ်လပ်သော ကုန်သွယ်မှုစနစ်ကို ထိန်းသိမ်းရန်၊ ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ရေးနှင့် ချောမွေ့စေရေးတို့ကို အာမခံရန် လုပ်ဆောင်သင့်ကြောင်း၊ ယခုတစ်ကြိမ် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး အလုပ်သဘောခရီးစဉ်သည် တရုတ်-တောင်ကိုရီးယား ဆက်ဆံရေး တိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဝမ်ရိက ထောက်ပြခဲ့သည်။

Cho Tae-yul က ယခုခရီးစဉ်သည် တောင်ကိုရီးယား-တရုတ် ဆက်ဆံရေးအတွက် အရေးကြီးသော ခြေလှမ်းသစ်ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း၊ တောင်ကိုရီးယားအစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားပြီး အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အကျိုးပြုမှုနှင့် ဘုံအကျိုးစီးပွားအပေါ် အခြေခံ၍ တရုတ်နိုင်ငံနှင့် အတူ နီးကပ်စွာပူပေါင်းဆောင်ရွက်ကာ ပိုမိုကောင်းမွန်၊ ပိုမိုရင့်ကျက်သော မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်စေရန် မျှော်လင့်ကြောင်း၊ တောင်ကိုရီးယား-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘုံစိန်ခေါ်မှုများကို အတူတကွ ဖြေရှင်းရန်၊ ယင်းမှာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ဆန္ဒလည်းဖြစ်ကြောင်း၊ တောင်ကိုရီးယားသည် နှစ်ဖက်အကျိုးမဲ့စေမည့် လုပ်ရပ်များကို သဘောမတူကြောင်း၊ နိုင်ငံအသီးသီးနှင့် ဟန်ချက်ညီသော ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်၊ တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်ရန်၊ ဘုံသဘောတူညီချက်ကို ချဲ့ထွင်ပြီး ပူးပေါင်းဆောင်ရွက်မှုပေါ်တွင် အဓိကထားရန်၊ ပထဝီဝင်နိုင်ငံရေး ကန့်သတ်ချက်များကို တတ်နိုင်သမျှ ရှောင်ရှားရန်၊ တောင်ကိုရီးယား-တရုတ် ပူးပေါင်းဆောင်ရွက်မှု အခြေအနေသစ်ကို အတူတကွ ဖွင့်လှစ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု၊ ကိုရီးယားကျွန်းဆွယ်အခြေအနေနှင့် အခြားသော ဘုံဂရုပြုကိစ္စရပ်များကိုလည်း နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………………………….
(Chinese Version)
王毅同韩国外长赵兑烈举行会谈
新华社北京5月13日电 5月13日,中共中央政治局委员、外交部长王毅同韩国外长赵兑烈在北京举行会谈。
王毅表示,中韩是近邻,应当常来常往。建交30多年来,两国关系总体发展顺利、富有成果。双方于2008年建立战略合作伙伴关系,把同对方关系放在各自外交更重要的位置上。中韩在交流合作中相互成就,实现共同发展,为地区和平与繁荣贡献了力量,充分说明中韩关系发展符合时代潮流,体现了人民意愿。近段时间,中韩关系面临困难和挑战,这不符合双方共同利益,也不是中方愿意看到的。希望韩方与中方一道,坚守两国建交初心,坚持睦邻友好方向,坚定互利合作目标,排除干扰,相向而行,合力推动中韩关系健康稳定发展。
王毅指出,中韩之间没有根本利害冲突,应追求和而不同的境界。双方要相互理解尊重,加强沟通交往,消除误解,增进互信。希望韩方恪守一个中国原则,妥善慎重处理涉台问题,夯实两国关系的政治基础。双方要多发出客观积极信息,加大正面引导,密切人文交流,夯实两国关系的民意基础。中韩经贸合作规模大,互补性强,去年贸易额突破3100亿美元。中国正加快发展新质生产力,推动高质量发展,扩大高水平开放,这将为韩国带来重要机遇。双方应深化互利合作,在彼此发展进程中做可靠和长期伙伴,共同反对贸易保护主义,维护国际自由贸易体系,保障产供链稳定畅通。希望你这次工作访问为中韩关系改善发展发挥积极作用。
赵兑烈表示,希望此次访问成为韩中关系向前迈进的重要一步。韩国政府高度重视对华关系,期待在相互尊重、互惠和共同利益基础上,同中方密切合作,发展更加健康、更加成熟的战略合作伙伴关系。推动韩中关系发展、携手应对共同挑战,符合两国和两国人民的共同利益,也是国际社会的期待。韩方不赞成零和博弈,希望平衡地同各国发展关系,愿同中方增进互信、扩大共识、聚焦合作,尽可能避免地缘政治因素制约,共同开启韩中合作新局面。
双方还就中日韩合作、朝鲜半岛局势等共同关心的问题交换了意见。
图说:5月13日,中共中央政治局委员、外交部长王毅同韩国外长赵兑烈在北京举行会谈。