Connect with us

Africa & Middle East

အီရန် သမ္မတကို တင်ဆောင်ထားသော ရဟတ်ယာဉ် မတော်တဆထိခိုက်မှုဖြစ်ပွားခဲ့ရာ အီရန်နိုင်ငံက ရှာဖွေ ကယ်ဆယ်ရေး အပြည့်အဝ လုပ်ဆောင်လျက်ရှိ

အခင်းဖြစ်ပွားရာနေရာအနီး ရှာဖွေရေးများ ပြုလုပ်နေသည်ကို မေ ၁၉ ရက်က အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်နေစဉ် (ဆင်ဟွာ)

တီဟီရန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံသမ္မတ အီဘရာဟင် ရိုင်စီ နှင့် အကြီးတန်းအရာရှိများ တင်ဆောင်ထားသော ရဟတ်ယာဉ်တစ်စီးသည် မေ ၁၉ ရက်က မတော်တဆထိခိုက်မှုဖြစ်ပွားခဲ့ရာ အီရန်နိုင်ငံ အနောက်မြောက်ပိုင်း၊ အရှေ့ အဇာဘိုင်ဂျန်ပြည်နယ် ပိုင်း၌ အရေးပေါ် ဆင်းသက်ခဲ့ကြောင်း၊ လက်ရှိတွင် ရဟတ်ယာဉ်ပေါ်ရှိ လူများ၏ အခြေအနေကို မသိရသေးဘဲ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း အီရန်မီဒီယာများက မေ ၁၉ ရက်က ဖော်ပြခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားကြေညာချက်အရ သမ္မတ၏ ရဟတ်ယာဉ်တန်းတွင် ရဟတ်ယာဉ်သုံးစင်း ပါဝင်ကြောင်း၊ အခင်းဖြစ်ပွားစဉ်တွင် ရဟက်ယာဉ်သည် Khoda Afarin ခရိုင်မှ Tabriz မြို့သို့ ရေနံဓာတုဗေဒ အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ထွက်ခွာလာခဲ့ကြောင်း၊ အဆိုပါနေ့ အစောပိုင်းတွင် သမ္မတ ရိုင်စီသည် အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev နှင့်အတူ Khoda Afarin ခရိုင်ရှိ ရေလှောင်တမံ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်း၊ ယင်းရဟတ်ယာဉ်တန်းသည် နိုင်ငံခြားရေးဝန်ကြီး Abdullahiyan အပါအဝင် အကြီးတန်းအရာရှိများစွာကိုလည်း တင်ဆောင်ထားကြောင်း သိရသည်။ (Xinhua)

……………………………..
(Chinese Version)
伊朗对载有伊总统的事故直升机展开全力搜救
德黑兰,2024年5月20日
据伊朗媒体19日报道,载有伊朗总统莱希和高级官员的一架直升机19日发生事故,在伊朗西北部东阿塞拜疆省紧急降落。目前机上人员情况未明,搜救工作正全力展开。据伊朗国家电视台报道,总统的直升机队由3架直升机组成,事发时正从霍达阿法林县前往大不里士,参加一个石化综合设施的落成典礼。当天早些时候,莱希与阿塞拜疆总统阿利耶夫一起参加了霍达阿法林县的水库大坝落成仪式。该直升机队还载有外交部长阿卜杜拉希扬等多名高级官员。
图说:这是5月19日拍摄的伊朗国家电视台播放的事故现场附近搜寻画面。新华社记者 沙达提 摄