Connect with us

Asia

အိန္ဒိယနိုင်ငံတွင် မီးလောင်မှုဖြစ်ပွားခဲ့သော ကလေးစောင့်ရှောက်ရေးဂေဟာက တရားမဝင်လုပ်ကိုင်နေသည်ဟု သံသယရှိ၊ တာဝန်ရှိသူအားဖမ်းဆီးထား

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ဗီဗက်ဗီဟာဒေသတွင် မီးလောင်မှုဖြစ်ပွားခဲ့သော ကလေးစောင့်ရှောက်ရေးဂေဟာတစ်ခုအား မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် မကြာသေးမီက မီးလောင်မှုဖြစ်ပွားခဲ့သည့် ကလေးစောင့်ရှောက်ရေးဂေဟာသည် တရားမဝင်လုပ်ကိုင်နေသည်ဟု သံသယရှိရာ ရဲတပ်ဖွဲ့က ယင်း ဆေးကုသရေးဌာနတာဝန်ခံနှင့် တာဝန်ကျဆရာဝန်တစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က မေ ၂၇ ရက်က ပြောကြားခဲ့သည်။
အဆိုပါ ကလေးစောင့်ရှောက်ရေးဂေဟာတွင် မေ ၂၅ ရက် ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မီးသတ်သမားများက မီးငြှိမ်းသတ်ရန် ကြိုးစားခဲ့သော်လည်း ပိတ်မိနေသော မွေးကင်းစကလေးငယ် ၁၂ ဦးကို ကယ်ဆယ်ရန် နှစ်ထပ်အဆောက်အအုံအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် မွေးကင်းစကလေးငယ် ၇ ဦး သေဆုံးခဲ့ပြီး ကယ်ထုတ်ခဲ့သော မွေးကင်းစကလေးငယ် ၅ ဦးမှာ မီးခိုးငွေ့ရှူရှိုက်မိခြင်းကြောင့် ဆေးရုံတွင် ကုသလျက်ရှိကြောင်း ဒေလီမီးသတ်ဌာန အကြီးအကဲ Atul Garg က ပြောကြားခဲ့သည်။ (Xinhua)

………………………………………..
(Chinese Version)
印度失火婴儿护理中心涉嫌违规运营 负责人被捕
新华社北京5月28日电 印度警方27日说,首都新德里一家近日失火的婴儿护理中心涉嫌违规运营,警方逮捕了这家医疗机构的负责人和一名值班医生。
这家婴儿护理中心25日晚发生火灾。德里消防局局长阿图尔·加格说,消防员试图控制火势,但无法进入这座两层建筑营救受困的12名新生儿。火灾导致7名新生儿死亡,获救的5名新生儿因吸入烟雾正在医院接受治疗。
图说:这是5月26日在印度德里维韦克维哈尔地区拍摄的火灾后的婴儿护理中心。新华社发