Connect with us

Africa & Middle East

တရုတ်နိုင်ငံအကူအညီဖြင့် ဂျော်ဒန်နိုင်ငံရှိ As-Salt အမြန်လမ်း အဆင့်မြှင့်တင်ရေးနှင့် ပြုပြင်မွမ်းမံရေး စီမံကိန်း၏ အဓိကတည်ဆောက်မှု ပြီးစီး

ဂျော်ဒန်နိုင်ငံ As-Salt မြို့ရှိ As-Salt အမြန်လမ်းမကြီးဘေးတွင် စိုက်ထူထားသော ဆောက်လုပ်ရေးမော်ကွန်းတိုင် အနီး ကားတစ်စီး ဖြတ်သွားသည်ကို မေ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမ်မန်၊မေ ၂၈ ရက် (ဆင်ဟွာ)
တရုတ်အကူအညီဖြင့် ဂျော်ဒန်နိုင်ငံရှိ As-Salt အမြန်လမ်း အဆင့်မြှင့်တင်ရေးနှင့် ပြုပြင်မွမ်းမံရေး စီမံကိန်း၏ အဓိကတည်ဆောက်မှုလုပ်ငန်း ပြီးစီးခြင်း အခမ်းအနားကို ဂျော်ဒန်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ As-Salt မြို့၌ ကျင်းပခဲ့ကြောင်း၊ ဂျော်ဒန်နိုင်ငံဝန်ကြီးချုပ် Bisher Khasawneh ၊ ဂျော်ဒန် ပြည်သူ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဝန်ကြီးနှင့် ပို့ဆောင်ရေးဝန်ကြီး Ahmad Maher Abul Samen ဂျော်ဒန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချိန်ချွမ်းတုန်း စသည်တို့ တက်ရောက်ကြခဲ့ကြောင်း သိရသည်။
တရုတ်အကူအညီဖြင့် ဂျော်ဒန်နိုင်ငံရှိ As-Salt အဝေးပြေးလမ်း အဆင့်မြှင့်တင်ရေးနှင့် ပြုပြင်မွမ်းမံရေး စီမံကိန်းသည် လက်ရှိ တောင်ထူထပ်သောလမ်းမကြီး ပြန်လည်ပြုပြင်ရေး စီမံကိန်းဖြစ်ကြောင်း၊ ထိုအမြန်လမ်းသည် အရှည် ၁၂.၅ ကီလိုမီတာနှင့် အကျယ် ၁၈.၈ မီတာရှိပြီး မူလနှစ်လမ်းမောင်း နှစ်လမ်းသွားမှ နှစ်လမ်းမောင်း လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင် လမ်းချဲ့ကာ မီးအလင်းရောင်၊ အကာအကွယ်၊ ရေနုတ်မြောင်းနှင့် စသည့်အထောက်အကူပစ္စည်းများ အလုံးစုံ အဆင့်မြှင့် တပ်ဆင်ထားကြောင်းသိရသည်။ (Xinhua)


………………………………….
(Chinese Version)
中国援约旦萨尔特公路升级改造项目主体工程完工
新华社安曼5月27日电(记者何奕萍)中国援约旦萨尔特公路升级改造项目主体工程完工仪式27日在约旦中西部城市萨尔特举行,约旦首相哈苏奈、约旦公共工程与住房大臣兼交通大臣马希尔·阿布·萨曼、中国驻约旦大使陈传东等出席仪式。
中国援约旦萨尔特公路升级改造项目为既有山区公路改造项目。公路全长12.5公里,宽18.8米,由原双向两车道升级拓宽为双向四车道,全面升级改造并加装照明、防护、排水等设施。
图说:5月27日,在约旦萨尔特市,一辆汽车经过萨尔特公路旁设立的工程纪念碑。