Asia
အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)”(REMAL) ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူ ၁၀ ဦး သေဆုံး

ဒါကာ၊ မေ ၂၈ ရက် (ဆင်ဟွာ)
အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)”(REMAL) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း ကုန်းတွင်းပိုင်းသို့ မေ ၂၆ ရက် ညပိုင်းက ဝင်ရောက် တိုက်ခတ်ခဲ့သောကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေး ဝန်ကြီးဌာနမှ ၀န်ကြီး Rahman က မေ ၂၇ ရက်၌ ပြောကြားခဲ့သည်။
အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ခရိုင် ၁၉ ခုတွင် လူသန်းပေါင်းများစွာကို ထိခိုက်ခဲ့ကြောင်း၊ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းမဝင်မီ နာရီပိုင်းအလိုတွင် လူပေါင်း ၁ သန်းနီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သောကြောင့် နောက်ထပ် ထိခိုက်သေဆုံးမှုများကို တားဆီးနိုင်ခဲ့ကြောင်း၊ Rahman က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ နေရာအများအပြားတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………….
(Chinese Version)
热带气旋“雷马尔”致孟加拉国10人死亡
新华社达卡5月27日电 孟加拉国灾害管理和救济部国务部长拉赫曼27日说,热带气旋“雷马尔”26日晚在孟加拉国南部登陆,造成至少10人死亡。
拉赫曼在新闻发布会上说,热带气旋导致孟加拉国19个地区数百万人受灾。近100万人在热带气旋登陆前几个小时被疏散到避难场所,从而避免了更多人员伤亡。据当地媒体报道, “雷马尔” 引发的大风和强降雨导致孟南部和东南部多个地区断电。(完)
图说1:5月27日,在孟加拉国达卡,人们在雨中涉水出行。