Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံတွင် အပူချိန်မြင့်မားမှုသည် ၅၂ ဒီဂရီစင်တီဂရိတ်ကျော်ရှိပြီး သမိုင်းဝင်အမြင့်ဆုံးနီးပါး ရောက်ရှိ

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးတွင် အပူဒဏ်ခံနိုင်ရန် လမ်းဘေးတွင် အမျိုးသားတစ်ဦး ရေလောင်းနေသည်ကို မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံသည် မြင့်မားသော အပူချိန်တွင် ဆက်လက်ရှိနေပြီး တောင်ပိုင်း Sindh ပြည်နယ်တွင်မူ အပူချိန် ၅၂ ဒီဂရီစင်တီဂရိတ် ကျော်လွန်ကာ သမိုင်းဝင်အမြင့်ဆုံးနီးပါး ရောက်ရှိခဲ့ကြောင်း သိရသည်။


Sindh ပြည်နယ်ရှိ Mohenjodaro မြို့ဟောင်းတွင် အမြင့်ဆုံးအပူချိန်သည် ၅၂.၂ ဒီဂရီစင်တီဂရိတ်သို့ရောက်ရှိခဲ့ပြီး နွေရာသီဝင်ခါစမှစတင်၍ အမြင့်ဆုံးဖြစ်ပြီး ဒေသတွင်း အပူချိန် အမြင့်ဆုံးစံချိန် ၅၃.၅ ဒီဂရီစင်တီဂရိတ် နှင့် တစ်နိုင်ငံလုံးအတိုင်းအတာ အမြင့်ဆုံးစံချိန် ၅၄ ဒီဂရီစင်တီဂရိတ် နီးပါးသို့ ရောက်ရှိတော့မည်ဟု ပါကစ္စတန်မိုးလေဝသဗျူရိုမှ တာဝန်ရှိသူ Shahid Abbas က မေ ၂၇ ရက်၌ ပြောကြားခဲ့သည်ဟု CNN ၏ မေ ၂၈ ရက် သတင်းကြေညာချက်အရ သိရသည်။ (Xinhua)

………………………….
(Chinese Version)
逾52摄氏度!巴基斯坦高温逼近历史极值
新华社北京5月29日电 巴基斯坦最近高温持续,南部信德省更是出现逾52摄氏度高温,逼近历史极值。
据美国有线电视新闻网28日报道,巴基斯坦气象局官员沙希德·阿巴斯27日说,信德省古城摩亨朱达罗最高气温达到52.2摄氏度,为入夏以来最高,逼近当地53.5摄氏度的最高纪录以及全国54摄氏度的极值。
图说:5月22日,在巴基斯坦东部旁遮普省首府拉合尔,一名男子在路边冲水纳凉。新华社发(萨贾德摄)