Connect with us

Politics, Law & Military

တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန် နယူးဇီလန်၊ ဩစတြေးလျ၊ မလေးရှား နိုင်ငံများသို့ သွားရောက်မည်

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Christopher Luxon၊ ဩစတြေးလျနိုင်ငံဝန်ကြီးချုပ် Anthony Albanese နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim တို့၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဇွန် ၁၃ ရက်မှ ၂၀ အထိ နယူးဇီလန်၊ ဩစတြေးလျနှင့် မလေးရှားနိုင်ငံများသို့ တရားဝင်အလည်အပတ်ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဇွန် ၁၁ ရက်တွင် ကြေညာခဲ့သည်။

ဩစတြေးလျသို့ သွားရောက်လည်ပတ်စဉ်ကာလတွင် ဝန်ကြီးချုပ် လီချန်သည် ဩစတြေးလျနိုင်ငံဝန်ကြီးချုပ် Anthony Albanese နှင့်အတူ (၉) ကြိမ်မြောက် တရုတ်-ဩစတြေးလျ ဝန်ကြီးချုပ် နှစ်စဉ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————–
李强将访问新西兰、澳大利亚、马来西亚
新华社北京6月11日电 外交部发言人林剑11日宣布:应新西兰总理拉克森、澳大利亚总理阿尔巴尼斯和马来西亚总理安瓦尔邀请,国务院总理李强将于6月13日至20日对新西兰、澳大利亚和马来西亚进行正式访问。访澳期间,李强总理将同澳大利亚总理阿尔巴尼斯举行第九轮中澳总理年度会晤。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.