Connect with us

Africa & Middle East

ဂါဇာအရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးအစည်းအဝေးကို ဂျော်ဒန်နိုင်ငံတွင် ကျင်းပ

ဂျော်ဒန်နိုင်ငံ ပင်လယ်သေကမ်းရိုးတန်းရှိ King Hussein Conference Center တွင် ဂါဇာအရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးအစည်းအဝေး၌ မိန့်ခွန်းပြောနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် (ရှေ့တန်း) ကို ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမ်မန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
ဂါဇာအရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးအစည်းအဝေးကို ဇွန် ၁၁ ရက်တွင် ဂျော်ဒန်နိုင်ငံရှိ King Hussein Conference Center ၌ ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးရည်ရွယ်ချက်မှာ နိုင်ငံတကာအသိုက်အဝန်းအကြား ပေါင်းစပ်ညှိနှိုင်းမှုကို အားကောင်းစေပြီး ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ထိထိရောက်ရောက် တုံ့ပြန်ရန် နည်းလမ်းများနှင့် လုပ်ငန်းစဉ်များကို ရှာဖွေရန် ဖြစ်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို ဂျော်ဒန်နိုင်ငံ၊ အီဂျစ်နိုင်ငံနှင့် ကုလသမဂ္ဂတို့ ပူးပေါင်းစီစဉ်ပြီး ဂျော်ဒန်နိုင်ငံ ဘုရင် အဗ္ဗဒူလာ-၂၊ အီဂျစ်သမ္မတ Abdel Fattah el-Sisi ၊ ပါလက်စတိုင်းသမ္မတ Abbas၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်တို့ အပါအဝင် နိုင်ငံအများအပြားမှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)


………………………………….
(Chinese Version)
加沙紧急人道主义应对会议在约旦举行
安曼,2024年6月12日
加沙紧急人道主义应对会议11日在约旦侯赛因国王会议中心召开,会议旨在加强国际社会协调,寻求有效应对加沙地带人道主义危机的机制和步骤。
会议由约旦、埃及和联合国联合举办,包括约旦国王阿卜杜拉二世、埃及总统塞西、巴勒斯坦总统阿巴斯、联合国秘书长古特雷斯、美国国务卿布林肯在内的多个国家的领导人或代表及国际组织负责人参会。
图说:6月11日,在位于约旦死海畔的约旦侯赛因国王会议中心,联合国秘书长古特雷斯(前)出席加沙紧急人道主义应对会议时发言。 新华社发(穆罕默德·阿布·古什摄)