Connect with us

Africa & Middle East

ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း ရွာနှစ်ရွာ တိုက်ခိုက်ခံရ၍ အရပ်သား ၅၀ ထက်မနည်း သေဆုံး

ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်းရှိ မြောက်ပိုင်း Kivu ပြည်နယ် Beni ဒေသတွင် တိုက်ခိုက်ခံခဲ့ရသည့် ရွာတစ်ရွာကို ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကင်ရှာဆာ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
မကြာသေးမီက ကွန်ဂိုနိုင်ငံ(DRC) အရှေ့ပိုင်း၊ မြောက်ပိုင်း Kivu ပြည်နယ်ရှိ ရွာနှစ်ရွာအား ယူဂန္ဓာ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင် “ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့”များက တိုက်ခိုက်ခဲ့ရာ အရပ်သား ၅၀ ထက်မနည်း သေဆုံးပြီး အခြား အရပ်သား အများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကွန်ဂိုမီဒီယာ၏ ဇွန် ၈ ရက် သတင်းဖော်ပြချက်အရ သိရသည်။မြောက်ပိုင်း Kivu ပြည်နယ် Beni ဒေသရှိ ရွာနှစ်ရွာကို “ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့”များက ဇွန် ၄ ရက် နှင့် ၇ ရက် နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး အရပ်သား ၅၀ ထက်မနည်း သေဆုံးကာ အခြား အရပ်သား အများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ လက်ရှိတွင် ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားများအခြေအနေကို မသိရသေးကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံ မီဒီယာများက ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)


………………………..
(Chinese Version)
刚果(金)东部两个村庄遭袭 至少50名平民丧生
金沙萨,2024年6月12日
据刚果(金)媒体8日报道,该国东部北基伍省两个村庄日前遭乌干达反政府武装“民主同盟军”袭击,造成至少50名平民丧生,另有不少平民被掳走。
当地媒体援引地方官员的话报道说,北基伍省贝尼地区的两个村庄分别在4日凌晨和7日凌晨遭“民主同盟军”袭击,至少50名平民死亡,大量平民被掳走,目前下落不明。
图说: 这是6月11日在刚果(金)东部北基伍省贝尼地区拍摄的遭到袭击的村庄。新华社发