Connect with us

Africa & Middle East

အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အား ကြားဝင်ညှိနှိုင်းပေးသူထံ တုံ့ပြန်မှုပေးခဲ့ဟု ဟားမက်စ်က ဆို

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Nuseirat ဒုက္ခသည်စခန်းတွင် လေကြောင်းတိုက်ခိုက်ခံရသည့် စာသင်ကျောင်းတစ်ခုအား ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ကြားဝင်ညှိနှိုင်းပေးသူများဖြစ်သည့် ကာတာနိုင်ငံနှင့် အီဂျစ်နိုင်ငံထံသို့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အပေါ် တုံ့ပြန်မှုပေးခဲ့ကြောင်း၊ ၎င်းမှာ ဂါဇာကမ်းမြောင်ဒသ၌ အစ္စရေး၏ ဆက်တိုက် ကျူးကျော်နေမှုကို ရပ်တန့်ရမည် ဖြစ်ပြီး ဂါဇာဒေသတစ်ခုလုံးမှ ထွက်ခွါရမည်ဖြစ်ကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်)နှင့် ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ် (PIJ) တို့က ဇွန် ၁၁ ရက်တွင် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အစ္စရေးဘက်က ဟားမက်စ်၏ အပစ်ရပ်ရေးအဆိုပြုချက် တုံ့ပြန်မှုကို ရရှိကြောင်း၊ သို့သော် ဟားမက်စ်က အဆိုပြုချက်ကို “ကြီးမားသည့်ပြင်ဆင်မှု” လုပ်ခဲ့ကြောင်း၊ ၎င်းမှာ အနုတ်သဘော သက်ရောက်မှုတစ်မျိုး ဖြစ်ကြောင်း အစ္စရေးမီဒီယာများက အစ္စရေး အဆင့်မြင့်အရာရှိတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ ဇွန် ၁၁ ရက် ညပိုင်းတွင် ဖော်ပြခဲ့သည်။ (Xinhua)
………………………
(Chinese Version)
新华简讯|哈马斯表示已向调解方提交对停火提议的回应
新华社加沙6月11日电 巴勒斯坦伊斯兰抵抗运动(哈马斯)与巴勒斯坦伊斯兰圣战组织(杰哈德)11日在一份联合声明中表示,已向调解方卡塔尔和埃及提交对停火提议的回应,以色列必须彻底停止对加沙地带的持续侵略,并从整个加沙地带撤出。
以色列媒体11日晚援引一名以色列高级官员的话说,以色列方面收到哈马斯有关停火提议的回应,但哈马斯对提议进行了“重大修改”,“这似乎是一种负面回应”。(完)
1. 这是6月6日在加沙地带中部努赛赖特难民营拍摄的遭空袭的学校。