Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံ နှစ် ၆၀ ပြည့် ဖွင့်ပွဲအခမ်းအနားတွင် ဗီဒီယိုမိန့်ခွန်းပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံ (UNCTAD) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် ဖွင့်ပွဲအခမ်းအနားတွင် ဗီဒီယိုမိန့်ခွန်းပြောကြားနေသည်ကို ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇွန် ၁၂ ရက်က ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံ (UNCTAD) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် ဖွင့်ပွဲအခမ်းအနားတွင် ဗီဒီယိုမိန့်ခွန်းပြောကြားခဲ့သည်။

သမ္မတရှီက ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံ (UNCTAD) တည်ထောင်သည့် နှစ်ပေါင်း ၆၀ ကာလအတွင်း ဘုံချမ်းသာကြွယ်ဝရေးကို လက်ကိုင်ထား၍ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု (South-South Cooperation) ၌ တက်ကြွစွာ မြှင့်တင်ဆောင်ရွက်ခဲ့သလို ၊ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းနိုင်ငံများ တွေ့ဆုံဆွေးနွေးရေးကို ရှေ့ဆောင်အဆိုပြုခဲ့ပြီး နိုင်ငံတကာ စီးပွားရေးစနစ်သစ် တည်ဆောက်ရေးကို တွန်းအားပေးခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အကျိုးကိုထမ်းဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ရှိကမ္ဘာသည် နှစ် ၁၀၀ အပြောင်းအလဲများ အရှိန်အဟုန်မပြတ်ဖြစ်ပွားလျက်ရှိရာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးမှာ စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရကြောင်း၊ မိမိတို့သည် သမိုင်းနှင့် ပြည်သူအပေါ် တာဝန်ယူမှုဖြင့် မှန်ကန်သည့်လမ်းကြောင်းကို ချိန်ဆပြီး လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်းကို လက်တွဲအတူ တည်ဆောက်ရမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)

……………………
(Chinese Version)
习近平向联合国贸易和发展会议成立60周年庆祝活动开幕式发表视频致辞
新华社北京6月12日电 6月12日,国家主席习近平向联合国贸易和发展会议成立60周年庆祝活动开幕式发表视频致辞。
习近平指出,联合国贸易和发展会议成立60年来,秉持共同繁荣的宗旨,积极促进南南合作,倡导南北对话,推动构建国际经济新秩序,为全球贸易和发展作出了重要贡献。当前,世界百年变局加速演进,和平和发展面临新的挑战。我们要以对历史和人民负责的态度,把准正确方向,携手构建人类命运共同体。
1. 6月12日,国家主席习近平向联合国贸易和发展会议成立60周年庆祝活动开幕式发表视频致辞。新华社记者 李学仁 摄