Connect with us

Africa & Middle East

တောင်အာဖရိကနိုင်ငံတွင် မျောက်ကျောက်ရောဂါဖြင့် ပထမဆုံး သေဆုံးသူ ရှိကြောင်း အတည်ပြု

ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
တောင်အာဖရိကနိုင်ငံတွင် ပြီးခဲ့သည့်လအတွင်း မျောက်ကျောက်ရောဂါ အတည်ပြုလူနာ ၅ ဦးရှိကြောင်း၊ ၎င်းအနက် ၁ ဦးသည် ဇွန် ၁၀ ရက်က သေဆုံးခဲ့ပြီး တောင်အာဖရိကတွင် မျောက်ကျောက်ရောဂါဖြင့် ပထမဆုံး သေဆုံးမှုဖြစ်ကြောင်း တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက်၌ ကြေညာခဲ့သည်။
အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် Tembisa ဆေးရုံတွင် သေဆုံးခဲ့ကြောင်း၊ ၎င်းမှာ တောင်အာဖရိကတွင် လွန်ခဲ့သည့်လက အတည်ပြုလူနာ ၅ ဦးအနက် ၁ ဦးဖြစ်ကြောင်း၊ အတည်ပြုလူနာ ၅ ဦးလုံးမှာ အသက် ၃၀ မှ ၃၉ နှစ်ကြား အမျိုးသားများဖြစ်ပြီး မကြာသေးမီအတွင်း မျောက်ကျောက်ရောဂါ ဖြစ်ပွားဖူးသော နိုင်ငံများသို့ သွားရောက်သည့် ခရီးသွားရာဇဝင် မရှိခဲ့သောကြောင့် ယင်းမျောက်ကျောက်ရောဂါသည် တောင်အာဖရိက ပြည်တွင်း ကူးစက်မှုဖြစ်ကြောင်း ဖော်ပြနေသည်ဟု တောင်အာဖရိက ကျန်းမာရေးဝန်ကြီး Joe Phaahla က ယင်းနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………
(Chinese Version)
南非确认本国首例猴痘死亡病例
新华社北京6月13日电 南非卫生部12日通报,过去一个月内,南非已确诊5例猴痘病例,其中一人10日死亡,是南非首例有记录的猴痘死亡病例。
南非卫生部长乔·法赫拉当天在新闻发布会上说,一名37岁男子10日在滕比萨医院去世,这是南非1个月来确诊的5例猴痘病例之一;5例均为30岁至39岁男性,都没有近期前往涉猴痘疫情国家的旅行史,这表明猴痘在南非当地传播。