Connect with us

Europe

အမေရိကန် ဒေါ်လာ၊ ယူရိုငွေဖြင့် အရောင်းအဝယ်ပြုလုပ်မှုကို ရပ်ဆိုင်းသွားမည်ဟု မော်စကို စတော့ခ်အိတ်ချိန်းက ကြေညာ

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်အား ၂၀၂၄ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စိန့်ပီတာဘာ့ခ်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကို စတော့ခ်အိတ်ချိန်းက ဇွန် ၁၃ ရက်မှ စ၍ အမေရိကန် ဒေါ်လာ၊ ယူရိုငွေဖြင့် အရောင်းအဝယ်ပြုလုပ်တော့မည်မဟုတ်ဟု ဇွန် ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မော်စကိုစတော့ခ်အိတ်ချိန်းအပေါ် အမေရိကန်နိုင်ငံက ကန့်သတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် မော်စကိုစတော့ခ်အိတ်ချိန်းအနေဖြင့် ဇွန် ၁၃ ရက်မှစ၍ အမေရိကန် ဒေါ်လာ၊ ယူရိုငွေကို အသုံးပြု၍ နိုင်ငံခြားငွေလဲလှယ်ခြင်းနှင့် အဖိုးတန် သတ္တု အရောင်းအဝယ်လုပ်ခြင်း ပြုလုပ်တော့မည် မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် စတော့ခ်နှင့် ငွေကြေးဈေးကွက်၊ Standardised derivatives markets တို့တွင်လည်း အမေရိကန် ဒေါ်လာ၊ ယူရိုငွေဖြင့် စာရင်းရှင်းတမ်းပြုလုပ်သည့် Financial tools များကို အသုံးပြု၍ အရောင်းအဝယ် ပြုလုပ်တော့မည် မဟုတ်ကြောင်း ဖော်ပြထားသည်။ (Xinhua)
……………………….
(Chinese Version)
莫斯科证券交易所宣布停止使用美元和欧元交易
新华社圣彼得堡6月12日电(记者安晓萌)俄罗斯莫斯科证券交易所12日发布公告,宣布次日起不再使用美元和欧元进行交易。
公告说,由于美国对莫斯科证券交易所采取限制措施,莫斯科证券交易所自6月13日起将不再使用美元和欧元进行外汇和贵金属交易。此外,在股票和货币市场以及标准化金融衍生工具市场,也不再使用以美元和欧元结算的金融工具进行交易。
1. 这是5月11日在俄罗斯首都莫斯科拍摄的克里姆林宫。新华社发(亚历山大摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.