Connect with us

Europe

ရုရှား ရေတပ် သင်္ဘောများ ကျူးဘားနိုင်ငံသို့ အလည်အပတ် ရောက်ရှိ

ကျူးဘားနိုင်ငံ ဟာဗားနားဆိပ်ကမ်းတွင် ရုရှား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော"ကာဇန်"အား ၂၀၂၄ ခုနှစ် ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မြောက်ပိုင်း ရေတပ်သင်္ဘောအုပ်စုသည် ဒေသစံတော်ချိန် ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ကျူးဘားနိုင်ငံ ဟာဗားနားဆိပ်ကမ်းသို့ ရောက်ရှိပြီး ၆ ရက်ကြာ အလည်အပတ် ခရီးစဉ် စတင်ခဲ့သည်။
ရုရှား ရေတပ် သင်္ဘောအုပ်စုတွင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော”ကာဇန်” ၊ ဖရီးဂိတ်သင်္ဘော “Admiral Gorshkov” ၊ ရေနံတင်သင်္ဘော “Pashin” နှင့် ဆွဲသင်္ဘော ” Nikolay Chicker” တို့ ပါဝင်ကြောင်း၊ သင်္ဘောများ ဆိပ်ကမ်းသို့ ဝင်ရောက်စဉ်တွင် ရုရှားရေတပ်နှင့် ကျူးဘားတပ်တို့က အမြောက်များပစ်ဖောက်၍ အပြန်အလှန် ကြိုဆို ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
ရုရှား ရေတပ်သင်္ဘောများ၏ ယခုအကြိမ်လည်ပတ်မှုသည် နှစ်နိုင်ငံ သမိုင်းအစဉ်အလာချစ်ကြည်ရေးနှင့် ကိုက်ညီပြီး နိုင်ငံတကာ သတ်မှတ်ချက်များကို တင်းကျပ်စွာ လေးစားလိုက်နာမှုရှိကြောင်း၊ သင်္ဘောအားလုံးတွင် နျူကလီးယားလက်နက် တင်ဆောင်ခြင်းမရှိသလို ကျူးဘား၌ ခေတ္တ ရပ်နားခြင်းသည် ဒေသတွင်းအတွက် ခြိမ်းခြောက်မှု ဖြစ်စေမည်မဟုတ်ကြောင်း ကျူးဘားတော်လှန်ရေး လက်နက်ကိုင်အင်အားစုဝန်ကြီးဌာနက ယခုလ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ရုရှားရေတပ် ကျူးဘား အလည်အပတ်ခရီးစဉ်ကာလတွင် ကျူးဘားတော်လှန်ရေး ရေတပ် ဦးစီးချုပ်နှင့် ဟာဗားနားပြည်နယ် အုပ်ချုပ်ရေးမှူးတို့ကို ဂါရဝပြုတွေ့ဆုံမည် ဖြစ်ပြီး ယင်းဒေသရှိ နာမည်ကျော် သမိုင်းယဉ်ကျေးမှုအမွေအနှစ်နေရာများသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာတွင် ရုရှားရေတပ်သည် ပထမဆုံးအကြိမ်အဖြစ် ကျူးဘားနိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
俄罗斯海军舰艇编队访问古巴
新华社哈瓦那6月12日电(记者林朝晖 李子健)俄罗斯北方舰队一支编队当地时间12日早晨抵达古巴哈瓦那港,开启为期6天的访问。
俄舰艇编队包括“喀山”号核潜艇、“戈尔什科夫海军元帅”号护卫舰、“帕申”号舰队油轮和“尼古拉·奇克尔”号打捞拖船。舰队入港时,俄军舰和古巴军队鸣响礼炮,互致问候。
古巴革命武装力量部本月6日发布公告说,俄舰艇编队此次访古符合两国历史友好关系,并严格遵守有关国际规定,所有舰艇均未携带核武器,在古巴停留不会对地区构成威胁。俄海军访古期间,将拜会古巴革命海军司令和哈瓦那省省长,并游览当地历史文化名胜。
2008年12月,俄罗斯军舰首次访问古巴。
1. 这是6月12日在古巴哈瓦那港拍摄的俄罗斯“喀山”号核潜艇。