Connect with us

Europe

G7 ထိပ်သီးအစည်းအဝေးကို ကန့်ကွက်ဆန္ဒပြသံများကြားတွင် ဖွင့်လှစ်

အီတလီနိုင်ငံ တောင်ပိုင်း ပတ်လီယာဒေသကြီး ဖာစနိုမြို့တွင် Skydiving ဖျော်ဖြေပွဲကို ကြည့်ရှုနေကြသော G7 အစည်းအဝေးသို့ တက်ရောက်ကြသည့် နိုင်ငံခေါင်းဆောင်များကို ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖာစနို၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

G7 ထိပ်သီးအစည်းအဝေးကို အီတလီနိုင်ငံ တောင်ပိုင်း ပတ်လီယာဒေသကြီး ဖာစနိုမြို့တွင် ဇွန် ၁၃ ရက်က ဖွင့်လှစ်ခဲ့ကြောင်း၊ ထိုနေ့တွင် အခမ်းအနားအနီးတစ်ဝိုက်၌ ဆန္ဒပြပွဲများစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခုအကြိမ် ထိပ်သီးအစည်းအဝေးတွင် ရုရှား-ယူကရိန်း ပဋိပက္ခ၊ ဂါဇာကမ်းမြောင်အခြေအနေ၊ ရာသီဥတုပြောင်းလဲမှုနှင့် ဉာဏ်ရည်တု (AI) စသည့် ကဏ္ဍများကို အဓိက ဆွေးနွေးခဲ့ကြောင်း၊ G7 ၏ ခေါင်းဆောင်များအပြင် နိုင်ငံ နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၁၀ ခုကျော်မှ ခေါင်းဆောင်များသည်လည်း ဖိတ်ကြားချက်အရ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း၊ ထိုနေ့တွင် ဆန္ဒပြသူအများအပြားသည် ထိပ်သီးအစည်းအဝေးပွဲကျင်းပရာနေရာမှ ၆၀ ကီလိုမီတာအကွာရှိ Brindisi မြို့ တွင် စုဝေးကာ G7 ကို ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ ကိုင်တွယ်ဖြေရှင်းရာတွင် လက်တွေ့တိကျသောအစီအမံများ မလုပ်ဆောင်သည့်အတွက် ဝေဖန်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………………………………..
(Chinese Version)
七国集团峰会在抗议声中开幕
法萨诺(意大利),2024年6月14日
七国集团峰会13日在意大利南部普利亚大区法萨诺市开幕。会场周边地区当天举行多场抗议活动。
此次峰会主要围绕俄乌冲突、加沙局势及气候变化和人工智能等议题进行讨论。除七国集团领导人外,另有十余个国家和国际组织的领导人应邀与会。当天,大批抗议者聚集在距峰会会场60公里的布林迪西市,抨击七国集团没有采取切实措施应对全球性挑战。
图说: 6月13日,在意大利南部普利亚大区法萨诺市,七国集团与会领导人观看高空跳伞表演。

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.