Connect with us

Africa & Middle East

ပါလက်စတိုင်းရှိ ထိခိုက်ဒဏ်ရာရ ကလေးငယ်များကို ကိုလံဘီယာနိုင်ငံက လက်ခံကုသပေးမည်

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့ရှိ ဆေးရုံတစ်ခုမှ ဒဏ်ရာရကလေးငယ်တစ်ဦးအား ရွှေ့ပြောင်းပေးနေသော ဆေးကုသရေးဝန်ထမ်းများကို မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
လက်ရှိ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွင် ထိခိုက်ဒဏ်ရာရရှိသော ပါလက်စတိုင်း ကလေးငယ်များအား လက်ခံထား၍ ၎င်းတို့အတွက် အခမဲ့ ဆေးကုသမှု ပေးသွားမည် ဖြစ်ကြောင်း ကိုလံဘီယာနိုင်ငံ အရာရှိများက ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ကိုလံဘီယာနိုင်ငံခြားရေးဌာနမှ နိုင်ငံပေါင်းစုံရေးရာ ဒုတိယဝန်ကြီး အဲလိဇဘက် တေလာ ဂျေ က သမ္မတ Gustavo Petro Urrego နှင့်အတူ ဆွီဒင်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ချိန်တွင် ယင်းဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ပါလက်စတိုင်းကလေးငယ်များသည် ၎င်းတို့၏ မိသားစုများနှင့်အတူ ကိုလံဘီယာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ဆေးရုံတစ်ခုက ဆေးကုသမှုပေးမည်ဖြစ်ကြောင်း တေလာက ပြောကြားခဲ့သည်။ (Xinhua)
………………………………………..

(Chinese Version)
哥伦比亚将收治巴勒斯坦受伤儿童
新华社北京6月14日电 哥伦比亚官员13日说,哥伦比亚将接收一批在本轮巴以冲突中受伤的巴勒斯坦儿童,为他们提供免费治疗。
哥伦比亚外交部分管多边事务的副部长伊丽莎白·泰勒·杰伊在陪同总统古斯塔沃·佩特罗·乌雷戈出访瑞典时宣布这一决定。泰勒说,这些巴勒斯坦儿童将在家人陪伴下来哥伦比亚,一家军事医院将为他们治伤。
图说:5月8日,医护人员在加沙地带南部城市拉法一处医院转移受伤的儿童。新华社发(里泽克·阿卜杜勒贾瓦德摄)