Connect with us

China

ကုလသမဂ္ဂ အာဖဂန်နစ္စတန်အရေး အစည်းအဝေးသို့ တက်ရောက်မည်ဟု အာဖဂန် ယာယီအစိုးရ ကြေညာ

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Ghor ပြည်နယ်တွင် ရေဘေးအပြီး ကုန်ပစ္စည်းများအား ရှင်းလင်းနေသည်ကို ၂၀၂၄ ခုနှစ် မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပသော ကုလသမဂ္ဂ အာဖဂန်နစ္စတန်အရေး အစည်းအဝေး တက်ရောက်ရန် အာဖဂန်နစ္စတန်ယာယီအစိုးရ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမည် ဖြစ်ကြောင်း အာဖဂန်နစ္စတန်ယာယီအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mujahid က ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
အစည်းအဝေးသည် အဓိကအားဖြင့် အာဖဂန် ပြည်သူလူထုထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးရေးနှင့် အာဖဂန်အတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖန်တီးရေး စသည့် ကဏ္ဍများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဤအစည်းအဝေးသည် အာဖဂန်နစ္စတန် အကြီးဆုံး အကျိုးစီးပွားနှင့်ကိုက်ညီသည်ဟု အာဖဂန် ယာယီအစိုးရက သုံးသပ်ပါကြောင်း Mujahid က ယင်းနေ့ ဒေသခံမီဒီယာများ၏ မေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ယခုအကြိမ် ကုလသမဂ္ဂ အာဖဂန်နစ္စတန်အရေး အစည်းအဝေးကို ဇွန် ၃၀ ရက်မှ ဇူလိုင် ၁ ရက်အထိ ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ထိုမတိုင်မီက ကုလသမဂ္ဂ အာဖဂန်နစ္စတန်အရေး အစည်းအဝေးကို ၂၀၂၃ ခုနှစ် မေလနှင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလများတွင် ဒိုဟာမြို့၌ ကျင်းပခဲ့သော်လည်း အာဖဂန် ယာယီအစိုးရက ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခြင်း မရှိခဲ့ကြောင်း သိရသည်။ (Xinhua)
……………………..
(Chinese Version)
阿富汗临时政府宣布将出席联合国阿富汗问题会议
新华社喀布尔6月16日电(记者邹学冕 赵家淞)阿富汗临时政府发言人穆贾希德16日说,阿临时政府将派出代表团参加即将在卡塔尔首都多哈举行的联合国阿富汗问题会议。
穆贾希德当天在接受当地媒体采访时表示,会议将重点讨论向阿民众提供人道主义援助以及在阿创造投资机会等议题。阿临时政府经评估认为,此次会议符合阿最大利益。
据悉,本次联合国阿富汗问题会议将于6月30日至7月1日在多哈举行。
此前,联合国阿富汗问题会议曾分别于2023年5月和2024年2月在多哈举行,阿富汗临时政府均未派代表与会。
1. 5月18日,在阿富汗西部古尔省首府菲罗兹山,居民整理被洪灾影响的货摊。