Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ၏ အိမ်ထောင်ပြုနိုင်သော လူဦးရေတွင် ကျား၊ မ အချိုးအစား ပြင်းထန်စွာ မညီမျှဖြစ်နေ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Gwanghwamun တွင် အလည်အပတ်ကြည့်ရှုသူများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ကျန်းမာရေးနှင့် လူမှုရေး သုတေသနဌာနမှ ထုတ်ပြန်သော အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ အိမ်ထောင်ပြုနိုင်သော လူဦးရေတွင် ကျား၊ မ အချိုးအစားမညီမျှမှု ပြင်းထန်ခဲ့ပြီး လက်မထပ်ရသေးသော အမျိုးသားဦးရေမှာ လက်မထပ်ရသေးသော အမျိုးသမီးများထက် ၁၉.၆ % ပိုများကြောင်း သိရသည်။
အစီရင်ခံစာအရ မြို့ပြများနှင့် နှိုင်းယှဉ်ပါက မြို့ပြမဟုတ်သော ဒေသများတွင် ကျား၊မ အချိုးအစားမညီမျှမှုသည် ပိုမိုပြင်းထန်ကြောင်း၊ ဆိုးလ်မြို့တွင် လက်မထပ်ရသေးသော အမျိုးသားဦးရေသည် လက်မထပ်ရသေးသော အမျိုးသမီးများထက် ၂.၅ ရာခိုင်နှုန်း ပိုများကြောင်း၊ သို့သော် Gyeongsangbuk-do ပြည်နယ်၊ Gyeongsang-nam do ပြည်နယ်နှင့် Chungcheong-buk do ပြည်နယ်တို့တွင် ၃၀ ရာခိုင်နှုန်း အထက်တွင်ရှိကြောင်း သိရသည်။ ၎င်း အိမ်ထောင်ပြုနိုင်သောလူဦးရေ၏ ကျား၊မ အချိုးအစားတွင် မညီမျှမှု အထူးဆိုးရွားသော ဒေသများတွင် တူညီသည့်အချက်တစ်ခုရှိကြောင်း၊ ယင်းမှာ ၁၉၈၀ ပြည်လွန်များနှင့် ၁၉၉၀ ပြည်လွန်များအတွင်းမွေးဖွားသော လူဦးရေ၏ ကျား၊ မ အချိုးအစားသည် အခြားဒေသများနှင့် နှိုင်းယှဉ်ပါက “အလွန်မညီမျှ”ဖြစ်နေကြောင်း အစီရင်ခံစာက ဖော်ပြနေသည်။ (Xinhua)

……………………….
(Chinese Version)
韩国适婚人口性别比例失衡严重
新华社北京6月17日电 韩国保健社会研究院17日发布的报告显示,2021年韩国适婚人口性别比例失衡情况较为严重,未婚男性人数比未婚女性多19.6%。
依据报告,相较于首都圈,非首都圈的性别比例失衡情况更为严重。在首尔,未婚男性比未婚女性多2.5%,但庆尚北道、庆尚南道和忠清北道对应的数字均在30%以上。报告指出,这些适婚人口性别比例失衡特别严重的地区有个共同点,即上世纪八九十年代出生的人口性别比例相较于韩国其他地区“非常不均衡”。
图说:2023年10月18日,游客在韩国首尔光化门参观。新华社记者王益亮摄