Connect with us

Africa & Middle East

ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂ်ျဘုရားဖူးဝတ်ပြုပွဲကာလတွင် တူနီးရှားနိုင်ငံသား ၃၅ ဦး သေဆုံးခဲ့ကြောင်း တူနီးရှားနိုင်ငံခြားရေးဌာနက ပြောကြား

တူနီးရှား၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂ်ျဘုရားဖူးဝတ်ပြုပွဲကာလတွင် တူနီးရှားနိုင်ငံသား ၃၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တူနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဟာ့ဂ်ျဘုရားဖူးဝတ်ပြုပွဲကာလသည် မက္ကာမြို့၌ အပူချိန် သိသိသာသာ မြင့်တက်ချိန်နှင့် ကြုံကြိုက်ရာ နိုင်ငံပေါင်းစုံမှ ဘုရားဖူး အများအပြားအနေဖြင့် ပူပြင်းသော နေရောင်အောက်တွင် အထွတ်အမြတ်ထားရာ နေရာသို့ ခရီးဝေး သွားခဲ့ကြရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆော်ဒီအာရေဗျနိုင်ငံရှိ တူနီးရှားသံတမန်ရေးရာဝန်ထမ်းနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် ဖျားနာပြီး ပျောက်ဆုံးနေသော တူနီးရှားနိုင်ငံသား အရေအတွက်အတိအကျကို ရရှိရန် မက္ကာဒေသရှိ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများသို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………………
(Chinese Version)
突尼斯外交部:35名突公民在沙特朝觐期间死亡
新华社突尼斯6月18日电 突尼斯外交部18日发表声明说,至少35名突尼斯公民在沙特阿拉伯朝觐期间死亡。
声明说,今年朝觐期间恰逢麦加气温急剧上升,大量不同国籍的朝觐者顶着烈日长途跋涉前往圣地。突尼斯驻沙特外交机构人员和医疗人员拟前往麦加地区的几家医疗机构,以确定突尼斯公民患病和失踪人员的确切人数。