Connect with us

Europe

ရုရှား၏ မဟာဗျူဟာ နျူကလီးယားအင်အားမှာ ဘက်စုံ တိုက်ပွဲဝင် အသင့်အနေအထား အမြဲရှိနေသည်ဟု ပူတင် ပြောကြား

ရုရှား သမ္မတ ပူတင် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် မျက်နှာစုံညီ အစည်းအဝေးတွင် အမှာစကားပြောကြားနေသည်ကို ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ရုရှား၏ မဟာဗျူဟာ နျူကလီးယားအင်အားမှာ ဘက်စုံ တိုက်ပွဲဝင် အသင့်အနေအထား အမြဲရှိနေသည်ဟု ရုရှားသမ္မတ ပူတင် က ဇွန် ၂၀ ရက် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် ရောက်ရှိနေစဉ် ရုရှားမီဒီယာများ၏မေးမြန်းမှုအပေါ် ပူတင်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်ဟု ရုရှားနိုင်ငံ ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

NATO အနေဖြင့် နျူကလီးယား ထိပ်ဖူးများကို တိုက်ခိုက်ရေးအသင့်အနေအထား တပ်ဆင်ရန် ဆွေးနွေးနေသည့်အပေါ် မေးမြန်းရာတွင် ပူတင်က ရုရှား၏ မဟာဗျူဟာ နျူကလီးယားအင်အားမှာ ဘက်စုံ တိုက်ပွဲဝင် အသင့်အနေအထားတွင် အမြဲရှိနေကြောင်း၊ တစ်ချိန်တည်းတွင်ပင် အနောက်နိုင်ငံများ၏ လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေရာ အနောက်နိုင်ငံများ ခြိမ်းခြောက်မှု ထပ်တိုးလာသည်နှင့်တစ်ပြိုင်နက်တည်း ရုရှားက “အထိုက်အလျောက် သင့်လျော်မှုရှိသည့် တုံ့ပြန်မှုများ” ပြန်လည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
普京:俄战略核力量始终处于全面战备状态
新华社莫斯科6月20日电(记者江宥林)俄罗斯总统普京20日在越南首都河内说,俄罗斯战略核力量始终处于全面战备状态。
据俄罗斯克里姆林宫网站发布的消息,普京在对越南进行国事访问期间回答俄罗斯媒体提问时作出上述表述。
在回答有关北约正在讨论将核弹头置于战备状态的问题时,普京表示,俄罗斯战略核力量始终处于全面战备状态。同时,俄方正密切关注西方国家的行动,一旦西方国家增加威胁,俄方将作出“相应适当反应”。
1. 6月7日,俄罗斯总统普京在圣彼得堡国际经济论坛全体会议上讲话。新华社记者白雪骐摄