Connect with us

Asia

၁၄၂ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ဝှမ်း တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်မှု အောင်မြင်စွာ ပြီးဆုံး

၁၄၂ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ဝှမ်း တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်မှုတွင် ပါဝင်လုပ်ဆောင်နေသော တရုတ်နိုင်ငံ တရားဥပဒေစိုးမိုးရေး ရေယာဉ်ကို တွေ့ရစဉ် (ဆင်ဟွာ)

ယူနန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တရားဥပဒေစိုးမိုးရေး ကင်းလှည့်ရေယာဉ်သည် ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟား၊ ကွမ်းလော်ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ပြီး ၁၄၂ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ဝှမ်း တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်မှု အောင်မြင်စွာ ပြီးဆုံးကြောင်း ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန သတင်းနှင့်ပြန်ကြားရေးရုံး၏ သတင်းများအရ သိရသည်။
ယခုအကြိမ် ကင်းလှည့်လှုပ်ရှားမှုသည် ၄ ရက် ၃ ည ကြာမြင့်ပြီး စုစုပေါင်း ပင်လယ်ရေကြောင်းခရီး ကီလိုမီတာ ၆၃၀ ကျော် ရှိခဲ့သည်။ လေးနိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနများသည် တရားဥပဒေစိုးမိုးရေး ရေယာဉ် ၇ စင်း နှင့် ဥပဒေစိုးမိုးရေးဝန်ထမ်း ၁၃၀ ကျော်ကို စေလွှတ်ခဲ့ပြီး နေရာအပိုင်းအခြားအလိုက်ကင်းလှည့်ခြင်းနှင့် နေရာစုံ တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်ခြင်းဖြင့် မဲခေါင်မြစ် “ရွှေတြိဂံ”၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံတို့၏ သက်ဆိုင်ရာရေပြင်များကို အဓိကထား၍ ကုန်း-ရေ နှစ်သွယ် ပူးပေါင်းကင်းလှည့်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(Chinese Version)
第142次中老缅泰湄公河联合巡逻执法行动圆满结束
记者从云南省公安厅新闻办获悉,21日,随着中方参巡执法艇靠泊云南省西双版纳傣族自治州景哈、关累码头,第142次中老缅泰湄公河联合巡逻执法行动圆满完成。
此次行动共历时4天3夜,总航程630余公里。四国执法部门共派出执法艇7艘,执法人员130余人,采取分段巡逻与全线联合巡逻执法方式,重点在湄公河“金三角”、缅甸相腊、老挝孟莫和班相果水域开展水、陆联合巡逻与查缉行动。
图说:参加第142次中老缅泰湄公河联合巡逻执法行动的中方执法艇在湄公河上巡逻执法。(云南省公安厅新闻办供图)