Connect with us

Africa & Middle East

လက်ဘနွန်-အစ္စရေး တင်းမာသည့်အခြေအနေ ဘက်စုံစစ်ပွဲသို့ ပြောင်းလဲသွားနိုင်မလား

လက်ဘနွန်နိုင်ငံ Yaron တွင် အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်မှုအပြီး မီးခိုးများ ပေါ်ထွက်လာသည်ကို ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်/ဘေရွတ်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် အစ္စရေးနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့အကြား အခြေအနေ တင်းမာမှုများ အရှိန်မြင့်တက်လာခဲ့သည်။ အစ္စရေးက ဇွန် ၂၀ ရက်တွင် လက်ဘနွန်နိုင်ငံ တောင်ပိုင်းကို တိုက်ခိုက်ခဲ့ရာ ဟစ်ဇ်ဘိုလာ တပ်မှူးတစ်ဦး သေဆုံး ခဲ့သလို ဟစ်ဇ်ဘိုလာကလည်း ချက်ချင်းဆိုသလို အစ္စရေးနိုင်ငံမြောက်ပိုင်းကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခဲ့ခြင်းကြောင့် နှစ်ဖက်အနေဖြင့် အပြန်အလှန်တိုက်ခိုက်မည့် အနေအထားကို ရောက်ရှိခဲ့ပေသည်။ ထိုမတိုင်မီ အစ္စရေး ကာကွယ်ရေးတပ်က ဇွန် ၁၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ လက်ဘနွန်တွင် စစ်ရေးလှုပ်ရှားမှု အစီအစဉ်ကို အစ္စရေးတပ်က ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပါ် ဟစ်ဇ်ဘိုလာဘက်က “ဘက်စုံထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်လာမည်” ဟု ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။သုံးသပ်သူများက ဂါဇာပဋိပက္ခ ဆက်လက်ဖြစ်ပွားနေသည့် အခြေအနေမျိုးမှာ အစ္စရေးနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့က လက်ရှိအနေဖြင့် အပြန်အလှန် ခြောက်လှန့်ခြင်း၊ နောက်ဆုံး သည်းခံနိုင်မှု အတိုင်းအတာကို စမ်းသပ်ခြင်းက ပိုများနေကြောင်း၊ သို့သော် လက်ဘနွန်-အစ္စရေး နယ်စပ် တင်းမာသည့်အခြေအနေ ဘက်စုံစစ်ပွဲသို့ မပြောင်းလဲနိုင်ဟု ဆို၍ မရကြောင်း၊ ၎င်းမှာ နှစ်ဖက် အထိနာမည် ဖြစ်သလို ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေးအတွက် အပြောင်းအလဲများစွာ ဖြစ်စေမည် ဖြစ်ကြောင်း ထောက်ပြကြသည်။

အခြေအနေတင်းမာမှုများ အရှိန်အဟုန်မြင့်တက်လာခြင်းနှင့် နှစ်ဖက် အပြန်အလှန် နောက်ဆုံးသည်းခံနိုင်သည့် အတိုင်းအတာကို စမ်းသပ်နေခြင်း

ပြီးခဲ့သည်နှစ် အောက်တိုဘာလတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသစ်တစ်ဖန် ဖြစ်ပွားလာသည့် အချိန်မှစ၍ လက်ဘနွန် ဟစ်ဇ်ဘိုလာတို့သည် ဒုံးကျည် စသည့် လက်နက်များနှင့် လက်ဘနွန်နိုင်ငံ တောင်ပိုင်းမှ အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ တိုက်ခိုက်ပြီး ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်)ကို ကူညီခဲ့ရာ အစ္စရေးတပ်များက လေကြောင်း၊ အမြောက်များဖြင့် ပြန်လည် လက်တုံ့ပြန်ခဲ့ကြပေသည်။ ယခုနှစ် မေလတွင် အစ္စရေးက ဂါဇာကမ်းမြောင် တောင်ပိုင်း ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်ပြီးနောက် ဟစ်ဇ်ဘိုလာ၏ တိုက်ခိုက်အရှိန်တိုးမြှင့်လာသလို အစ္စရေးကလည်း လက်ဘနွန်နိုင်ငံ တောင်ပိုင်း လေကြောင်းတိုက်ခိုက်အရှိန် မြှင့်တင်လိုက်ပြီး လက်ဘနွန်ကို အကြီးအကျယ်ထိုးစစ်ဆင်မည့် သတင်းစကားများ ယခုကာလများတွင် ဆက်တိုက် ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းတို့တွင် ဟစ်ဇ်ဘိုလာကို အကြီးအကျယ်ထိုးစစ်ဆင်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း အစ္စရေးတပ် မြောက်ပိုင်းစစ်ဌာနချုပ်က ဇွန် ၆ ရက်တွင် ကြေညာခဲ့ခြင်း၊ လက်ဘနွန်၌ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်မှုအစီအစဉ်ကို ခွင့်ပြုကြောင်း အစ္စရေးတပ်က ဇွန် ၁၈ ရက်တွင် ကြေညာခြင်းတို့ ပါဝင်ပေသည်။

ထိုအပေါ် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့ကလည်း အနည်းငယ်မျှ အလျှော့မပေးချေ။ အစ္စရေးနိုင်ငံ မြောက်ပိုင်း မြို့များကို ဒရုန်းဖြင့် ကင်းထောက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာတို့က ဇွန် ၁၈ ရက်တွင် ကြေညာပြီး သက်ဆိုင်ရာ ဗီဒီယိုများကို ထုတ်ဖော်ပြသခဲ့သည်။ ဟစ်ဇ်ဘိုလာအနေဖြင့် စစ်ရေးအခြေအနေများ ကျယ်ပြန့်ကြီးမားလာမည်ကို မလိုလားသော်လည်း အစ္စရေးက ဟစ်ဇ်ဘိုလာနှင့် စစ်ခင်းမည်ဆိုလျှင် ဟစ်ဇ်ဘိုလာအနေဖြင့် “အကန့်အသတ်မဲ့” တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Nasrallah က ဇွန် ၁၉ ရက်တွင် သတိပေး ပြောကြားခဲ့သည်။

သုံးသပ်သူအများစုက အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား အပြန်အလှန် အင်အားပြနေမှုက အခြေအနေတင်းမာမှုကို ပို၍ ဆိုးရွားလာစေသော်လည်း တိုက်ပွဲကျယ်ပြန့်လာမည်ကို အမှန်စင်စစ်တွင် မလိုလားကြဟု ယူဆပေသည်။ အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကရေးရာ သုံးသပ်သူ ရိုင်ရန်ဘိုးလ်က လက်ရှိ လက်ဘနွန်-အစ္စရေး အခြေအနေမှာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသစ် ဖြစ်ပွားသည့်အချိန်မှစ၍ “အန္တရာယ်အများဆုံးအဆင့်” ဖြစ်သော်လည်း နှစ်ဖက်အနေဖြင့် “ဘက်စုံ စစ်ပွဲ” ဖြစ်ပွားမည့် အခြေအနေ မရောက်သေးဟု ဆိုသည်။
နှစ်ဖက်စလုံးက တစ်ဖက်နှင့် တစ်ဖက် နောက်ဆုံး သည်းခံနိုင်မည့်အတိုင်းအတာကို အဆက်မပြတ် စမ်းသပ်နေကြသော်လည်း လက်ရှိအနေအထားအရ ကြည့်မည်ဆိုလျှင် ဘက်စုံစစ်ပွဲဖြစ်ပွားရန် မလိုလားကြကြောင်း New York Times သတင်းစာက အစ္စရေး အငြိမ်းစား ဗိုလ်မှူးချုပ် Assaf Orion ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

အစ္စရေးကို တိုက်ခိုက်မှုများ လက်ဘနွန် ဟစ်ဇ်ဘိုလာတို့ အရှိန်မြှင့်တင်နေခြင်းနှင့်စပ်လျဉ်းပြီး အစ္စရေး စစ်ထောက်လှမ်းရေးဌာန သုတေသန အကြီးအကဲ Yossi Kuperwasser က ၎င်းတို့၏ ရည်ရွယ်ချက် တစ်ချို့မှာ ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေး အစ္စရေးကို ဖိအားပေးရန်နှင့် ထိုမှတစ်ဆင့် ယင်းဒေသရှိ ဟားမက်စ်တို့၏ အင်အားကို ထိန်းထားပေးနိုင်ရန်အတွက် ဖြစ်သည်ဟု ယူဆသည်။
လက်ဘနွန်ကို အကြီးအကျယ် ထိုးစစ်ဆင်မည်ဟူသော သတင်းစကား အစ္စရေး အဆက်မပြတ် ဖော်ပြနေခြင်းနှင့်စပ်လျဉ်းပြီး လက်ဘနွန် မဟာဗျူဟာနှင့် ဆက်ဆံရေး သုတေသနဌာန ဌာနမှူး Imad Rizk က လက်ရှိ နိုင်ငံတကာမှာ ဂါဇာအပစ်ရပ်ရေး တိုက်တွန်းသံများ ဆူညံနေချိန်တွင် လက်ဘနွန်ကို စစ်တိုက်ခြင်းက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို နိုင်ငံရေး ဖိအား ဖြစ်စေလိမ့်မည် ဖြစ်ပြီး ၎င်းအနေဖြင့် စစ်ရေး ကျယ်ပြန့်အောင် ကြိုတင်ပြင်ဆင်ထားမှုမရှိသေးဘဲ နိုင်ငံရေးဟန်ပြလုပ်ချင်ခြင်းသာ ဖြစ်သည်ဟု ဆင်ဟွာကို ပြောကြားခဲ့သည်။ မည်သည့် စစ်ဆင်ရေးအစီအစဉ်မဆို နောက်ဆုံးတွင် အစ္စရေး အစိုးရ ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ရမည် ဖြစ်ပြီး စစ်ဆင်ရေးအစီအစဉ်ကို အစ္စရေးတပ် ခွင့်ပြုလိုက်ခြင်းက ချက်ချင်းထိုးစစ်ဆင်မည်ဟု မဆိုလိုဘဲ အစ္စရေးအနေဖြင့် အသင့်ပြင်ပြီးဖြစ်သည်ဟု ဟစ်ဇ်ဘိုလာကို သတိပေးခြင်းက ပိုများကြောင်း AP သတင်းဌာနက သုံးသပ်ထားပါသည်။

အန္တရာယ်များတိုးပွားလာမည် သို့မဟုတ် နှစ်ဖက်အထိနာလာနိုင်မည်

အစ္စရေးနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့၏ ပဋိပက္ခအရှိန်အဟုန် အဆက်မပြတ် မြင့်မားလာခြင်းနှင့်အတူ နယ်စပ်ဒေသရှိ နှစ်နိုင်ငံပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြသည့် ပမာဏ များပြားလာရာ လက်ရှိ အခြေအနေတင်းမာမှုများက အများစိုးရိမ်ထိတ်လန့်ဖွယ် ဖြစ်စေသည်။ နှစ်ဖက် ဘက်စုံ စစ်ပွဲ ပေါက်ကွဲ ဖြစ်ပွားလာမည်ဆိုလျှင် နှစ်ဖက်စလုံး အထိနာလိမ့်မည်ဟု အများက ယူဆကြသည်။

အစ္စရေးဘက်က ကြည့်မည်ဆိုလျှင် လက်ဘနွန် ဟစ်ဇ်ဘိုလာ၏အင်အားမှာ ဟားမက်စ်ထက် များစွာ သာလွန်ရာ ၎င်းကို အစ္စရေး အကြီးအကျယ် ထိုးစစ်ဆင်မည်ဆိုလျှင် တန်ပြန်တိုက်ခိုက်မှုခံရမှုများက အစ္စရေးကို ခံရခက်စေနိုင်ပေသည်။ အစ္စရေး စစ်ဗျူဟာမှူးဟောင်း Shlomo Brom က ဘက်စုံစစ်ပွဲ ပေါက်ကွဲဖြစ်ပွားလာလျှင် ဟစ်ဇ်ဘိုလာ၏ ဒုံးကျည်၊ ဒရုန်း စသည့် လက်နက်များက အစ္စရေး၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပြိုလဲအောင် ဖိအားပေးနိုင်စွမ်းရှိသည်ဟု ယူဆသည်။ အကယ်၍ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ စစ်ပွဲပေါက်ကွဲ ဖြစ်ပွားလာမည်ဆိုလျှင် အစ္စရေး စစ်ရေးနှင့် မြို့ပြအခြေခံအဆောက်အဦများ ကြီးမားစွာ ပျက်စီးဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း နှစ်လတစ်ကြိမ်ထုတ်ဝေသည့် အမေရိကန် နိုင်ငံခြားဆက်ဆံရေး မဂ္ဂဇင်းက ပြီးခဲ့သည့်လများတွင် အမေရိကန်၊အစ္စရေး ထောက်လှမ်းရေး ဌာနများ၏ သုံးသပ်ချက်၌ ဖော်ပြထားကြောင်း ရေးသားထားသည်။

ဟစ်ဇ်ဘိုလာဘက်က ကြည့်မည်ဆိုလျှင် စစ်ရေးမှာ ယုံကြည်ချက်အတိုင်းအတာတစ်ခုထိ ရှိနေသော်လည်း လက်ဘနွန်နိုင်ငံ၏ စီးပွားရေးက ဘက်စုံစစ်ပွဲ၏ ရိုက်ခတ်မှုဒဏ်ကို ခံရခက်ပေလိမ့်မည် ဖြစ်သည်။ လက်ဘနွန် စီးပွားရေးပညာရှင် Antoine Farah က လက်ဘနွန်နိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေမှာ နိမ့်ဆင်းနေရာ အကယ်၍ အစ္စရေးနှင့် ပဋိပက္ခ ဆိုးရွားလာမည်ဆိုလျှင် စီးပွားရေး တိုက်ရိုက် ထိခိုက် ဆုံးရှုံးမှုများ ဖြစ်မည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်း၊ ခရီးသွားကဏ္ဍ အထိနာခြင်း စသည့်တို့ကို ရင်ဆိုင်ရနိုင်ကြောင်း ထောက်ပြခဲ့ပါသည်။ လက်ဘနွန်အမေရိကန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံတွဲဖက်ပါမောက္ခ Imad Salamey ကလည်း ဘက်စုံစစ်ပွဲက ကျဉ်းထဲကျပ်ထဲကျနေသည့် ဤနိုင်ငံကို ပျက်သုဉ်းနိုင်သည့် ထိုးနက်မှု ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် လက်ဘနွန်-အစ္စရေး ဘက်စုံစစ်ပွဲ ပေါက်ကွဲ ဖြစ်ပွားလာပါက ဒေသတွင်းအခြေအနေအပေါ် အနုတ်လက္ခဏာ သက်ရောက်မှု မုချမသွေ ဖြစ်စေမည်ဖြစ်ပြီး ဂါဇာအပစ်ရပ်ရေး အကျပ်ရိုက်နေသည့် ဆွေးနွေးမှုအပေါ် ပြောင်းလဲမှု များစွာ ဖြစ်စေနိုင်ပေသည်။ သုံးသပ်သူများက အကယ်၍ အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ကို ထိုးစစ်ဆင်နေမည်ဆိုလျှင် ဟားမက်စ်အားပေး လက်ဘနွန် ဟစ်ဇ်ဘိုလာအနေဖြင့်လည်း အစ္စရေးအပေါ် တိုက်ခိုက်မှုများ ရပ်တန့်မည် မဟုတ်ကြောင်း၊ ဂါဇာအပစ်ရပ်ရေးကို ဖော်ဆောင်ခြင်းကသာ ဒေသတွင်းတင်းမာမှုများကို လျှော့ချနိုင်မည့် အခြေခံနည်းလမ်းဖြစ်ကြောင်း ထောက်ပြကြပေသည်။ (Xinhua)
———————————-

国际观察|黎以紧张局势会否滑向全面战争
新华社耶路撒冷/贝鲁特6月21日电 题:黎以紧张局势会否滑向全面战争
新华社记者王卓伦 谢昊 吕迎旭
近几日,以色列和黎巴嫩真主党之间的紧张局势快速升温。以色列20日对黎南部发动袭击,打死真主党一名指挥官,真主党随后向以北部发射火箭弹,双方剑拔弩张。此前,以色列国防军18日发表声明说,以军方已批准在黎巴嫩开展军事行动的计划。对此,真主党方面发出“将爆发全面冲突”的强烈警告。
分析人士指出,在加沙冲突延宕的背景下,以色列和黎巴嫩真主党目前更多是在相互威慑、互探底线。但不能排除黎以边境紧张局势滑向全面战争的可能,这不仅会让双方两败俱伤,也将给加沙地带停火止战带来更多变数。

局势升级 双方互探底线

自去年10月新一轮巴以冲突爆发以来,黎巴嫩真主党多次使用火箭弹等武器自黎南部向以色列北部发动袭击,以此声援巴勒斯坦伊斯兰抵抗运动(哈马斯),以军还以空袭和炮击。今年5月以军对加沙地带南部城市拉法发起地面进攻后,真主党袭击升级,以色列则加大向黎南部发动空袭的力度,并于近期接连释放将对黎发动大规模进攻的信号,包括以军北方司令部本月6日宣布完成对真主党发动大规模进攻的部署,以军18日宣布批准在黎巴嫩开展军事行动的计划。
黎巴嫩真主党对此毫不示弱。18日,真主党宣称其无人机侦察了以北部城市并展示了相关视频。19日,真主党领导人纳斯鲁拉警告,真主党不希望战事扩大,但如果以色列与真主党开战,真主党将“无限制地”战斗。
多名分析人士认为,以色列和真主党相互示强加剧了紧张局势,但并非真想大规模动武。中东和北非问题分析师瑞安·博尔表示,目前黎以局势处于新一轮巴以冲突以来的“最危险阶段”,但双方尚未到达“全面战争”的地步。美国《纽约时报》援引以色列退休准将阿萨夫·奥赖恩的话说,双方都在不断试探对方底线,但目前看来都不希望爆发全面战争。
关于黎巴嫩真主党升级对以色列的袭击,以色列军事情报部门前研究主管约西·库佩尔瓦塞尔认为,其部分目的是迫使以色列同意在加沙地带停火,从而保住哈马斯在当地的力量。
关于以色列为何不断释放将大规模进攻黎巴嫩的信号,黎战略与传播研究所所长伊马德·里兹克在接受新华社记者采访时说,当前国际上要求在加沙停火止战的呼声高涨,对黎巴嫩发动战争将给以色列总理内塔尼亚胡带来政治压力,他并没有做好扩大战事的准备,只是想制造政治声势。美联社分析认为,鉴于任何作战计划最终须经以色列政府领导层拍板,以军方批准作战计划并不意味着即刻发动进攻,更多是在警告真主党以方已做好准备。

风险增大 或致两败俱伤

随着以色列和黎巴嫩真主党的冲突不断升级,边境地区的两国居民已大量撤离,当前紧张局势引发广泛担忧。舆论认为,双方一旦爆发全面战争将导致两败俱伤。
从以色列方面看,黎巴嫩真主党实力远胜哈马斯,以军一旦对其发动大规模进攻,遭到的反击或将让以方难以承受。以色列前高级军事战略家什洛莫·布罗姆认为,一旦爆发全面战争,真主党的导弹、无人机等武器足以压垮以色列的反导防御系统。美国《外交》双月刊文章说,过去几个月,美以情报部门的几项评估表明,如果以色列与真主党爆发战争,以色列的军事和民用基础设施将遭受重大损失。
从真主党方面看,虽然其在军事上有一定底气,但黎巴嫩国家经济或难以承受全面战争的冲击。黎巴嫩经济学家安托万·法拉赫指出,该国目前经济低迷,如果同以色列冲突加剧,除遭受直接经济损失,还将面临外国投资撤出、旅游业受损等间接经济影响。黎巴嫩美国大学政治学副教授伊马德·萨拉米也表示,全面战争可能会使这个本已陷入困境的国家受到毁灭性打击。
此外,一旦黎以爆发全面战争,势必对地区局势造成负面冲击,给本已陷入僵局的加沙停火谈判带来更多变数。分析人士指出,只要以色列还在攻打加沙地带,声援哈马斯的黎巴嫩真主党就不会停止对以色列的袭击,实现加沙地带停火才是缓解地区紧张局势的根本途径。(完)

1. 这是6月19日在黎巴嫩亚龙拍摄的以军空袭后的浓烟。
2. 这是6月5日在以色列北部胡尔费什拍摄的以军人员。新华社发(阿亚尔·马戈林摄/基尼图片社)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.